BYD  က ထိုင်းတွင် တစ်နှစ် စီးရေ တစ်သိန်းခွဲ ထုတ်လုပ်မည် 


BYD  က ထိုင်းတွင် တစ်နှစ် စီးရေ တစ်သိန်းခွဲ ထုတ်လုပ်မည် 

တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း BYD သည် ထိုင်းနိုင်ငံကို အရှေ့တောင်အာရှအတွက်  BYD ၏ ပထမဆုံး ထုတ်လုပ်မှုဗဟိုချက် ဖြစ်လာစေမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ဈေးကွက်အတွင်း ရှိပြီးသား တရုတ်ကားအမှတ်တံဆိပ်များကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 
အစိုးရအထောက်အပံ့များကြောင့် မြင့်တက်လာနေသည့် ထိုင်းနိုင်ငံ အီးဗီကဏ္ဍတွင် BYD က နေရာတစ်ခု အခိုင်အမာ ရယူလိမ့်မည်။

BYD ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ မန်နေဂျာ Liu Xueliang က ကုမ္ပဏီသည် စတီယာရင် ယာဘက်တွင် ထားသည့် အီးဗီများ စတင်ထုတ်လုပ်မည်ဖြစ်ပြီး လျှပ်စစ်ကားများအတွက် ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှု စင်တာတစ်ခု ထူထောင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

BYD စက်ရုံ၏  ထုတ်လုပ်မှုစွမ်းရည်မှာ နှစ်စဉ် အစီးရေ ၁၅၀,၀၀၀ ရှိမည် ဖြစ်သည်။ “စက်ရုံကထုတ်တဲ့ ကားတွေကို အာဆီယံနိုင်ငံတွေနဲ့ ဥရောပကို တင်ပို့သွားမှာပါ” ဟု Liu က  BYD ၏ မြေယာဝယ်ယူရေး သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၄၀ ခန့်အကွာရှိ  ရရောင် ပြည်နယ်ရှိ စက်မှုဇုန်တစ်ခုတွင် မြေ ၆၀၀ ရိုင် (၉၆ ဟက်တာ) ကို BYD အား ရောင်းချလိုက်ကြောင်း ထိုင်းစက်မှုဇုန် တည်ထောင်သူ WHA Group က ပြောသည်။
၎င်းစက်မှုဇုန် အကျယ်အဝန်းမှာ ၁,၂၈၂ ရိုင် ဖြစ်သဖြင့် BYD က စက်မှုဇုန် ဧရိယာ၏ ထက်ဝက်နီးပါးကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။


ရရောင်ပြည်နယ်သည် အရှေ့စီးပွားစင်္ကြံ Eastern Economic Corridor EEC တွင် အကျုံးဝင်သည်။ EEC သည် ထိုင်းအစိုးရ၏ Thailand 4.0 အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ကြီးမားသော စက်မှုဖွံ့ဖြိုးတိုးတက်ရေးဇုန်ဖြစ်ပြီး  ထိုင်းနိုင်ငံအား ၂၀၃၆ ခုနှစ်တွင် ဝင်ငွေမြင့်မားသောနိုင်ငံအဆင့်သို့ တွန်းပို့ရန် ရည်ရွယ်သည်။

 

 WHA ၏တွဲဖက်တည်ထောင်သူနှင့် ဥက္ကဋ္ဌ Miss Jareeporn Jarukornsckul

 

WHA ၏တွဲဖက်တည်ထောင်သူနှင့် ဥက္ကဋ္ဌ Miss Jareeporn Jarukornsckul က ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံတော့မည့် အခြားတရုတ် EV ထောက်ပံ့ရေးကွင်းဆက်ထုတ်လုပ်သူများနှင့် EV အပိုပစ္စည်းထုတ်လုပ်သူများအတွက် ကျန်ရှိသော ရိုင် ၅၀၀ ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Miss Jareeporn က ၎င်းရင်းနှီးမြှုပ်နှံမှုများသည် "ဒုတိယအဆင့်" ဖွံ့ဖြိုးတိုးတက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

