BYD-Mercedes  လျှပ်စစ်ကား ပထမဆုံး မော်ဒယ် ကြိုတင်အမှာစာ ၃ သောင်း ရရှိ 


BYD-Mercedes  လျှပ်စစ်ကား ပထမဆုံး မော်ဒယ် ကြိုတင်အမှာစာ ၃ သောင်း ရရှိ 

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

BYD-Mercedes လျှပ်စစ်ကား ဖက်စပ်ကုမ္ပဏီသည် တရုတ်နိုင်ငံ ပြည်တွင်းဈေးကွက်တွင် ရောင်းချမည့် ပထမဆုံး မော်ဒယ်အတွက် ကြိုတင်အမှာစာ ၃၀,၀၀၀ လက်ခံရရှိထားသည်။
.
 မော်ဒယ် D9 သည် ပရီမီယံ MPV (multipurpose vehicle) ဖြစ်ပြီး ယခုအခါ မှာကြားထားသူများထံ စတင်ပေးပို့နေပြီ ဖြစ်သည်။  မူလအစီအစဉ်ရက်ချိန်းထက် တစ်လ နောက်ကျခဲ့သည်။
 .
BYD က လျှပ်စစ်ကားစစ်စစ်ကားများနှင့် ပလပ်ထိုး ဟိုက်ဘရစ်ကားများ တတိယ ၃ လပတ်တွင် ၅၃၈,၇၀၄ စီး ရောင်းချခဲ့သည်။ ယမန်နှစ် အလားတူကာလထက် စီးရေ ၃ ဆ နီးပါး ပိုများပါသည်။ 
.
BYD နှင့် Mercedes-Benz တို့၏ လျှပ်စစ်ကား ဖက်စပ်လုပ်ငန်း Shenzhen Denza New Energy Automotive က  ပထမဆုံး ထုတ်လုပ်မှု မော်ဒယ်အတွက် အမှာစာ ၃၀,၀၀၀ ကျော် လက်ခံရရှိထားခြင်းသည် ကမ္ဘာ့အကြီးမားဆုံး အီးဗီဈေးကွက်ဖြစ်သည့် တရုတ်ပြည်တွင်း အီးဗီဈေးကွက် တာစားနေပြီဖြစ်ကြောင်း ပြသပါသည်။
.
 မော်ဒယ် D9 ပရီမီယံ MPV ကို ဩဂုတ်လ အနှောင်းပိုင်းတွင် စတင်ရောင်းချခဲ့သည်။
 မူလက ကတိပေးခဲ့သည်ထက် တစ်လနောက်ကျပြီး အောက်တိုဘာလ ၂၃ ရက်တွင် မှာကြားသူများထံ ပထမအသုတ်ကို စတင်ပေးပို့သည်။
.
Covid-19 ကပ်ရောဂါကြောင့် လော့ဒေါင်းချသည့်အတွက် ပစ္စည်းပေးသွင်းကွင်းဆက် ကမောက်ကမ ဖြစ်ခဲ့ရသဖြင့် တစ်လ နောက်ကျရသည်ဟု ကုမ္ပဏီက ရှင်းပြခဲ့သည်။
"D9 အတွက် အမှာစာ ၃၀,၀၀၀ ကျော်သွားပါပြီ" ဟု  Denza မှ အ‌ထွေထွေ မန်နေဂျာ  Zhao Chang den za ၏အထွေထွေမန်နေဂျာ Zhao Changjiang က တရုတ်လူမှုကွန်ရက်  weibo တွင် ရေးသားခဲ့သည်။

 

D9 ပရီမီယံ MPV အတွင်းပိုင်း
Photo: Weibo

ပလပ်ထိုး ဟိုက်ဘရစ်နှင့် လျှပ်စစ်ကားစစ်စစ် နှစ်မျိုး ထုတ်လုပ်သည်။

ဟိုက်ဘရစ် D9 ဈေးနှုန်းမှာ ယွမ် 329,800 မှ ယွမ် 439,800 အထိ ဖြစ်သည်။ 
အီးဗီ D9 ဈေးနှုန်းမှာ ယွမ် 389,800 မှ ယွမ် 459,800 အထိ ဖြစ်သည်။

Denza ကို BYD နှင့် Daimler တို့မှ  50-50 ဖက်စပ်လုပ်ငန်းအဖြစ် တည်ထောင်ခဲ့သည်။ (Daimler ကို ယခုအခါ Mercedes-Benz Group ဟု အမည်ပြောင်းထားပါသည်)
၂၀၂၂ ဇန်နဝါရီလတွင် BYD က Daimler ၏ ရှယ်ယာ ၄၀% ကို ဝယ်ယူခဲ့သဖြင့် ယခုအခါ Shenzhen Denza New Energy Automotive တွင် ရှယ်ယာ ၉၀% ပိုင်ဆိုင်ပါသည်။ 
Source SCMP
TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read 5093 times