BYD က ဗီယက်နမ်တွင် အီးဗီများ ထုတ်လုပ်မည် 


BYD က ဗီယက်နမ်တွင် အီးဗီများ ထုတ်လုပ်မည် 

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်မော်တော်ကားထုတ်လုပ်သူ BYD ကုမ္ပဏီသည် ဗီယက်နမ်တွင် လျှပ်စစ်ကားများ တပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ရန် စီစဉ်နေကြောင်း ကုမ္ပဏီဥက္ကဋ္ဌကို ကိုးကား၍ ဗီယက်နမ်အစိုးရက ‌ သတင်းထုတ်ပြန်ပါသည်။
BYD သည် တရုတ်ပြည်ပြင်ပ ထုတ်လုပ်မှု တိုးချဲ့ရန် ဗီယက်နမ်တွင် အီးဗီများ ထုတ်လုပ်မည် ဖြစ်သည်။
BYD သည် မော်တော်ယာဉ် အစိတ်အပိုင်းများကို ဗီာက်နမ်တွင် ထုတ်လုပ်ပြီး ထိုင်းနိုင်ငံရှိ BYD ကားစက်ရုံသို့ ပေးသွင်းမည့် အစီအစဉ်ကိုလည်း အကောင်အထည်ဖော်နေပါသည်။ ယခု အီးဗီ ထုတ်လုပ်ရန် တိုးချဲ့မည် ဖြစ်သည်။


BYD တည်ထောင်သူနှင့် ဥက္ကဋ္ဌ Wang Chuanfu နှင့် ဒုတိယဝန်ကြီးချုပ် Tran Hong Ha တို့ မေလ ၅ ရက်က တွေ့ဆုံခဲ့ပြီးနောက် ဗီယက်နမ်အစိုးရက သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

တိုးချဲ့မှုအတွက် BYD ရင်းနှီးမြှုပ်နှံမှုအသစ် မည်မျှထည့်မည်ကို ကြေညာချက်တွင်ဖော်ပြထားခြင်းမရှိပေ။

BYD သည် အီလက်ထရွန်းနစ်ပစ္စည်း အမျိုးမျိုးကိုလည်း ထုတ်လုပ်ပါသည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Phu Tho တွင် အီလက်ထရွန်နစ် စက်ပစ္စည်းများနှင့် အစိတ်အပိုင်းများ တပ်ဆင်ရန် စက်ရုံတစ်ခု ဖွင့်လှစ်ထားသည်။

ပြီးခဲ့သည့်စက်တင်ဘာလတွင် BYD သည် ထိုင်းနိုင်ငံတွင် အီးဗီ တပ်ဆင် တ်လုပ်ရေးစက်ရုံတစ်ခုတည်ဆောက်မည်ဖြစ်ပြီး ၂၀၂၄   ခုနှစ်မှစ၍ နှစ်စဉ် ကားအစီးရေ တစ်သိန်းခွဲ ထုတ်လုပ်မည်ဟု ကြေညာခဲ့သည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 160 times