BYD က ဂျပန်ကားဈေးကွက်ထဲ မော်ဒယ် ၃ မျိုးဖြင့် မောင်းဝင်တော့မည်


BYD က ဂျပန်ကားဈေးကွက်ထဲ မော်ဒယ် ၃ မျိုးဖြင့် မောင်းဝင်တော့မည်


ဂျပန်ပြည်တွင်းဈေးကွက်ရဲ့  စျေးနှုန်းချိုသာပြီး စျေးတန်သော အပိုင်းအကန့် များတွင် ဦးဆောင်‌သူနေရာ ရရှိရန် BYD မျှော်လင့်ထားပါတယ်။ 

ကြာသပတေးနေ့ (ဇူလိုင် ၂၁)တွင် BYD က ဂျပန်နိုင်ငံတွင် စတင်ရောင်းချမယ့် အီးဗီမော်ဒယ် သုံးမျိုးကို ပြသခဲ့ပါတယ်။ တရုတ်နိုင်ငံတွင် ရေပန်းစားနေတဲ့ အီးဗီမော်ဒယ်များ ဖြစ်ပါတယ်။ 

တရုတ်ကားထုတ်လုပ်‌ရေးကုမ္ပဏီကြီး BYD က ၂၀၂၃ ခုနှစ်မှစတင်၍ ဂျပန်နိုင်ငံတွင် လျှပ်စစ်ကားများကို စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့ပါတယ်။
လျှပ်စစ်ကားခေတ်သို့ ကူးပြောင်းဖို့ နှေးနေဆဲ ဖြစ်တဲ့ ဂျပန်ဈေးကွက်ထဲမှာ အီးဗီဝယ်လိုအား တစ်စထက်တစ်စ မြင့်တက်လာမယ်လို့ BYD က မျှော်လင့်ထားပါတယ်။ 
BYD ရဲ့ လက်တံ BYD Japan က ဂျပန်မှာ အီးဗီများ ရောင်းချလျက် ရှိပါတယ်။ ၂၀၂၃ ဇန်နဝါရီလမှာ အီးဗီ မော်ဒယ် ၃ မျိုး စတင်ရောင်းချမယ်လို့ BYD Japan က ကြေညာပါတယ်။ 

  •  အရွယ်အစား အလယ်အလတ် SUV မော်ဒယ် vehicle Atto 3
  •  အရွယ်အငယ်စား နောက်ပွင့် hatchback မော်ဒယ် Dolphin 
  •  ဆီဒင်ကားမော်ဒယ် Seal 

တို့ ဖြစ်ပါတယ်။

 ဈေးနှုန်းများနှင့် အရောင်းစီးရေလျာထားချက်များကိုတော့ ထုတ်ပြန်ချက်မှာ ပြောမပြထားပါဘူး။
 BYD Japan အမှုဆောင်အရာရှိ  Atsuki Tofukuji က အီးဗီဝယ်စီးလိုသူများ ရွေးစရာ အမျိုးအစား ၃ မျိုးအထိ ရှိနေဖို့ ရည်ရွယ်ပြီး အဆိုပါ မော်ဒယ် ၃ မျိုးကို ဈေးကွက်တင်ရခြင်း ဖြစ်ကြောင်း ပြောကြားပါတယ်။
 
ဂျပန်ဈေးကွက် တစ်နှစ်တာ ကားအရောင်းပမာဏမှာ စီးရေအရ ကြည့်ရင် အီးဗီက ၁ % မျှသာ ပါဝင်ပါတယ်။
အစိုးရက ၂၀၃၅ မှာ ရောင်းချသမျှ ကားအသစ်တိုင်းသည် ပလပ်ထိုး ဟိုက်ဘရစ်များ အပါအဝင် လျှပ်စစ်ဖြင့် မောင်းနှင်တဲ့ ကားများ ဖြစ်ရမယ်လို့ ရည်မှန်းချက် ချမှတ်ပေးထားပါတယ်။ 

BYD Japan ဥက္ကဋ္ဌ  Liu Xueliang က "မေးခွန်းက အီးဗီတစ်စီး 'ဝယ်မှာလား၊ မဝယ်ဘူးလား' လို့ မေးစရာ မဟုတ်ဘူး။ 'ဘယ်တော့ဝယ်မှာလဲ' လို့ မေးကြရတာ ဖြစ်ပါတယ်" လို့ ပြောကြားပါတယ်။ 
 နောက်ထပ် တရုတ်ကားထုတ်လုပ်ရေးလုပ်ငန်း China FAW Group ကလည်း ဂျပန်မှာ အရောင်းဆိုင် တစ်ဆိုင် ဖွင့်ထားပြီးပြီ ဖြစ်ပါတယ်။ ဈေးအမြင့်တန်း အီးဗီမော်ဒယ်များကို ယခုနှစ်မှာ စတင်ရောင်းချပါမယ်။
BYD က ဈေးနှုန်း အနိမ့်တန်းနှင့် အလယ်အလတ်တန်းတို့ကို ရောင်းချမှာ ဖြစ်ပါတယ်။

BYD  က အီးဗီနှင့် လျှပ်စစ်ဘတ်စ်ကားများကို နိုင်ငံ ၇၀ မှာ ရောင်းချနေပါတယ်။ 
စွမ်းအင်သစ် မော်တော်ယာဉ်များ ၂၀၂၁ ရောင်းအား စုစုပေါင်း စီးရေ ၆ သိန်းနီးပါး ရှိပါတယ်။ ၉၀% က တရုတ်ပြည်တွင်းမှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ 
၂၀၂၂ ပထမနှစ်ဝက်မှာ စီးရေ ၆၄၀,၀၀၀ ရောင်းချခဲ့ပါတယ်။

#MyanmarAutomobileGuide
Telegram Channel

https://t.me/Guid4U

Source: asia.nikkei.

MAG

Read 11511 times