BYD ကားထုတ်လုပ်မှု သိသိသာသာ လျှော့ချ


BYD ကားထုတ်လုပ်မှု သိသိသာသာ လျှော့ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

  • BYD သည် ၎င်း၏ Xi'an စက်ရုံရှိ အလုပ်သမားအချို့ကို တစ်ပတ်လျှင် လေးရက်သာ အလုပ်လုပ်ရန် ညွှန်ကြားထားသည်။
  • ၎င်း၏ Shenzhen စက်ရုံတွင် အဆိုင်းများကို တစ်ရက်လျှင် သုံးဆိုင်းမှ တစ်ရက်လျှင် နှစ်ဆိုင်းသို့ လျှော့ချလိုက်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
  • အီးဗီ ဝယ်လိုအား အားနည်းသွားသဖြင့် တရုတ်နိုင်ငံ၏ အကြီးဆုံး စွမ်းအင်သစ်သုံး ကား new energy vehicle (NEV) ထုတ်လုပ်သူ BYD သည် ဖြစ်ပြီး  စက်ရုံနှစ်ရုံတွင် အဆိုင်း လျှော့ချလိုက်သည်။

BYD သည် ၎င်း၏ အကြီးဆုံး ကုန်ထုတ်လုပ်ငန်း ဗဟိုအချက်အချာဖြစ်သည့် Xi'an စက်ရုံရှိ အလုပ်သမားအချို့ကို တစ်ပတ်လျှင် ၄ ရက်သာ အလုပ်ဆင်းဖို့ ညွှန်ကြားထားသည်။ စက်ရုံတွင် တစ်ရက်လျှင် တစ်ဆိုင်း အလုပ်ချိန် ၈ နာရီဖြင့် ၂ ဆိုင်းသာ ဆင်းဖို့ကိုလည်း ညွှန်ကြားထားသည်။


BYD သည် Han ဆီဒင် ထုတ်လုပ်သည့် Shenzhen စက်ရုံတွင် အဆိုင်းလျှော့သည်။ 
တစ်ရက်လျှင် သုံးဆိုင်းမှ တစ်ရက်လျှင် နှစ်ဆိုင်း ဆင်းရန် ညွှန်ကြားထားသည်။ 

Advertisement

Click Here > United


ကုမ္ပဏီတွင်း ညွှန်ကြားစာတွင် BYD သည် အဆိုင်းများ လျှော့ချခြင်းအတွက် အကြောင်းပြချက် မဖော်ပြထားချေ။ 


BYD သည် ယခုနှစ်အစပိုင်းမှစတင်၍ တရုတ်နိုင်ငံတွင် ကားကဏ္ဍတစ်ခုလုံး ဝယ်လိုအား အားနည်းနေသည်ကို ရင်ဆိုင်ရချိန်တွင် လိုက်လျောညီထွေ ဖြစ်စေရန် ထုတ်လုပ်မှုကို သိသိသာသာ လျှော့ချခြင်းဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

BYD  အဆိုင်းလျှော့ချထားခြင်း  မည်မျှကြာရှည်မည်ကို ခန့်မှန်းဖို့ မဖြစ်နိုင်ပါ။ အခြား စက်ရုံ ၃ ခု တွင်လည်း အလားတူ အဆိုင်းလျှော့ချမချ ဆိုသည်ကိုလည်း မခန့်မှန်းနိုင်ဟု သတင်းတွင် ဖော်ပြထားသည်။

BYD သည် လျင်မြန်စွာ ကြီးထွားလာနေပြီး တရုတ်နိုင်ငံတွင် စျေးကွက်ဝေစု ရယူလျက်ရှိသည်။ သို့သော်လည်း ယခုနှစ်စကတည်းက ထုတ်လုပ်မှုနှုန်းကို  နှေးထားပါသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1101 times