ထိုင်းတွင် ပထမဆုံး အီးဗီစက်ရုံတည်ဆောက်ရန်  BYD လက်မှတ်ရေးထိုး


 ထိုင်းတွင် ပထမဆုံး အီးဗီစက်ရုံတည်ဆောက်ရန်  BYD လက်မှတ်ရေးထိုး

တရုတ်နိုင်ငံမှ စွမ်းအင်သစ် မော်တော်ယာဉ်များ ထုတ်လုပ်သည့်  BYD သည် ထိုင်းနိုင်ငံတွင် ၎င်း၏ ပထမဆုံး အီးဗီစက်ရုံတည်ဆောက်ရန် မြေယာသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။  BYD Co သည် အရှေ့တောင်အာရှတွင် ၎င်း၏ပထမဆုံးလျှပ်စစ်ကား (EV) ထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရန်အတွက် ထိုင်းနိုင်ငံတွင် အကြီးဆုံးစက်မှုဇုန်များတည်ဆောက်သူ WHA Corp နှင့် ကြာသပတေးနေ့ (စက်တင်ဘာ ၈) တွင် မြေယာဝယ်ယူမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

 

အဆိုပါ စက်ရုံကို ၂၀၂၄ ခုနှစ်တွင် စတင်လည်ပတ်ရန်မျှော်လင့်ထားသည်။ နှစ်စဉ် ကားအစီးရေ ၁၅၀,၀၀ ထုတ်လုပ်စွမ်းရည်ရှိပြီး အများစုမှာ အရှေ့တောင်အာရှနှင့် ဥရောပသို့ တင်ပို့ရန်ဖြစ်ကြောင်း ကုမ္ပဏီများ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ သဘောတူညီချက်သည် BYD ၏ ထိုင်းပြည်တွင်းဖြန့်ချိရေးကုမ္ပဏီ Rever Automotive Co နှင့် ၂၀၂၂ နှစ်ကုန်တွင် ထိုင်းနိုင်ငံတစ်ဝှမ်းရှိ အရောင်းကိုယ်စားလှယ် အများအပြားတို့ဖြင့်  BYD ကားများကို စတင်ရောင်းချမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လက ကြေညာခဲ့သည့်နောက်တွင် စက်ရုံတည်ဆောက်ရန် စီစဉ်လိုက်ခြင်းဖြစ်သည်။

BYD သည် မကြာသေးမီလများအတွင်း ဒိန်းမတ်၊ ဂျာမနီ၊ အစ္စရေး၊ ဂျပန်နှင့် ကမ္ဘောဒီးယားအပါအဝင် နိုင်ငံရပ်ခြားဈေးကွက်အများအပြားသို့ ဝင်ရောက်ကြောင်း ကြေညာခဲ့သည်။  စက်ရုံမြေနေရာမှာ WHA ၏ Rayong 36 စက်မှုဇုန်တွင် တည်ရှိပြီး  ၂၃၇ ဧက ( ၉၆ ဟက်တာ) ကျယ်ဝန်းသည်။ အဆိုပါသဘောတူညီချက်သည် နှစ် ၂၀ အတွင်း WHA ၏ "အထူးခြားဆုံး" ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

BYD သည် လျှပ်စစ်ကားများ ထုတ်လုပ်မှုတွင် ဘတ်ငွေ ၃၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ထိုင်းနိုင်ငံ အရှေ့ပိုင်း စီးပွားရေးစင်္ကြံ Eastern Economic Corridor (EEC) ရုံးမှ ပြောကြားသည်။  ထိုင်းနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုဘုတ်အဖွဲ့ Board of Investment (BOI) သည် BYD ၏ဘတ် ၁၈ ဘီလီယံတန်ဖိုးရှိ ဘတ်ထရီစွမ်းအင်သုံး မော်တော်ကားများနှင့် နိုင်ငံအတွင်း ပလပ်ထိုး ဟိုက်ဘရစ်လျှပ်စစ်ကားများ ထုတ်လုပ်ရန် အစီအစဉ်ကို ပြီးခဲ့သည့်လက အတည်ပြုခဲ့သည်။

 

BYD သည် ထိုင်းအစိုးရ၏ အခွန်မက်လုံးများကို အခွင့်အလမ်းရယူသည့် နောက်ဆုံးဝင်လာသည့် ကုမ္ပဏီများထဲတွင် ပါဝင်ပြီး ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၏ အီးဗီထုတ်လုပ်မှုဗဟိုချက်ဖြစ်လာစေရန် အစီအစဉ်၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံသည်  မော်တော်ယာဥ်ထုတ်လုပ်ရေးအချက်အချာအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့သည်ကို အီးဗီခေတ်တွင်လည်း ဆက်ထိန်းထားရန် ရည်မှန်းချက် ထားရှိသည်။ ထိုင်းအစိုးရသည် လူအများတို့ အီးဗီအသုံးပြုမှုကို မြှင့်တင်ရန်အတွက် ၂၀၂၅ ခုနှစ်အထိ ဘတ်ငွေ ၄၃ ဘီလီယံခန့်ကို သုံးစွဲသွားမည်။

 

Source Bangkokpost

#MyanmarAutomobileGuide 

 Telegram Channel  https://t.me/Guid4U

Read 2813 times