BYD နှင့် Tesla ကားရောင်းဈေးနှုန်းများ လျှော့ချ သတ်မှတ်


 BYD နှင့် Tesla ကားရောင်းဈေးနှုန်းများ လျှော့ချ သတ်မှတ်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Tesla က စင်ကာပူမှာ Model 3 နှင့် Model Y မော်တော်ကားများကို ဈေးနှုန်းလျှော့ချလိုက်ပါသည်။

Tesla Inc သည် စင်ကာပူတွင် Model 3 နှင့် Model Y မော်တော်ကားများ၏ ဈေးနှုန်းများကို ၄.၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ကြောင်း ၎င်း၏ ဝဘ်ဆိုက်တွင် ဧပြီလ ၁၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။

နောက်ဘီးယက် ဗားရှင်း Model 3 နှင့် Model Y တို့ကို $4,000 လျှော့ချပါသည်။ မော်တာ ၂ လုံး ၄ ဘီးယက် ဗားရှင်း Model 3 နှင့် Model Y တို့ကို $5,000 လျှော့ချပါသည်။

အမေရိကန် လျှပ်စစ်ကားထုတ်လုပ်သူ Tesla Inc သည် ဝယ်လိုအား မြင့်တက်လာစေရန်အတွက် အမေရိကန်နှင့် တရုတ်အပါအဝင် စျေးကွက်အချို့တွင် ယခုနှစ်အတွင်း ၎င်း၏ မော်တော်ယာဉ်များ၏ ဈေးနှုန်းများကို လျှော့ချခဲ့ပါသည်။

မကြာသေးခင်က အမေရိကန်ဈေးကွက်မှာ ပဉ္စမအကြိမ်မြောက် ဈေး‌ေလျှာ့ချခဲ့ပါသည်။ Tesla သည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် စင်ကာပူမှ ဝယ်သူများကို အကန့်အသတ်ဖြင့် လျှော့စျေးပေးခဲ့သည်။

အရောင်းပြခန်းတွင် ကျန်ရှိနေသည့် Model 3 နှင့် Model Y တို့ကိုဝယ်ယူမည်ဆိုပါက လျှော့ဈေးဖြင့် ရောင်းချပေးပါသည်။ တောင်ကိုရီးယား၊ ဂျပန်နှင့် ဩစတြေးလျ တို့တွင် ကန့်သတ်ချက်မထားဘဲ ဈေးလျှော့ချပေးခဲ့ပါသည်။

.

BYD သည် တရုတ်နိုင်ငံရှိ နောက်ထပ်မော်ဒယ် ၂ ခုအတွက် လျှော့စျေးများ စတင်ပေးအပ်ပါသည်။ ယခင်က မော်ဒယ် ၂ ခုကို လျှော့စျေးများ ပေးခဲ့ပြီး ယခု နောက်ထပ်မော်ဒယ် ၂ ကို လျှော့ဈေး သတ်မှတ်ပေးလိုက်ပါသည်။

စွမ်းအင်သစ်မော်တော်ယာဉ် new energy vehicle (NEV) ထုတ်လုပ်သူ BYD က ဧပြီလ ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ Yuan Plus နှင့် Dolphin မော်ဒယ် နှစ်မျိုးကို ယွမ် ၅,၈၀၀ ($846) ဈေးလျှော့ပေးကြောင်း အသိပေးထားသည်။

ဈေးလျှော့ပေးသည့်အပြင် ၎င်းမော်ဒယ် ၂ မျိုးအတွက် အတိုးမဲ့ချေးငွေ သက်တမ်း ၂ နှစ် ရယူနိုင်သည်။ ထို့ပြင် ကားပေါ်မှ အင်တာနက်အတွက် အခမဲ့ သုံးစွဲခွင့် ၂ နှစ် ရရှိမည်။ .

သတ်မှတ်ကာလမှာ မော်ဒယ် ၂ မျိုးစလုံးအတွက် ဧပြီလ ၁၄ ရက်မှ ဧပြီလ ၃၀ ရက်အထိ ဖြစ်သည်။ . လက်ရှိတွင် Yuan Plus ရောင်းဈေး ယွမ် ၁၃၉,၈၀၀ ၊ Dolphin ရောင်းဈေး ယွမ် ၁၁၆,၈၀၀ ဖြစ်ပါသည်။

မော်ဒယ် ၂ မျိုးစလုံးသည် အရောင်းရဆုံး မော်ဒယ်များ ဖြစ်ပါသည်။ . ယခင်က BYD သည် Seal နှင့် Song Plus အတွက် လျှော့စျေးများကို ပေးအပ်ခဲ့ပါသည်။ .

မတ်လတွင် BYD Song Plus စီးရီးမော်ဒယ်များကို မှာယူသော သုံးစွဲသူများသည် ယွမ် ၆,၈၀၀, Seal အတွက် ယွမ် ၈,၈၀၀ လျှော့စျေးရရှိမည်ဖြစ်ကြောင်း BYD မှ မတ်လ ၉ ရက်နေ့တွင်ကြေညာခဲ့သည်။

သတ်မှတ်ကာလမှာ မတ်လ ၁၀ ရက်မှ ၃၁ ရက်အထိ ဖြစ်သည်။ ဧပြီလ ၇ ရက်နေ့တွင် BYD သည် Seal နှင့် Song Plus တို့အတွက် လျှော့စျေးအစီအစဉ်ကို ဧပြီလ ၃၀ ရက်နေ့အထိ သက်တမ်း‌တိုး‌ေပးခဲ့ပါသည်။

Source: Reuters, cnevpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 335 times