BYD ဂျပန်နိုင်ငံတွင် အီးဗီ  ဒုတိယမော်ဒယ် ထပ်တိုး 


BYD ဂျပန်နိုင်ငံတွင် အီးဗီ  ဒုတိယမော်ဒယ် ထပ်တိုး 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

တရုတ်နိုင်ငံ ထိပ်တန်းကားလုပ်ငန်း BYD သည် ဂျပန်ဈေးကွက်အတွက် ဒုတိယမြောက် လျှပ်စစ်ကားမော်ဒယ်ကို ယခု စက်တင်ဘာလတွင် ဂျပန်နိုင်ငံမှာ စတင်ရောင်းချမည်ဖြစ်ကြောင်း သောကြာနေ့(စက်တင်ဘာ ၁)က ပြောကြားခဲ့သည်။

BYD သည် ကမ္ဘာ့အရောင်းရဆုံး ကားအမှတ်တံဆိပ်အချို့နှင့်အတူ ဂျပန်ကားစျေးကွက်တွင် ခြေကုပ်ရရန် ကြိုးပမ်းနေပါသည်။

BYD သည်  Dolphin ကား‌မော်ာ်ဒယ်အတွက် စက်တင်ဘာလ ၂၀ ရက်မှစ၍ အမှာစာများ စတင်မှာယူနိုင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

Build Your Dreams ကို အတိုကောက် ပြုထားသည့် BYD သည် တရုတ်ဈေးကွက်တွင် Dolphin အီးဗီကို ယန်း ၁၁၆,၈၀၀ ($16,092.14) ဖြင့် ဈေးဖွင့်ထားပါသည်။ ဂျပန်နိုင်ငံတွင် ရောင်းချမည့် ဈေးနှုန်းကို စက်တင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာပေးမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

BYD သည် ဘက်ထရီသုံး လျှပ်စစ်ကားနှင့် အင်ဂျင် ဘက်ထရီ နှစ်မျိုးသုံး ဟိုက်ဘရစ်ကားတို့ကို ထုတ်လုပ်လျက်ရှိရာ ဂျပန်ဈေးကွက်တွင် ဘက်ထရီသုံး လျှပ်စစ်ကားများကိုသာ ရောင်းချမည် ဖြစ်ပါသည်။ တရုတ်ဈေးကွက်တွင် အီးဗီထက် ရောင်းအားပိုကောင်းသည့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် plug-in hybrid မော်ဒယ်များကို ဂျပန်တွင် ရောင်းချရန် အစီအစဉ် မရှိကြောင်း ပြောကြားပါသည်။


Dolphin မော်ဒယ်များကို ဂျပန်အားသွင်းစနစ် CHAdeMO charging standard နှင့် အဆင်ပြေအောင် စီစဉ်ပေးထားပါသည်။ 
နောက်နှစ် အစောပိုင်းတွင် Seal မော်ဒယ်ကို စတင်ရောင်းချမည်ဟု BYD က ပြောကြားပါသည်။

BYD သည် ဂျပန်တွင် စမ်းသပ်ကာလတရပ်အဖြစ် အီးဗီများ ရောင်းချခြင်းဖြစ်သဖြင့် ရောင်းချမည့်စီးရေ လျာထားချက် မသတ်မှတ်ထားပါ။
ဖေဖော်ဝါရီလတွင် ယိုကိုဟားမားမြို့တွင် ပထမဆုံး အရောင်းဆိုင်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ယခုအထိ ATTO 3 SUV အီးဗီ အစီးရေ ၇၀၀ ခန့် ရောင်းချခဲ့ပါသည်။ ရောင်းဈေးမှာ ယန်း ၄.၄ သန်း ($30,205.26) ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်တွင် အရောင်းဆိုင် ၁၀၀ ကျော် ဖွင့်လှစ်ထားရန် လျာထားပါသည်။ ဂျပန်မှ ကုန်သွယ်မှုလုပ်ငန်း Sojitz နှင့် လက်တွဲ ထားပါသည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1062 times