ကမ္ဘောဒီးယား ပထမဆုံး ကားအမှတ်တံဆိပ် မော်ဒယ် ၅ မျိုး ထုတ်လုပ်မည်


ကမ္ဘောဒီးယား ပထမဆုံး ကားအမှတ်တံဆိပ် မော်ဒယ် ၅ မျိုး ထုတ်လုပ်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကမ္ဘောဒီးယားသည် ကိုယ်ပိုင်ကားအမှတ်တံဆိပ် GTV Motor ဖြင့်  ပြည်တွင်းဈေးကွက်အတွက်သာ ရည်ရွယ်ထားသည့် မော်ဒယ် ၅ မျိုး ထုတ်လုပ်မည်။

 

၂၀၂၂ ခုနှစ်တွင် ပန္နက်ချခဲ့သော ကားစက်ရုံသည် ယခုနှစ်တွင် အပြည့်အဝ လည်ပတ်မည် ဖြစ်သည်။

 

ထုတ်လုပ်ရန် ရည်ရွယ်ထားသည့် မော်ဒယ် ၅ မျိုးမှာ

• Krusar dual-cab ပစ်ကပ်

• Soben-P မီနီဗင်

• Kain SUV

• Caesar SUV

• Soben SUV

တို့ ဖြစ်ပါသည်။

မော်ဒယ်အားလုံး၏ မူရင်းမူလမှာ တရုတ်ကားလုပ်ငန်းများမှ ထုတ်လုပ်ထားသည့် ကားမော်ဒယ်များဖြစ်ပြီး GTV Motor တံဆိပ်တပ်၍ ထုတ်လုပ်ခြင်း ဖြစ်သည်။ 

 

GTV Motor ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘောဒီးယား တော်ဝင်မိသားစုက အစိုးရနှင့်အတူ ကျောထောက်နောက်ခံပြုပေးသည်။ Volkswagen က ထောက်ကူပေးသည်။ 

GTV Automotive Research Institute ဌာနခွဲများကို ဂျာမနီ၊ တရုတ်၊ ဂျပန်၊ စင်ကာပူတို့တွင် Volkswagen အကူအညီဖြင့် ထူထောင်ထားသည်။

 

 စက်ရုံအသစ်သည် အကျယ်အဝန်း စတုရန်းမီတာ ၁ သိန်းရှိပြီး တနှစ်လျှင် ကားအစီးရေ ၃ သောင်းခွဲအထိ ထုတ်လုပ်နိုင်သည်။ 

ဆောက်လုပ်မှု ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆ သန်းခန့်ဖြစ်သည်။

GTV Motor သည် ပို့ကုန်ကို ဦးစားပေးမည့်အစား ပြည်တွင်းဈေးကွက်၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် စူးစိုက်မည် ဖြစ်သည်။ ကမ္ဘောဒီးယား နိုင်ငံသားများ ကားအသစ် ဝယ်စီးရန်အတွက် လက်လှမ်းမီစေဖို့ ကားအသစ် ဈေးနှုန်းများ သက်သာစေရေးကို ရှေ့ရှုမည်။ 

.

ကမ္ဘောဒီးယား ကားအသစ်ဈေးကွက်တွင် ၂၀၁၆ ခုနှစ်တွင် အစီးရေ ၇,၀၀၀ ဝန်းကျင် ရောင်းချခဲ့သည်။ ယခုနှစ်တွင် အစီးရေ ၅ သောင်း ဝန်းကျင် ရောင်းချနိင်မည်ဟု ခန့်မှန်းထားသည်။

ဈေးကွက်ကို တိုယိုတာက ကြီးစိုးထားသော်လည်း ကမ္ဘောဒီးယားတွင် တိုယိုတာ ကားစက်ရုံ မရှိချေ။ ဖို့ဒ်နှင့် ဟွန်ဒိုင်းတို့၏ ကားစက်ရုံတို့သာ ရှိသည်။ 

ဒုတိယအရောင်းရဆုံးမီာ မစ်စူဘီရှီ ဖြစ်ပြီး တတိယအရောင်းရဆုံးမှာ တရုတ်မှ Changan ဖြစ်သည်။

 

ကမ္ဘောဒီးယားတွင် ရေပန်းအစားဆုံး ကားအမျိုးအစားမှာ SUV နှင့် မီနီဗင် ဖြစ်သည်။

 

Source motormoutharabia


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 876 times