BYD YangWang U8 ရေပေါ် မိနစ် ၃၀ ပေါ်နေနိုင်ပြီး တစ်နာရီ သုံးကီလိုမီတာ သွားနိုင်[Videos]


BYD YangWang U8 ရေပေါ် မိနစ် ၃၀ ပေါ်နေနိုင်ပြီး တစ်နာရီ သုံးကီလိုမီတာ သွားနိုင်[Videos]

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

စက်တင်ဘာလ ၂၀ ရက်နေ့တွင် YangWang U8 EREV SUV ကို တရုတ်နိုင်ငံ၌ စတင်ရောင်းချသည်။

‌၄ ဘီးယက် ဖြစ်ပြီး တဘီးလျှင် မော်တာ ၁ လုံးစီဖြင့် စုစုပေါင်း မော်တာ ၄ လုံးပါသည်။ စုစုပေါင်း 880 kW အထိ ထုတ်ပေးနိုင်သည်။ 360° tank turn ပတ်ချာလည် လှည့်နိုင်စွမ်း ရှိသည်။

 

 

360° tank turn


အရေးပေါ်အနေဖြင့် ရေထဲ ပေါလောပေါ်နိုင်သည်။

YangWang သည် BYD လက်အောက်ရှိ ပရီမီယံအမှတ်တံဆိပ်တစ်ခုဖြစ်သည်။
U8 သည် YangWang ပထမဆုံး ထုတ်လုပ်သည့် မော်ဒယ် ဖြစ်သည်။
U8 ကို Premium Edition နှင့် Off-road Master Edition ဟူ၍ ဗားရှင်း ၂ မျိုး ထုတ်လုပ်သည်။
ယခု စတင်ရောင်းချသည်မှာ Premium Edition ဖြစ်ပါသည်။ ယခု မှာကြားထားလျှင် နောက်လ အောက်တိုဘာလတွင် ကား ရရှိမည်။

U8 Premium Edition သည် ရောင်းဈေး ယွမ် ၁,၀၈၉,၀၀၀ ($150,000) ဖြစ်သဖြင့် အမြောက်အမြား ထုတ်လုပ်သည့် လျှပ်စစ်ကားများတွင် ဈေးအမြင့်ဆုံး ဖြစ်သည်။ 


Master Off-road Edition ကြိုတင်အရောင်း မစသေးသဖြင့် ဈေးနှုန်းး မကြေညာသေးပါ။
ပိုအကြမ်းခံအောင် စီမံပေးထားသည်။ ယာဉ်ဝမ်းဗိုက် ထိမိတိုက်မီဒဏ်များ ခံနိုင်ရည်ရှိအောင် စီမံထားသည်။ အမိုးပေါ် ပစ္စည်းတင်ရန် စီစဉ်ပေးထားသည်။ အမိုးပေါ်တက်ဖို့ လှေကားတခုလည်း တပ်ဆင်ပေးထားသည်။

 

 

U8 Premium Edition

 

 

 

U8 Off-Road Master Edition.


YangWang U8 သည် အရွယ်အစားမှာ
အလျား 5319 mm
အကျယ် 2050 mm
အမြင့် 1930 mm
ခါးအလျား 3050 mm
Mercedes-Benz G-Class ထက် အလျား 502 mm ပိုရှည်သည်။ 
အကျယ်သည် 137 mm ပိုကျဉ်းသည်။ 
အမြင့်သည် 39 mm ပိုနိမ့်သည်။ 
ခါးအလျား 160 mm ပိုရှည်သည်။

၅ ယောက်စီးဖြစ်ပြီး တတိယခုံတန်း မပါချေ။


U8  ကို e4 platform ပေါ်မှာ အထိုင်ချထားသည်။
Disus-P hydraulic ကိုယ်ထည်ထိန်းချုပ်စနစ် ပါသဖြင့် ရေပေါ်မှာ ပေါလောပေါ်နေနိုင်စေသည်။
ယာဉ်အလေးချိန် 3,460 kg  ဖြစ်ပြီး ဝန်အလေးချိန် အများဆုံး 525 kg အထိ တင်နိုင်သည်။


U8 သည် ခရီးတာ ပိုဝေးဝေး သွားနိုင်သည့် electric range extended vehicle (EREV) အမျိုးအစား ဖြစ်သည်။ Li Auto မှ EREV များနှင့် ဆင်တူ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကားတွင် ပါသော အင်ဂျင်သည် ဘီးများနှင့် အချိတ်အဆက် မရှိပါ။ ဘီးများကို မော်တာများဖြင့်သာ လှည့်ပေးပါသည်။ အင်ဂျင်သည် ဘက်ထရီကို အားသွင်းပေးသည့် ဂျင်နရေတာအတွက် ဖြစ်ပါသည်။ U8  မှ အသ်ဂျင်သည်  2.0L တာဘိုပါဝါ အင်ဂျင် ဖြစ်ပါသည်။


