BYD  ၂၀၂၂ ခုနှစ်တွင် အသားတင်အမြတ် ဒေါ်လာ ၂.၄ ဘီလီယံ ရရှိ


BYD  ၂၀၂၂ ခုနှစ်တွင် အသားတင်အမြတ် ဒေါ်လာ ၂.၄ ဘီလီယံ ရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

  • BYD သည်   ၂၀၂၂  ခုနှစ်တွင် အသားတင်အမြတ် ကန်ဒေါ်လာ ၂.၄ ဘီလီယံ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်ထက်  ၄ ဆကျော် ပိုများသည်။ 
  • ၂၀၂၃ ခုနှစ်တွင် လျှပ်စစ်ကား အစီးရေ ၃.၆ သန်း ရောင်းချရန် ရည်မှန်းထားသည်။

.
BYD သည်   ၂၀၂၂  ခုနှစ်တွင်  ကားစီးရေ ၁.၈၅ သန်း ရောင်းချခဲ့ပြီး ထက်ဝက်နီးပါး ၄၉.၅% မှာ အီးဗီများ ဖြစ်သည်။ ကျန်သည့် ၅၀.၅% မှာ ပလပ်ထိုးဟိုက်ဘရစ် PHEV များ ဖြစ်ပါသည်။ 
ရောင်းချသည့်ကားအရေအတွက်၏ ၉၇% ကို တရုတ်ပြည်တွင်းဈေးကွက်ထဲတွင် ရောင်းချခဲ့သည်။ 
BYD  ရောင်းချသည့် မော်ဒယ်အမျိုးမျိုးတို့၏ ရောင်းဈေးများကို ပျမ်းမျှချကြည့်လျှင် ကားတစ်စီး ကန်ဒေါ်လာ ၂၄,၀၀၀ ဝန်းကျင်ရှိသည်။ ပျမ်းမျှအားဖြင့် ကားတစ်စီးလျှင် အမြတ် ကန်ဒေါ်လာ ၁,၂၀၀ ရရှိသည်။

BYD Han EV


.
ငွေစာရင်း ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် BYD ထူထောင်သူနှင့် လက်ရှိ စီအီးအို Wang Chuanfu က ကုမ္ပဏီသည် စွမ်းအင်သစ် မော်တော်ယာဉ် NEV (new energy vehicle) စီးရေ ၃ သန်းကို ၂၀၂၃ ခုနှစ်တွင် ရောင်းချရန် လျာထားကြောင်း ပြောကြားခဲ့သည်။ သို့သော် စီးရေ ၃ သန်းသည် မယုတ်မလွန် ပြောကြားခြင်းသာ ဖြစ်ပြီး စီးရေ ၃.၆ သန်းအထိ ရောင်းချနိုင်ဖွယ်ရှိပြီး ၂၀၂၂ ခုနှစ်ရောင်းရစီးရေ ၂ ဆ ရောင်းချခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ 
၎င်းရည်မှန်းချက် ပြည့်ဝခဲ့လျှင် ရှန်ကျန်းမြို့ အခြေစိုက် BYD သည်  ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကားစီးရေ အများဆုံး ထုတ်လုပ်ရောင်းချသည့် အကြီးမားဆုံး ကားထုတ်လုပ်သူ ဖြစ်လာမည် ဖြစ်သည်။ 


BYD သည် အင်ဂျင်ကားများ ထုတ်လုပ်မှုကို ၂၀၂၂ ဧပြီလတွင် အပြီးအပိုင် ရပ်ခဲ့ပါသည်။ 


Wang  က BYD ၏ brand တစ်ခုဖြစ်သော Denza အတွက် ရှေ့အစီအစဉ်ကိုလည်း ထည့်သွင်းပြောကြားသွားသည်။ တစ်လလျှင် Denza ကားစီးရေ  ၂ သောင်း ရောင်းချရန် လျာထားသည်။ MPV Denza D9  မော်ဒယ် စီးရေ  ၁ သောင်းနှင့် SUV N7 စီးရေ ၁ သောင်း ရောင်းချရန် လျာထားခြင်းဖြစ်သည်။


