BYD Seal ကို တစ်စစီ ဖြုတ်ပြီး စာအုပ်ထုတ်ဝေ


BYD Seal ကို တစ်စစီ ဖြုတ်ပြီး စာအုပ်ထုတ်ဝေ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဂျပန်နိုင အကြီးဆုံး စာအုပ်ထုတ်ဝေရေးလုပ်ငန်း တစ်ခုဖြစ်သည့် Nikkei BP သည် BYD Seal လျှပ်စစ်ကားတစ်စီးကို ဝယ်ယူခဲ့ပြီး "အနာဂတ်တွင် အီးဗီ‌ေလာကကို ဦးဆောင်မည့် တရုတ်ထုတ်လုပ်သူ" ၏ ကြံဆသည့်လုပ်ငန်းစဉ်ကို နားလည်ရန်အတွက် လုံးဝ တစ်စစီ ဖြုတ်ပြီး ကြည့်ရှုလေ့လာကြောင်း အမှာစာတွင် ရေးသားထားသည်။

တရုတ် BYD SEAL လုံးလုံးလျားလျား ဖြုတ်ထားသည် "China BYD SEAL Thoroughly Disassembled (Complete Edition)" အမည်ဖြင့် စက်တင်ဘာလ ၁၅ ရက်တွင် ထုတ်ဝေဖြန့်ချိမည်။ 

ဖြုတ်ပုံဖြုတ်နည်းများလည်း ပြသမည်။ 

 

ကားကို တစ်စစီဖြစ်အောင် ဖြုတ်သည့် လုပ်ငန်းစဉ် မှတ်တမ်းတင် ဗီဒီယိုလည်း ပူးတွဲပါဝင်မည်။ 

ပြုပြင်ထိန်းသိမ်းရေး လက်စွဲစာအုပ်အနေဖြင့်လည်း အပြည့်အဝ အသုံးပြုနိုင်မည်။ 

 

တစ်စစီဖြုတ်ထားသည့် အစိတ်အပိုင်းများ၏ ဓာတ်ပုံများ စာမျက်နှာ ၃၅၀ ပါသည်။ အစိတ်အပိုင်း တစ်ခုချင်းစီကို ရှင်းပြထားသည်။ 

ပြုပြင်ထိန်းသိမ်းရေး လမ်းညွန်ချက်များလည်း ပါသည်။ 

 

ရောင်းဈေးမှာ ယန်းငွေ ၁.၃၂ သန်း ($6,340) ဖြစ်ပါသည်။ 

တစ်ဦးတစ်ယောက်က ဝယ်ယူဖို့ထက် ပတ်သက်သည့် လုပ်ငန်းများကို ရောင်းချဖို့ ရည်ရွယ်ထားသည်။ 

Source Nikkei BP
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 488 times