BYD ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကားကုမ္ပဏီ ၁၀ ခု စာရင်းဝင် ဖြစ်လာ


BYD ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကားကုမ္ပဏီ ၁၀ ခု စာရင်းဝင် ဖြစ်လာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်နိုင်ငံမှ ကားထုတ်လုပ်သူ BYD သည် Mercedes-Benz Group နှင့် BMW တို့ထက် ပထမဆုံးအကြိမ် ရောင်းအားသာလွန်ခဲ့ပြီး  ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကားကုမ္ပဏီ ၁၀ ခု စာရင်းဝင် ဖြစ်လာသည်။ 

 BYD ကားအသစ် ကမ္ဘာ့ရောင်းအားသည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ယမန်နှစ်ထက် ၉၆% တိုးခဲ့ပြီး အစီးရေ ၁.၂၅ သန်း ရောင်းချခဲ့သည်။
 ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားကုမ္ပဏီ ၁၀ ခု စာရင်းမှာ နံပါတ်(၁၀)နေရာ ရရှိသည်။

၂၀၂၃ ဇန်နဝါရီလမှ ဇွန်လအထိ
 ကားရောင်းအား အစီးရေ

၁ Toyota group    ၅.၁၄ သန်း 
၂ Volkswagen group ၄.၃၇ သန်း
၃ Hyundai/Kia ၃.၆၅ သန်း
၄ Renault/Nissan/Mitsubishi ၃.၂ သန်း
၅ Stellantis ၃.၂ သန်း
၆ GM ၂.၉၆ သန်း
၇ Ford group ၂.၁၇ သန်း
၇ Honda ၁.၈၄ သန်း
၉ Suzuki ၁.၅၂ သန်း
၁၀ BYD ၁.၂၅သန်း 
 Source: MarkLines

အခြား တရုတ်ကားကုမ္ပဏီများတွင် 

  • Zhejiang Geely Group Holding သည် နံပါတ်(၁၃) တွင် ရပ်တည်နေသည်။
  • Changan Automobile Group က ကပ်လျက် နံပါတ်(၁၄) တွင် ရပ်တည်နေသည်။
  • Chery Automobile က နံပါတ် (၁၇)တွင် ရပ်တည်နေသည်။


BYD သည် ယမန်နှစ် ၂၀၂၂ က ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကားကုမ္ပဏီ ထိပ်တန်း(၁၀) စာရင်း မဝင်ခဲ့ချေ။ နံပါတ်(၁၆)တွင် ရပ်တည်ခဲ့သည်။
၂၀၂၁ တွင် ထိပ်တန်း(၂၀) စာရင်း မဝင်ခဲ့ချေ။

BYD သည် ဓာတ်ဆီအင်ဂျင်ကား ထုန်လုပ်မှုကို ၂၀၂၂ ခုနှစ်တွင် ကျောခိုင်းခဲ့သည်။


BYD သည် လျှပ်စစ်ကားများ ထုတ်လုပ်သော်လည်း ဓာတ်ဆီအင်ဂျင်ကို မစွန့်လွှတ်သေးပါ။ ဘက်ထရီ အင်ဂျင် နှစ်မျိုးတွဲသုံးသည့် ပလပ်ထိုး အားသွင်း ဘက်ထရီနှင့် အင်ဂျင် သုံးသော ပလပ်ထိုး ဟိုက်ဘရစ် plug-in hybrid မော်ဒယ်များ ထုတ်လုပ်သည်။


BYD သည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်ပြည်ထုတ် ကားအစီးရေ ၈ သောင်းကျော် တင်ပို့ခဲ့သည်။

Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1033 times