WHA သည် တရုတ်နိုင်ငံ၏ ထိပ်တန်း EV ထုတ်လုပ်သူငါးဦးနှင့်လည်း ဆွေးနွေးနေကြောင်း သူမက ပြောကြားသည်။
"ထိုင်းနိုင်ငံဟာ အခုချိန်မှာ EV အခြေခံအဆောက်အုံဖြစ်တဲ့ ထောက်ပံ့ရေးကွင်းဆက်၊ အစိုးရရဲ့ ပံ့ပိုးပေးမယ့် မူဝါဒတွေနဲ့ ခိုင်မာတဲ့ ဝယ်လိုအားတွေ ရှိနေပြီဖြစ်လို့  အာဆီယံနဲ့တကွ ကမ္ဘာရဲ့ EV ထုတ်လုပ်မှု ဗဟိုချက်ဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပါပြီ" ဟု Jareeporn မှ ပြောကြားခဲ့သည်။

 ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ Board of Investment BOI သည် လွန်ခဲ့သည့်လက BYD ကို  ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထူးအခွင့်အရေးကို ပေးအပ်ကြောင်း အတည်ပြုခဲ့သည်။ 
ယခုသီတင်းပတ်အစောပိုင်းတွင် BOI မှအကြီးတန်းအရာရှိတစ်ဦးက EV ထုတ်လုပ်သူသည် သုံးနှစ်အတွင်း ရင်းနှီးမြုပ်နှံမှုစတင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အားပြန်သွင်းနိုင်သော ဘက်ထရီထုတ်လုပ်‌ရေးလုပ်ငန်းအဖြစ်  ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ထောင်ခဲ့ပြီး BYD သည် ယခုအခါ ကမ္ဘာတစ်ဝှမ်းရှိ စက်မှုဇုန်ပေါင်း ၃၀ ကျော်တွင် စက်ရုံများ တည်ရှိနေပြီဖြစ်သည်။
မော်တော်ယာဉ်သာမက အီလက်ထရွန်းနစ်၊ မြို့ပြလျှပ်စစ်ရထားနှင့် စွမ်းအင်သစ် နယ်ပယ်များတွင်လည်း ပေါက်ရောက်အောင်မြင်လျက်ရှိသည်။

 

Skyrail BYD Singapore 

 

BYD သည် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွက် အမြတ်ငွေ ယွမ် ၃.၅ဘီလီယံ ရရှိခဲ့သည်။ နိုင်ငံတကာဈေးကွက် ၁၅ ခုကျော်တွင် ချဲ့ထွင်လုပ်ကိုင်လျက်ရှိသည်။
Rever Automotive (Thailand) သည် တရုတ်နိုင်ငံလုပ် လျှပ်စစ်ကားများကို တင်သွင်းသည့် Rever Automotive (Thailand) နှင့် ပူးပေါင်းပြီး Dolphin မော်ဒယ်များကို ယခုနှစ်ကုန်တွင် ထိုင်းနိုင်ငံတွင် စတင်ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။ အခြား အီးဗီမော်ဒယ်များလည်း ရောင်းချဖို့ အစီအစဉ် ရှိသည်။

 

သားရေ . . .

 

 ၂၀၀၅ ခုနှစ်ကတည်းက စတင်အသက်ဝင်ခဲ့သော အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်မှုစာချုပ်အရ  တရုတ်ထုတ်လုပ်သူများသည် ထိုင်းနိုင်ငံသို့ အီးဗီများကို အကောက်ခွန်မဲ့ တင်ပို့ခွင့်ပြုထားသည့်အတွက် အကျိုးခံစားခွင့် BYD ရရှိမည်ဖြစ်သည်။ သွင်းကုန်ခွန် သက်သာသဖြင့်  Dolphin စျေးနှုန်းများသည် အခြားသော တရုတ် EV ကားများကဲ့သို့ ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

အဓိက တရုတ်ကားအမှတ်တံဆိပ်နှစ်ခုသည် ထိုင်းနိုင်ငံ၏ အီဗီစျေးကွက်တွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်နေပြီဖြစ်သည်။
၂၀၂၀  ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် Great Wall Motor (Thailand) သည် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် အီးဗီ ၅,၂၁၉ စီး ရောင်းချခဲ့ပြီး ထိပ်ဆုံးတွင် ရပ်တည်နေသည်။
ဗြိတိန်ကားအမှတ်တံဆိပ် MG ကို ပိုင်ဆိုင်သည့် ရှန်ဟိုင်းအခြေစိုက် SAIC Motor သည် အလားတူကာလအတွင်း ထိုင်းနိုင်ငံတွင် အီးဗီ အစီးရေ ၄,၅၀၀ ရောင်းချခဲ့သည်။
Source Asia Nikkei
#MyanmarAutomobileGuide 
To join Telegram Channel  https://t.me/Guid4U

Read 365 times