၂၀၂၂  ခုနှစ် BYD  အရောင်းရဆုံး ကားမော်ဒယ်များ

၂၀၂၂ ခုနှစ် BYD
အရောင်းရဆုံး
ကားမော်ဒယ်များ
မော်ဒယ် စီးရေ
Song Plus 458,047
Qin Plus 315,282
Han 274,016
Dolphin 205,417
Yuan plus 202,058

Yuan plus မှာ တရုတ်ပြည်တွင်းဈေးကွက်အတွက် မော်ဒယ်အမည် ဖြစ်ပြီး ပြည်ပဈေးကွက်တွင် မော်ဒယ်အမည်မှာ ATTO 3 ဖြစ်ပါသည်။ 


 BYD သည် ၂၀၂၂ ခုနှစ်တွင် တရုတ်အစိုးရထံမှ စွမ်းအင်သစ်ကား မူဝါဒအရ ထောက်ပံ့ကြေး ခန့်မှန်းခြေအားဖြင့် ကန်ဒေါ်လာ ၁.၅ ဘီလီယံ ရရှိခဲ့ပါသည်။ 
 BYD  တစ်နှစ်တာ အမြတ်၏ ၆၂% ကို ထောက်ပံ့ကြေး ရရှိခဲ့ခြင်း ဖြစ်ပါသည်။ 
အဆိုပါ ထောက်ပံ့ကြေး အစီအစဉ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ရက်မှစ၍ ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါသည်။ 

 BYD သည် သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် ၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၂၉၀ သုံးစွဲခဲ့ကြောင်း ငွေစာရင်းရှင်းတမ်းတွင် ဖော်ပြထားပါသည်။ BYD ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးအပိုင်းကဏ္ဍတွင် ဝန်ထမ်းဦးရေ ၆၉,၆၉၇ ရှိကြောင်း စာရင်းဖော်ပြထားပါသည်။ ၂၀၂၁ ခုနှစ်ထက် ၇၂% ပိုများပါသည်။ 

 


BYD Tang EV

 

မတ်လ ၂၉ ရက်နေ့တွင် BYD ဥက္ကဋ္ဌ  Wang Chuanfu သည် အဓိကရည်မှန်းချက်နှစ်ရပ်ကိုချမှတ်ခဲ့သည်။
ပထမရည်မှန်းချက်မှာ ၂၀၂၃ ခုနှစ်တွင် ကားစီးရေ ၃ မှ ၃.၆ သန်းအထိ ရောင်းချရန် ဖြစ်ပါသည်။
ဒုတိယရည်မှန်းချက်မှာ ၂၀၂၃ ခုနှစ်တွင် တရုတ်ပြည်တွင်းဈေးကွက်တွင် Volkswagen ထက် ရောင်းအား ပိုများရန် ဖြစ်ပြီး တရုတ်ဈေးကွက်ထဲတွင် ကားစီးရေ အများဆုံး ရောင်းချသည့် ကုမ္ပဏီ ဖြစ်လာရန် ဖြစ်ပါသည်။ 

BYD Seal

 


BYD  သည် အီးဗီဘက်ထရီကဏ္ဍတွင်လည်း အောင်မြင်နေသည့်အပြင် လူသုံးကုန် အီလက်ထရွန်းနစ်ပစ္စည်းများအတွက်လည်း ဘက်ထရီများ ထုတ်လုပ်လျက် ရှိပါသည်။ Samsung နှင့် Dell တို့၏ ထုတ်ကုန်အချို့တွင် BYD ၏ ဘက်ထရီကို သုံးစွဲပါသည်။ 

.
BYD သည် ပြည်ပသို့ ကားတင်ပို့မှုကို တိုးချဲ့လျက် ရှိပါသည်။ တရုတ်နိုင်ငံမှ သင်္ဘောကျင်း လုပ်ငန်းကြီး နှစ်ခု ဖြစ်သည့် China Merchants Industrial နှင့် China Merchants Heavy Industry တို့ထံတွင် ကားစီးရေ ၇,၅၀၀ မှ ၉,၀၀၀ အထိ တင်ဆောင်နိုင်သည့် အရွယ်စားရှိ ကားတင်သင်္ဘော ၄ စီး အမှာစာ ချထားပါသည်။ 

Source: BYD

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read 163 times