ဂီယာဘောက်စ် CVT အကြောင်း


ရည်ရွယ်တာက ကားအကြောင်း မသိသေးသူများကို ယျေဘုရ general လေးပဲ သိစေချင်တာပါ။ CVT ပါ။ 

Continuously Variable Transmission ပါ။ American က transmission လို့ခေါ်ပြီး British က gearbox လို့ခေါ်ပါတယ်။ အဓိက ရည်ရွယ်ချက်က ဆီစားသက်သာစေဖို့ပါ။ ၂ မျိုးရှိပါတယ်။  1. Van Doorne belt system နဲ့ 2. Torotrak system ပါ။

ပထမ တစ်ခုက 1955 မှာ Ford ကားတွေ စသုံးပါတယ်။ ပူလီဆိုရင်လူတိုင်းသိပါတယ်။ ဒီမှာ ပူလီက အတွင်းဘက်ကို စောင်းထားတဲ့ (cone) ကန်တော့ ၂ ခုကို ထိပ်အချွန်ချင်း ဆက်ထားသလို ပူလီပါ။ အဲ့ ပူလီမျိုး ၂ လုံးကို ရာဘာကြိုးနဲ့ ဆက်ထား ပါတယ်။ ကန်တော့ပူလီ ၁ လုံးကို အင်ဂျင်ကမောင်းပြီး နောက်တစ်လုံးကို ဆက်သွယ်ထားတဲ့ ရာဘာကြိုးက လည့်မောင်းပေးမှာပါ။ ပုံမှာကြည့်ပေးပါ။ ပုံမှန်အားဖြင့် မောင်းတဲ့ ကန်တော့ပူလီကို အကျဉ်း အကျယ် လုပ်ပေးပါတယ်။ ဂီယာအကြီးအသေးပြောင်းသလို ပူလီရဲ့ ကန်တော့ဇောင်း တလျှောက်ပြောင်းပေးတာပါ။

စာရေးသူတို့ ငယ်ငယ်ကခေတ်စားတဲ့ နောက်ဘီးမှာ ဂီယာအထပ်ထပ်တွေပါတဲ့ mountain စက်ဘီး လိုပါပဲ။ ရှေ့နောက် ဂီယာတွေရဲ့အချင်း (diameter) တွေပြောင်းလဲတာနဲ့ ဂုံးဆင်းဂုံးတက်နင်းရတာ အဆင်ပြေသွားတာပဲလေ။ CVT မှာလည်း အင်ဂျင်က မောင်းတဲ့ ပူလီအချင်းကို သေးထားပြီး Belt တွဲထားတဲ့ ပူလီအချင်းကိုကြီးပေးလိုက်ရင် low gear ratio ရပါတယ်။ CVT ဆိုတဲ့နာမယ်နဲ့ လိုက်တာကတော့ manual တို့ AT တို့မှာလို အဆင့်ဆင့်ပြောင်းလဲ ဲသွားတာမဟုတ်ဘဲ အဆက်မပြတ်နိမ့်မြင့်သွားပါတယ်။ CVT တွေစပြီး ပေါ်စဉ်က လူတွေကြောက်ကျပါတယ်။

လီဗာကို ဆောင့်နင်းမိရင် AT မှာ ဂီယာမချိန်းတဲ့ အသံမျိုးနဲ့ manual မှာ clutch ချော်သလိုအသံမျိုး ထွက်လို့ပါ။ CVT မှာတော့ အာ့ normal အသံပါ။ CVT ဟာ အင်ဂျင် Speed ကိုလိုက်ပြီး gear ratio တွေကိုအဆက်မပြတ်ပြောင်းလဲပေးနေတဲ့အတွက် AT မှာလို လမ်းအနေအထားကိုလိုက်ပြီး ဂီယာ 1 2 3 4 အဆင့်ဆင့်ပြောင်းပေးခြင်းထက် ဆီစားပိုသက်သာ စေတာပါ။ CVT နဲ့မောင်းတာဟာ ၁ ကနေ ၁၀ ကို အစဉ်လိုက်ဆိုသလိုဖြစ်နေပြီး AT တို့ Manual တို့မှာတော့ ၂ ၄ ၆ ၈ ၁၀ ကျော်ပြီးဆိုသလိုပါပဲ။ အဲ့တော့ CVT မောင်းနေမကျတဲ့ driver အနေနဲ့ အရှိန်တင်ရင် ချက်ချင်းတက်မလာသလို ခံစားရမှာပါ။ နောက်ပိုင်းမှာတော့ CVT gear တွေကို manual သဖွယ်ခံစားရအောင် paddle shifter တွေနဲ့ program ထည့်ပြီး တိုးတက်ပြောင်းလဲလာပါတယ်။