ဘက်ထရီမှာ BYD Blade ဘက်ထရီထုပ်ကို သုံးထားပြီး အထိုင်ချရာတွင် ချာစီပေါ်မှာ တပ်ဆင်ခြင်း မဟုတ်ဘဲ ချာစီ၏ အစိတ်အပိုင်းတစ်ခုအဖြစ် Cell-to-Chassis (CTC) နည်းပညာဖြင့် တပ်ဆင်ထားသည်။ 49.05 kWh ဘက်ထရီသုံးထားသည်။
ခရီးတာ 180 km သွားနိုင်သည်။
ဘက်ထရီ အားအပြည့်သွင်း၊ ဆီတိုင်ကီ 75-liter ဆီအပြည့်ဖြည့်ထားလျှင် ခရီးတာ 1000 km အထိ သွားနိုင်ပါသည်။

 မော်တာ ၄ လုံးသည် ၁ လုံး ပါဝါ 220 kW ဖြင့် စုစုပေါင်း 880 kW ၊ ရုန်းအား 1,280 Nm အထိ ထုတ်ပေးနိုင်သည်။
အမြန်ဆုံး အမြန်နှုန်းမှာ 200 km/h ဖြစ်ပြီး 0-100 km/h အရှိန်တင်ရန် ၃.၆ စက္ကန့်ကြာသည်။

CarNewsChina တွင် ဖော်ပြသည့် သတင်းအရ BYD သည် နောက်နှစ်တွင် YangWang U8 ကို လျှပ်စစ်ကားစစ်စစ် ထုတ်လုပ်မည့် အစီအစဉ် ရှိသည်။ 
Dongfeng က ထုတ်လုပ်ထားသည့် off-road  လျှပ်စစ်ကားစစ်စစ် မော်ဒယ် M-Hero 917 ကို U8 က ယှဉ်ပြိုင်ရမည် ဖြစ်သည်။

U8 သည်  DC အမြန်အားသွင်း 110 kW အထိ လက်ခံနိုင်သည်။ 30% – 80% ကို ၁၈ မိနစ်ကြာသည်။ 
အိမ်မီးထွန်းရန် ကားဘက်ထရီထုပ်ကို သုံးနိုင်အောင် vehicle-to-load (VTL) 6 kW ပါသည်။

အဓိကချစ်ပ်မှာ Nvidia Drive Orin SoC ဖြစ်ပါသည်။
 lidar ၃ ခု ၊ ကင်မရာ ၁၃ ခု၊ ultrasonic radar ၁၂ ခု၊ millimeter wave radar ၅ ခု ပါသည်။


U8 သည် ရေထဲ ဖြတ်မောင်းနိုင်သည်။ မိနစ် ၃၀ ရေပေါ် ပေါလောပေါ် နေနိုင်သည်။ ဘီးများဖြင့် ယက်ပြီး 3 km/h ရှေ့သို့ သွားနိုင်သည်။ Tank turn ကွေ့နိုင်သည်။
သို့သော် အရေးပေါ် အတွက်သာဟု BYD က ပြောကြားပါသည်။ ရေထဲ အပျော်လျှောက်မောင်းရန် မဟုတ်ဟု ဆိုပါသည်။

အီးဗီ အများစုသည် ရေထဲ ဖြတ်မောင်းနိုင်သည်။ လိုရာရောက်အောင် သွားနိုင်သည်။ သို့သော် နောက်ဆက်တွဲ ပြဿနာများ ရှိပါသည်။ ရေမဝင်အပ်သည့် နေရာများထဲသို့ မသန့်သည့် ရေများ ဝင်ထားပြီးလျှင် ရက်အတန်ကြာအတွင်း ပျက်စီးသွားတတ်ပါသည်။ ထိုအခါ ပြုပြင်စရိတ်နှင့် ပစ္စည်းဖိုး ကြီးမားပါသည်။ 
သို့ဖြစ်ရာ U8 ကို ရေထဲ မောင်းလို့ရအောင် လုပ်ပေးထားသော်လည်း ရေထဲ မောင်းပြီးတိုင်း service center သို့ မဆိုင်းမတွ သွားရောက်ပြီး စစ်ဆေးမှု ခံယူဖို့ လိုအပ်သည်ဟု BYD က မှာကြားထားပါသည်။

