၂၀၂၂ ပဲရစ် ကားပြပွဲတွင် BYD ပါဝင်မည်


၂၀၂၂ ပဲရစ် ကားပြပွဲတွင် BYD ပါဝင်မည်


ကမ္ဘာ့အကြီးဆုံး ကားပြပွဲ ငါးခုအနက် တစ်ခုဖြစ်တဲ့ Paris Motor Show က မော်တော်ယာဉ်လုပ်ငန်းနယ်ပယ်တွင် ဩဇာကြီးမားပါတယ်။ ကမ္ဘာအနှံ့ရှိ အထင်ကရ မော်တော်ယာဉ် အမှတ်တံဆိပ်များနှင့် ထုတ်လုပ်သူများ ပါဝင်ပြသကြပါတယ်။

 


ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နှစ်တစ်ကြိမ် Paris Motor Show ကို လေးနှစ်ကြာ ဆိုင်းငံ့ခဲ့ပြီး ယခုနှစ်တွင် ပြန်လည်ပြသမှာ ဖြစ်ပါတယ်။  Paris Motor Show 2022 ကို အောက်တိုဘာလ ၁၇ ရက်မှ ၂၃ ရပ်အထိ  Equip Auto နှင့်အတူ ပူးတွဲကျင်းပမှာ ဖြစ်ပါတယ်။ အောက်တိုဘာလမှာ ကျင်းပမယ့် ၂၀၂၂  ခုနှစ် ပါရီ ကားပြပွဲမှာ ပထမဦးဆုံးအကြိမ်အဖြစ် ပါဝင်ပြသမည်ဖြစ်ကြောင်း တရုတ်အီးဗီထုတ်လုပ်ရေးနှင့် အီးဗီဘက်ထရီ ထုတ်လုပ်ရေးလုပ်ငန်း  BYD က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 


BYD က ဥရောပ ကားဈေးကွက်မှာ စွမ်းအင်သစ် မော်တော်ယာဉ် အမျိုးအစား အိမ်စီးကား မော်ဒယ်အသစ်များကို စတုတ္ထ ၃လပတ်မှာ ရောင်းချဖို့ အစီအစဉ် ရှိပါတယ်။  BYD က စွမ်းအင် မော်တော်ယာဉ် ကုမ္ပဏီ အသစ်တစ်ခုအနေဖြင့် ကမ္ဘာအနှံ့ ရှိ အဓိက ကားလုပ်ငန်း ပြပွဲများတွင် ပြသခဲ့ပါတယ်။  ၂၀၀၈ ခုနှစ် အစောပိုင်းတွင် BYD က F3DM မော်ဒယ်ကို ဂျီနီဗာ အပြည်ပြည်ဆိုင်ရာ ကားပြပွဲမှာ ပြသခဲ့ပါတယ်။ ဥရောပမှာ ကျင်းပတဲ့ ကားပြပွဲတွင်  BYD ကုမ္ပဏီရဲ့ ပထမဆုံးပွဲ ဖြစ်ပါတယ်။ 

 

ယခုနှစ် ပထမနှစ်ဝက်တွင် BYD ၏ စွမ်းအင်သစ် အိမ်စီးကား မော်ဒယ်အသစ်များရဲ့ ရောင်းအား စီးရေ ၆၄၀,၀၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။


Source Pandaily
#MyanmarAutomobileGuide 

Read 348 times