BYD Yangwang U8 ပထမဆုံးအကြိမ် ပွဲထုတ် ပြသ


BYD Yangwang U8 ပထမဆုံးအကြိမ် ပွဲထုတ် ပြသ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင်  BYD ၏ Yangwang U8 စည်းစိမ်အတန်းအစား SUV အနီးကပ် ကြည့်ရှုရန်  လာရောက်ကြသူ များပြားသဖြင့် ကြည့်ရှုသူများသည် မိနစ် ၃၀ အထိ တန်းစီစောင့်ဆိုင်းခဲ့ကြရသည်။

 

Yangwang U8 သည် အွန်လိုင်းတွင် တင်ပြထားသော ဗီဒီယိုများကြောင့် စိတ်ဝင်စားမှု ရေချိန်မြင့်မားနေသည်။ ဆုံလည် tank turn လှည့်နိုင်သည်။
Yangwang U8 တွင် မြင်းကောင်ရေ ၁,၁၀၀ အထိ ပါဝါထုတ်ပေးနိုင်သော အင်ဂျင်ကြီး တစ်လုံးပါသည်။ ဘီးတစ်ဘီးစီမှာ မော်တာတစ်လုံးစီ တပ်ပေးထားသည်။ ကားကို ဆုံလည်လှည့်သည့်အခါ ၎င်းမော်တာတို့က ဘီးများကို အလိုက်သင့် လှည့်ပေးသည်။
Yangwang U9 သည် အိမ်စီးစူပါပြိုင်ကား ဖြစ်ပြီး သုညမှ တစ်နာရီကီလိုမီတာ ၁၀၀ အမြန်နှုန်းသို့ ၂ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။

BYD ၏ Dynasty စီးရီးနှင့်  Ocean စီးရီးများသည် ယွမ် ၄ သိန်းအောက်မှာသာ ရောင်းဈေးနှုန်း သတ်မှတ်ထားသည်။ တရုတ်နိုင်ငံမှ လူလတ်တန်စားကို ရောင်းချဖို့ ရည်ရွဠ်ထားသည်။
BYD သည် ဈေးအနိမ့်မော်ဒယ်များကိုသာ ထုတ်လုပ်ခဲ့ရာမှ ယွမ်တစ်သန်းဝန်းကျင် အမြင့်တန်း အီးဗီကို Yangwang စီးရီးဖြင့် ပထမဆုံးအကြိမ် ထုတ်လုပ်တော့မည် ဖြစ်သည်။
ရှန်ဟိုင်း ကားပြပွဲတွင် ပထမဆုံးအကြိမ် ပွဲထုတ် ပြသခဲ့ရာ လာရောက်ကြည့်ရှုသူများ များပြားသည်။
BYD က U8  (SUV) နှင့်  U9 စူပါပြိုင်ကားတို့ကို ပြခန်းနေရာတစ်ခုယူပြီး သီးသန့်ပြသသည်။ Porsche၊ Lamborghini အစရှိသည့် ဈေးအမြင့်တန်း brand ပြခန်းများ ရှိနေသည့် နေရာတွင် ပြသခဲ့သည်။

ယွမ် ၁.၀၉၈ သန်း (အမေရိကန်ဒေါ်လာ ၁၅၉,၀၀) အခြေခံရောင်းဈေးနှုန်း သတ်မှတ်ထားသည့် U8 ၏ အသွင်အပြင်သည် Range Rover နှင့် ဆင်ဆင်တူသည်။ 
သုညမှ တစ်နာရီကီလိုမီတာ ၁၀၀ အမြန်နှုန်းသို့ ၃.၆ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။
ယာဉ်ကိုယ်ထည်အောက်ပိုင်းကို ရေလုံအောင် စီမံပေးထားသဖြင် ရေထဲ ဖြတ်မောင်းသော်လည်း ကားထဲသို့ ရေမဝင်။ 