U8 Premium Edition သည် ရေအနက် 1000 mm (လက်မ ၄၀) အထိ ဖြတ်မောင်းနိုင်သည်။

Off-road Master Edition သည် 1,400mm (၅၅ လက်မ) အထိ ဖြတ်မောင်းနိုင်သည်။ 

U8 ရေလုံအဆင့်မှာ IP68 ဟု BYD က ပြောကြားသည်။  
IP68 ရေလုံအဆင့်သည် ရေအနက် ၁.၅ မီတာရှိ ရေဖိအားအောက်တွင် မိနစ် ၃၀ အထိ ရေလုံသည်။ 

 


ရေထဲ ဖြတ်မောင်းလျှင် wading mode သုံးရပါသည်။ sensor များက ဘေးပတ်ပတ်လည်ကို မျက်ခြည်မပြတ် ကြည့်ပေးနေပါသည်။ ရေအနက်၊ ရေကို ဘီးများက ယက်နေရာ၌ ဘီးချော်သည့် အခြေအနေများ အစရှိသည်တို့ကို တိုင်းတာပေးနေမည် ဖြစ်ပါသည်။ 
ကားက ရေအနက်သည် သာမန်ဟု သတ်မှတ်ထားသည်ထက် ကျော်လွန်သွားသည့်အခါ အရေးပေါ် ပေါလောပေါ် emergency floating mode အလိုအလျောက် စတင် အလုပ်လုပ်ပါသည်။ ထိုအခါ အင်ဂျင်ကို ချက်ချင်း စက်သတ်လိုက်သည်။
Disus-P က ကားကိုယ်ထည်ကို အထက်သို့ တွန်းတင်ပေးလိုက်သည်။ မြင့်နိုင်သမျှ အမြင့်ဆုံးသို့ မြှင့်တင်ပေးလိုက်သည်။ 
တံခါးမှာ မှန်ချထားလျှင် အလိုအလျောက် မှန်တင်ပေးပြီး အလုံပိတ်ပေးသည်။
လေအေးပေးစက်သည် ပြင်ပမှ လေကို မယူတော့ချေ။ ယာဉ်အတွင်းမှ လေကိုသာ ရယူသည်။ 
အမိုးမှ နေကာမှန် sunroof အလိုအလျောက် ပွင့်သွားသည်။ အရေးပေါ် စွန့်ခွာခဲ့ရလျှင် ထွက်ပေါက် အဆင်သင့် ဖွင့်ပေးထားလိုက်ခြင်း ဖြစ်သည်။
ဒက်ရှ်ဘုတ်မှ ဗဟိုထိန်းချုပ် စခရင်တွင် ရေအနက်အပါအဝင် ဘေးပတ်ဝန်းကျင်အကြောင်း ပုံပြပြီးအချိန်နှင့်တပြေးညီ အသိပေးနေသည်။

 

 

 

 

 

 

Yangwang သည် BYD ၏ brand အသစ်ဖြစ်သည်။ ကြားခံ အရောင်းကိုယ်စားလှယ် မထားဘဲ ကုမ္ပဏီမှ တိုက်ရိုက်ရောင်းမည်။ 
မြို့ကြီး ၄၀ တွင် အရောင်းပြခန်း ၆၀ ဆောက်လုပ်ဆဲ ဖြစ်သည်။ ယခုနှစ်ကုန်တွင် အရောင်းပြခန်း ၉၀ အထိ ဖွင့်လှစ်ထားမည်။ 

 

BYD ၏ နောက်ထပ် brand အသစ်တခုဖြစ်သော Fang Cheng Bao  ကိုလည်း အလားတူပင် ကုမ္ပဏီမှ တိုက်ရိုက်ရောင်းမည်။ ယခုအခါ ကားအရောင်းပြခန်းများ လိုက်လံ ဝယ်ယူနေသည်။ ပရီမီယံ အမှတ်တံဆိပ်များ ဖြစ်သည့် Mercedes-Benz, Aston Martin, Maserati တို့၏ အရောင်းပြခန်းများကို ဝယ်ယူပြီး Fang Cheng Bao အရောင်းပြခန်းအဖြစ်သို့ ပြောင်းလဲနေသည်။


BYD တံဆိပ်ကပ်သည့် ကားများကိုမူ အရောင်းကိုယ်စားလှယ်များ ထားရှိပါသည်။

ယခုအခါ BYD တွင် ပရီမီယံ brand ၃ ခု ရှိပါသည်။ YangWang, Fang Cheng Bao, Denza တို့ ဖြစ်ပါသည်။

Source carnewschina 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1130 times