ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များ COVID-19 ရောဂါကင်းရှင်းကြောင်း စစ်ဆေးရန် Call Center နံပါတ် သို့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးနှင့် လျှင်မြန်ချောမွေ့စွာ ပို့ဆောင်နိုင်ရေးတို့အတွက် ကုန်တင်ယာဉ် ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များ COVID-19 ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးရာတွင် လွယ်ကူအဆင်ပြေစွာဖြင့် ဆောင်ရွက်နိုင်ရန် Call Center ဖွင့်လှစ်ထားရှိထားကာ ကြိုတင်စာရင်းပေးသွင်းနိုင်ရေး စီစဉ်ထားကြောင်း သိရှိရပါသည်။
ကုန်တင်ယာဉ် ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များသည် ရန်ကုန်မြို့သို့ မထွက်ခွာမီနှင့် ရန်ကုန်မြို့သို့ မဝင်ရောက်မီ တစ်ရက်ကြိုတင်၍ Call Center သို့ ဖုန်းဖြင့်ဆက်သွယ်ကာကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များ သို့ရောက်ရှိသည်နှင့်တစ်ပြိုင်နက် အလွယ်တကူ စစ်ဆေးနိုင်မည်ဖြစ်ပါသည်။
ကြိုတင်စာရင်းပေးသွင်းနိုင်ရန် Call Center ဖုန်းနံပါတ် “2019” သို့ ခေါ်ဆိုပြီး လိုင်းခွဲ (၃) ကို နှိပ်ရပါမည်။ ဆေးစစ်မှုခံယူမည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ ကိုယ်ရေးအချက်အလက်များဖြစ်သော
၁။ အမည်
၂။ အသက်
၃။ ကျား/မ
၄။ ဖုန်းနံပါတ်
၅။ မှတ်ပုံတင်နံပါတ်
၆။ လိပ်စာ (လက်ရှိနေထိုင်သောလိပ်စာနှင့် အမြဲတမ်းနေထိုင်ရာလိပ်စာ)
၇။ ကားလိုင်စင်
၈။ ရန်ကုန်သို့ အဝင် (သို့မဟုတ်) အထွက် စသည်တို့ကို ပြည့်စုံစွာပေးပြီး ကြိုတင်စာရင်းပေးသွင်း (Booking) နိုင်မည်ဖြစ်ပါသည်။
Call Center ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်ချက်အရ ကုန်သည်စက်မှုအသင်းချုပ်၏ စီမံပံ့ပိုးမှုဖြင့် ၁၉.၁၀.၂၀၂၀ နေ့မှ စတင်၍ နေ့စဥ် နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ဖွင့်လှစ်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကုန်သည်စက်မှုအသင်းချုပ်