BYD Seal EV ၆ နာရီအတွင်း စီးရေ ၂၂,၀၀၀ ကျော် ကြိုတင်အမှာ ရောင်းချရ


BYD Seal EV ၆ နာရီအတွင်း စီးရေ ၂၂,၀၀၀ ကျော် ကြိုတင်အမှာ ရောင်းချရ



BYD Seal EV မော်ဒယ်အသစ် ဈေးဖွင့်ပြီး ၂၀၂၂ မေလ ၂၀ ရက်မှာ စတင်ရောင်းချခဲ့ရာ အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။ စတင်ရောင်းချခဲ့ပြီး ၆ နာရီအတွင်း ၂၂,၆၃၇ စီး ကြိုပွိုင့်ရောင်းချခဲ့ရပါတယ်။

 

 


ဈေးနှုန်းက ယွမ် 212,800-289,800 (31,890-43,430 USD) ဖြစ်ပါတယ်။

BYD အနေဖြင့် ယခုလောက်အထိ အဝယ်လိုက်လိမ့်မယ်လို့ မမျှော်မှန်းထားပါဘူး။
BYD ရဲ့ Changzhou မှာတည်ရှိတဲ့ ကားစက်ရုံမှာ Seal ကို ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ တစ်နှစ် စီးရေ ၆၀,၀၀၀(တစ်လပျမ်းမျှ ၅,၀၀၀ စီး) ထုတ်လုပ်ဖို့ အစီအစဉ် ချမှတ်ထားပါတယ်။

BYD က အမြင့်တန်း အီးဗီ ထုတ်လုပ်သူဖြစ်ပြီး ၂၀၂၁ မှာ စီးရေ ၇၃၀,၀၀၀ ကျော် ရောင်းချခဲ့ပါတယ်။
BYD က စွမ်းအင်သစ် မော်တော်ယာဉ် New Energy Vehicle NEV မော်ဒယ်များကိုသာ ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း ၂၀၂၂ မှာကြေညာခဲ့ပါတယ်။
လျှပ်စစ်မော်တော်ယာဉ်သုံး လစ်သီယမ် အိုင်းယွန်း ဖော့စပရိတ် lithium iron phosphate (LFP) ဘက်ထရီများကိုလည်း အမြောက်အမြား ထုတ်လုပ်ပါတယ်။ LFP ဘက်ထရီဈေးကွက်ဝေစု ၄၇.၁၄% ရရှိထားပါတယ်။
၂၀၂၂ မေလ ၂၀ ရက်မှာ ကြိုပွိုင့် စတင်ရောင်းချတဲ့ Seal EV မော်ဒယ်က ဆီဒင်အမျိုးအစား ဖြစ်ပါတယ်။ အလျား 4800mm အကျယ် 1875 mm ၊ အမြင့် 1460 mm ရှိပါတယ်။ ရှေ့နှင့်နောက် ဘီးများ ကြားအကွာအဝေး wheelbase က 2920 mm ရှိပါတယ်။

နောက်ဘီးယက် Seal မော်ဒယ် များမှာ

  • ခရီးတာ ၅၅၀ ကီလိုမီတာအထိ သွားနိုင်တဲ့ ဘက်ထရီ တပ်ပေးထားတဲ့ မော်ဒယ် ၂ မျိုး၊
  • ၇၀၀ ကီလိုမီတာအထိ သွားနိုင်တဲ့ ဘက်ထရီ တပ်ပေးထားတဲ့ မော်ဒယ် ၁ မျိုး၊
  • ၄ ဘီးယက် ၆၅၀ ကီလိုမီတာအထိ သွားနိုက်တဲ့ မော်ဒယ် ၁ မျိုး

ထုတ်လုပ်မှာ ဖြစ်ပြီး

  • ၄ ဘီးယက် ၆၅၀ ကီလိုမီတာ မော်ဒယ်က ဈေးအကြီးဆုံး မော်ဒယ် ဖြစ်ပါတယ်။
Read 6756 times