CVT တွေကို စသုံးတုန်းကတော့ အင်ဂျင်ပါဝါ အသေးတွေမှာပဲ သုံးလို့ရခဲ့ပါတယ်။ 1989 လောက်မှာ ရာဘာ belt ကြိုးနေရာမှာ ပိုမိုခိုင်မာတဲ့ စတီးပြားတွေထည့်သုံးလာပါတယ်။ CVT ကို ရှေ့ယက် FWD ကားတွေမှာအသုံးများပါတယ်။ အချိတ်အဆက်အနေနဲ့ အင်ဂျင် ကရိုင်းရှဖ် ကနေ ဂြိုလ် ဂီယာ (planetary gear) (ဘက်ဂီယာအတွက်ပါ) ကိုဖြတ်မယ်။ drive ကန်တော့ပူလီရောက်မယ်။ belt က တဆင့် နောက်ပူလီကိုမောင်းမယ်။ ရှေ့ဘီး differential ကိုမောင်းပါမယ်။

အလွယ်ပြောရင် (( အင်ဂျင်--ပထမပူလီ--ဒုတိယပူလီ--ဘီး )) ပါပဲ။ ဂီယာတွေအများဂျီးမသုံးဘဲ ပူလီ၂ လုံးပဲ အတိုးအလျော့လုပ်ပေးတာလို့အလွယ်မှတ်နိုင်ပါတယ်။ အားသာချက်တွေကတော့ ဆီစားသက်သာတယ်။ အထမြန်တယ်။ ဂီယာချိန်းတာ ချောမွေ့တယ်။ ဂီယာအချိုးဟာ အင်ဂျင်speed နဲ့ အမြဲမှန်ကန် နေမယ်။ Advanced CVT တွေမှာ friction ပိုလျော့လာပြီး gear ratio အရမ်းကျယ်လာပါတယ်။ ယခင် CVT fluid တွေထက် စေးပြစ်မှုလျော့တဲ့ fluid တွေ သုံးလာနိုင်တယ်။

cvt fluid pump တွေပါ ထည့်လာပါတယ်။ ဒါပေမယ့်လည်း တစ်ခုက AT (auto transmission) မှာ လိုပဲ သပိတ်လုံး (torque converter) ကိုသုံးပါတယ်။ fluid coupling ဖြစ်လို့ အရင်လိုပဲ losses တွေကတော့ CVT ရဲ့ကောင်းကျိုးကို နည်းနည်းထိခိုက်မှာပါ။ ထိမ်းချုပ်မှုကတော့ ဟိုက်ဒရောလဒ် hydraulic control ပါ။ engine speed, gear shift, accelerator position စတဲ့ sensor တွေ အကူအညီနဲ့ ပူလီတွေရဲ့speed ကိုညှိပြီး ဂီယာအချိုးပြောင်းပေးမှာပါ။

နောက်ပိုင်းမှာတော့ electronic control ဖြစ်လာပါတယ်။ ပိုရှုတ်ထွေးပေမယ့် ပိုတိကျလာတယ်ပေါ့။ အဲ့မှာ Sport mode တို့ eco mode တို့ ပေါ်လာတာပါ။ ရီစရာလိုဖြစ်နေတာက manual gear စနစ်တွေကနေ autogear အဆင့်ဆင့် တီထွင်လာခဲ့ရာက manual gear စနစ်လိုပြန်ဖြစ်လာတာပါပဲ။ ဂီယာထိုးရတာနဲ့ ခလုတ်တွေနှိပ်ရတာပဲကွာပါတော့တယ်။ (စကားအဖြစ်ပြောတာပါ)  နောက်တစ်မျိုးကတော့ Torotrak CVT ပါ။ 1930 လောက်ကနေစသုံးလာတာပါ။ Variator ဆိုတဲ့ variable speed ကိုပေးနိုင်တဲ့ အရာကို ပြောင်းသုံးထားပါတယ်။

သူ့မှာ disc ၃ ပြားနဲ့ roller တွေပါပါတယ်။ သု့ချည်းပဲသုံးလို့ မရလို့ epicyclic gearbox နဲ့တွဲသုံးရပါတယ်။ ကလက်ရှက် (clutch) မပါလို့မရတဲ့အနေအထားကြောင့် clutch တွေထည့်သုံးရပါတယ်။

Source: Lin Htet (Engineering Explained)


 

Read 2995 times