Yangwang U9 သည်လည်း လျှပ်စစ် အိမ်စီးစူပါပြိုင်ကား ဖြစ်သည်။  သုညမှ တစ်နာရီကီလိုမီတာ ၁၀၀ အမြန်နှုန်းသို့ ၂ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။
Tesla ၏ ကမ္ဘာ့အရှိတင်အမြန်ဆုံးမော်ဒယ်  Model S Plaid ထက် မဆိုစလောက် ပိုမြန်သည်။ ဘီးတိုင်းမှာ မော်တာပါသည်။ U9 ကိုယ်ထည်က နိမ့်ချီမြင့်ချီ ကစားနိုင်သည်။ ဘီးတစ်ဘီး ပြားချပ်နေလျှင် ကျန်သည့် ၃ ဘီးဖြင့် ဆက်လက်မောင်းနှင်နိုင်သည်။ 


 

BYD Yangwang U8 luxury SUV ကို ရှန်ဟိုင်းကားပြပွဲကြီးတွင် ပြသထားစဉ်

 

 

U8  ကို  ယခုအခါ အမှာစာများ လက်ခံနေပြီ ဖြစ်ပြီး စက်တင်ဘာလတွင် မှာကြားထားသူများထံ ကားစအပ်မည်။


U8 Master Edition ကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်လုပ်မည်။ အစမ်းမောင်းကြည့်လိုသူများအတွက် လမ်းကြမ်းကြမ်းမှာ စမ်းသပ်မောင်းကြည့်ဖို့ စီ

 

BYD Yangwang U9 လျှပ်စစ် အိမ်စီး စူပါကား


 Yangwang series အတွက် လိုဂိုမှာ လျှပ်စစ်ကို တရုတ်စာသင်္ကေတဖြင့် ရေးသားထားသည့် ဒီဇိုင်း ဖြစ်သည်။ 

"အလွန်အမင်း ဆိုးဝါသည့် အခြေအနေတွင်ပင် သုံးစွဲသူများအတွက် အထူးကောင်းမွန်သော ဘေးကင်းမှု၊ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံများ" ပေးအပ်မည်ဟု BYD  ထူထောင်သူ Wang  က ပြောကြားခ့ဲ့သည်။ 

BYD သည် ၂၀၀၃ ခုနှစ်တွင် မော်တော်ယာဥ်များကို စတင်ထုတ်လုပ်ခဲ့ပါသည်။  အမြင့်တန်းသို့ တက်လာပြီ ဖြစ်သော်လည်း ၎င်း၏ အဓိက ဖောက်သည်များကို မပစ်ပယ်ပါ။ ရှန်စိုင်းကားပြပွဲကြီးတွင် နောက်ထပ် တစ်နေရာတွင် နောက်ထပ် ပြခန်းတစ်ခုဖြင့် Dynasty စီးရီးမှ Song L လျှပ်စစ် SUV ရှေ့ပြေးပုံစံကို ပြသထားသည်။ Dynasty စီးရီးမှ ကားမော်ဒယ်အမည်များသည် တရုတ်မင်းဆက်များ၏ အမည်များကို အသုံးပြုပါသည်။ 
Ocean စီးရီးမှ တန်ဖိုးသင့်မော်ဒယ် Destroyer 07 ဟိုက်ဘရစ် ဆီဒင်ကိုလည်း ပြသထားပါသည်။ 
မွမ်းမံထားသည့် ဗားရှင်းဖြင့် Seagull မီနီကားကိုလည်း ပြသထားသည်။ အခြေခံရောင်းဈေးနှုန်းမှာ ယွမ် ၇၈,၀၀၀ ဖြစ်ပါသည်။ 

BYD သည် ဉာဏ်ရည်တု ချစ်ပ် ဒီဇိုင်းပြုလုပ်သည့် Horizon Robotics နှင့် မိတ်ဖက်ပြုထားပြီး ကားများတွင် ပင်ကိုမောင်းနှင် စွမ်းရည် ရရှိစေမည့် Journey 5 ချစ်ပ်များ အသုံးပြုဖို့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

 

 

 

 

 

Source SCMP , YouTube

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 227 times