ကားစီးရေ ၄ သိန်း ထုတ်လုပ်ပေးရန် BYD အလုပ်အကြွေးတင်နေ


ကားစီးရေ ၄ သိန်း ထုတ်လုပ်ပေးရန် BYD အလုပ်အကြွေးတင်နေ

၂၀၂၂ တွင် ကားစီးရေ ၁.၅ သန်း ရောင်းချရန် တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း BYD (Build Your Dream) က လျာထားပြီး ထုတ်လုပ်မှုအတွက် ပစ္စည်းပေးသွင်းကွင်းဆက် ကောင်းမွန်သော အခြေအနေ ပေးပါက ၂ သန်းအထိ ရောင်းချရန် ရည်မှန်းထားသော်လည်း လေ‌ာလောဆယ်တွင် ကြိုတင်အမှာစာ ရယူထားပြီးဖြစ်သော စီး ၄၀၀,၀၀၀ ကို ထုတ်လုပ်ပေးရန် အလုပ်အကြွေးတင်နေပါတယ်။ တစ်လထက်တစ်လ အလုပ်အကြွေးတင်တဲ့စီးရေ ပိုများလာနေဆဲ ဖြစ်ပါတယ်။

BYD Han series 

BYD ရဲ့ Han DM-i  မော်ဒယ်က စတင်ရောင်းချစဉ်ကစလို့ ရောင်းအား အထူးတလည် ကောင်းနေတာ ယခုအထိ ဖြစ်ပါတယ်။ Han series မော်ဒယ်များ တစ်လလျှင် စီးရေ ၃၀,၀၀၀ ကျော် ရောင်းရဖို့ မျှော်လင့်ထားတယ်လို့ ရင်းနှီးမြှုပ်နှံသူများအတွက် သီးသန် ထုတ်ပြန်ပေးတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 ကုန်ကြမ်းပစ္စည်းများ ဈေးတက်တာ လေ‌ာလောဆယ်မှာ နှေးသွားကြောင်း၊ လစ်သီယမ်ကာဘွန်နိတ် လက်ရှိဈေးနှုန်းရေချိန်က ယခုအတိုင်း ဆက်ရှိနေမယ် ဆိုရင် စွမ်းအင်သစ် မော်တော်ယာဉ် new energy vehicle (NEV) ရောင်းအားအပေါ် ယခုနှစ်မှာ သက်ရောက်မှု သိပ်မရှိကြောင်း ဖော်ပြထားပါတယ်။

တရုတ်ပြည်တွင်းဈေးကွက်မှာ NEV ထိုးဖောက်ပျံ့နှံ့မှု ယခုနှစ်မှာ ၃၅% ကျော်လိမ့်မယ်။ ၄၀% အထိ ရောက်သွားနိုင်တယ်လို့ BYD က မျှော်လင့်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

BYD က Han series မော်ဒယ်မူကွဲများ ဖြစ်ကြတဲ့ 

  •  Han DM 
  •  Han DM-i
  •  Han DM-p 

 တို့ကို မတ်လ ၁၉ ရက်မှာ ပြသခဲ့ပါတယ်။

Han DM-p က စွမ်းဆောင်ရည် performance ကို ဦးစားပေးထားပြီး ကျန်တာက ဆီစားသက်သာဖို့ ဦးစားပေးထားပါတယ်။

BYD Han ကို ၂၀၂၀ ဇူလိုင်လမှာ စတင်ရောင်းချခဲ့ပါတယ်။ 

  • အပြည့်အဝလျှပ်စစ်ကား Han EV 
  • ပလပ်ထိုး ဟိုင်းဘရစ် Han DM 

၂မျိုး ထွက်ပါတယ်။ နောက်တော့ Han DM-i နှင့် Han DM-p ၂ မျိုး ထပ်ထုတ်ပါတယ်။ စုစုပေါင်း Han မိသားစုဝင် ၄ မျိုး ဖြစ်လာခဲ့ပါတယ်။

 မတ်လ ၂၀ ရက်အထိ  Han DM-i နှင့် Han DM-p အတွက် အမှာစာ ၁၂,၀၉၈ စီးကို ကြိုပွိုင့်အရောင်း စတင်ပြီး ၁၀ နာရီအတွင်းမှာ ရရှိခဲ့ပါတယ်။

၂၀၂၁ မှာ BYD ရဲ့ NEV ရောင်းအားက ၆၀၃,၇၈၃ စီး ရှိခဲ့ပါတယ်။

Read 4690 times