BYD ဆီဒင် Han ၅ မျိုး SUV Tang ၃ မျိုး လျှော့ဈေးဗာရှင်းအသစ်များ စတင်ရောင်းချ


BYD ဆီဒင် Han ၅ မျိုး SUV Tang ၃ မျိုး လျှော့ဈေးဗာရှင်းအသစ်များ စတင်ရောင်းချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၂၀၂၃ မတ်လ ၁၇ ရက်တွင် BYD က ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ဈေးအနိမ့်ဖြင့် ရောင်းချရန် ပြန်လည်ထုတ်လုပ်လိုက်သော မော်ဒယ် ၂ မျိုး စတင်ရောင်းချသည့်နေ့တွင် စုစုပေါင်း ၈,၁၉၆ စီး အမှာစာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
တရုတ်ကားဈေးကွက်တွင် ဈေးကွက်ဝေစုအတွက်ဈေးနှုန်းစစ်ပွဲ price war ဆက်လက်ဆင်နွှဲနေကြစဉ် BYD သည် ၎င်း၏ အထင်ကရ ဆီဒင်နှင့် အထင်ကရ SUV ဗားရှင်းများကို ပြန်လည်မွမ်းမံပြီး ယခင်ရရှိနိုင်သော မော်ဒယ်များ၏ စျေးနှုန်းထက် ချိုသာသော ဈေးနှုန်းများဖြင့် ဈေးဖွင့်ပြီး ရောင်းချပါသည်။

BYD သည် 2023 Han EV နှင့် 2023 Tang DM-i ကို  မတ်လ ၁၆ ရက်အွန်လိုင်းအစီအစဉ်တွင် အနိမ့်ဆုံး ဈေးနှုန်း ယွမ် ၂၀၉,၈၀၀ (ကန်ဒေါ်လာ ၃၀,၄၄၀) ဖြင့် မော်ဒယ် နှစ်ခုကို ဈေးအတူတူ သတ်မှတ်ပြီး ဈေးဖွင့်ပါသည်။

2023 Han EV ၏အတိုင်းအတာများသည် ယခင်ရရှိနိုင်သည့်မော်ဒယ်အတိုင်း မပြောင်းလဲပါ။
အလျား 4,975 mm
အကျယ် 1,910 mm
အမြင့် 1,495 mm
ခါးလျား 2,920 mm 
ဖြစ်ပါသည်။

2023 Han EV ကို လက်ရှိတွင် ဗားရှင်း ၅ မျိုးဖြင့် ရနိုင်ပါသည်။ ဈေးနှုန်းများမှာ
ယွမ် 209,800
ယွမ် 229,800
ယွမ် 259,800
ယွမ် 279,800
ယွမ် 299,800
တို့ ဖြစ်ပါသည်။
 
ဈေးအမြင့်ဆုံး ဗားရှင်းသည် ၄ ဘီးယက်ဖြစ်ပြီး ကျန်ဗားရှင်း အားလုဲး ၂ ဘီးယက် ရှေ့ဘီးယက်ဖြစ်ပါသည်။

 

ယခင် BYD Han ဈေးနှုန်းများမှာ ယွမ် ၂၁၉,၈၀၀ မှ  ၂၉၈,၈၀၀ အထိ ဖြစ်ပါသည်။

 
Han အသစ်တွင် ခရီးတာ ၄ မျိုး ရွေးချယ် နိုင်ပါသည်။ ဗားရှင်း ၂ မျိုးတွင် 715 km ဖြစ်ပြီး ကျန် ၃ မျိုးတို့မှာ 506 km, 605 km, 610 km တို့ ဖြစ်ပါသည်။

ဈေးအချိုဆုံး ဗားရှင်းတွင် လျှပ်စစ်မောင်းနှင်မော်တာ တစ်လုံး ထိုင်ပေးထားပြီး ပါဝါ 150 kW အထိ ရပါသည်။ ခရီးတာ 506 km အထိ ရပါသည်။ 
မော်တာတစ်လုံးတည်း ပါသည့် Han မော်ဒယ်အားလုံး 0 - 100 km/h အရှိန်တင်ရန် ၇.၉ စက္ကန့် ကြာပါသည်။

ဈေးအမြင့်ဆုံး ဗားရှင်းတွင် ရှေ့မော်တာ ပါဝါ 180 kW နှင့် နောက်မော်တာ ပါဝါ 200 kW အထိ ရနိုင်ပြီး 0 - 100 km/h အရှိန်တင်ရန် ၃.၉ စက္ကန့် ကြာပါသည်။

2023 Han EV အားလုံး အမြန်အားသွင်းနိုင်ပြီး  ၃၀ မှ ၈၀% သို့ အားသွင်းရန် မိနစ် ၃၀ အောက်သာ ကြာပါသည်။ 
.
.
2023 BYD Tang DM-i အကြောင်း ဆက်လက် ဖော်ပြပါမည်။
2023 BYD Tang DM-i အတိုင်းအတာများမှာ
အလျား 4,870 mm
အကျယ်  1,950 mm
အမြင့် 1,725 mm
ခါးလျား 2,820 mm
ဖြစ်ပြီး ယခင်ရရှိနိုင်သည့်မော်ဒယ်အတိုင်း အပြောင်းအလဲ မရှိပါ။

ဗားရှင်း ၃ မျိုး ရှိပြီး ဈေးနှုန်းများမှာ 
ယွမ် 209,800
ယွမ် 219,800
ယွမ် 233,800
တို့ ဖြစ်ပါသည်။


 


ယခင် Tang DM-i ဗားရှင်း ၃ မျိုး ဈေးနှုန်းများမှာ ယွမ် ၂၂၆,၈၀၀ မှ ၂၈၁,၈၀၀ အထိ ဖြစ်ပါသည်။

ယခင်အတိုင်း ပလပ်ထိုး ဟိုက်ဘရစ် ဖြစ်ပါသည်။ 1.5T engine အင်ဂျင် တစ်လုံးနှင့် မေည်တာတစ်လုံးတို့ဖြင့် မောင်းနှင်အား ထုတ်ပေးပါသည်။ အင်ဂျင်က ပါဝါ 102 kW အထိလည်းကောင်း၊ မေည်တာက ပါဝါ 160 kW အထိ လည်းကောင်း ထုတ်ပေးနိုင်စွမ်း ရှိပါသည်။
0 - 50 km/h ကို အရှိန်တင်ရန် ၄.၃ စက္ကန့် ကြာပါသည်။
ဗားရှင်း ၃ မျိုးစလုံး ဘက်ထရီ ခရီးတာ 112 km အထိ ရပါသည်။

Han EV နှင့် Hybrid Han DM စီးရီးများ အပါအဝင် BYD Han မိသားစုသည် ၂၀၂၂ ခုနှစ်တွင်  ၂၇၄,၁၉၅ စီး ရောင်းချခဲ့ရသည်။

Tang EV နှင့် Tang DM စီးရီးများအပါအဝင် BYD Tang မိသားစုမော်ဒယ်များသည် ၂၀၂၂ ခုနှစ်တွင် အစီးရေ ၁၅၉,၈၃၂ ရောင်းချခဲ့ရသည်။

ငွေလဲနှုန်း
($1 = RMB 6.8925)

Source  CnEVPost
 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 704 times