BYD ဘက်ထရီထုပ် အမြောက်အမြား ပထမဆုံးအကြိမ်  လေကြောင်းဖြင့်  ပြည်ပသို့ တင်ပို့ 


BYD ဘက်ထရီထုပ် အမြောက်အမြား ပထမဆုံးအကြိမ်  လေကြောင်းဖြင့်  ပြည်ပသို့ တင်ပို့ 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

BYD Group ၏ လက်အောက်ခံ ကုမ္ပဏီ Fudi Battery Co., Ltd ၏ FinDreams Battery လုပ်ငန်းခွဲသည် ၎င်းထုတ်လုပ်သည့် LFP Blade ဘက်ထရီ အများအပြားကို လေကြောင်းဖြင့် ပြည်ပသို့ တင်ပို့ခဲ့သည်။ 
FinDreams သည် အဓိကအားဖြင့် ဘက်ထရီ၊ အီလက်ထရွန်းနစ်၊ မော်တာနှင့် အခြားထုတ်ကုန်များကို ထုတ်လုပ်ရောင်းချသည်။

ဟူဘေးပြည်နယ် ၊ အာ့ကျို့မြို့ရှိ ဟွာဟူလေဆိပ်မှ ဂျာမနီနိုင်ငံ ဖရန့်ဖတ်လေဆိပ်သို့ လေကြောင်းကုန်စည် ပို့ဆောင်ရေး လေကြောင်းလိုင်း SF Airlines မှ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ရာ နိုဝင်ဘာလ ၂၄ ရက် မနက်ပိုင်းတွင် ဆိုက်ရောက်ခဲ့သည်။

တရုတ်ပြည်မှာ ထုတ်လုပ်သည့် ဘက်ထရီထုပ်များ အများအပြားကို ပြည်ပသို့ လေကြောင်းဖြင့် ပထမဆုံးအကြိမ် တင်ပို့ခြင်း ဖြစ်သည်။

BYD မှ ဒီဇိုင်းထုတ်ထားသော Fudi ဘက်ထရီထုပ် တစ်ထုပ် အလေးချိန်သည် ၃၀၀ ကီလိုဂရမ် နီးပါး ရှိပါသည်။ 

တင်းကျပ်သော နိုင်ငံတကာစံနှုန်းများအရ လီသီယမ်ဘက်ထရီများ ၃၅ ကီလိုဂရမ်ထက် ကျော်လွန်သော လေကြောင်းကုန်စည် အထုပ်အပိုးများသည်  သက်ဆိုင်ရာ အရပ်ဘက် လေကြောင်းစီမံခန့်ခွဲရေးဌာနထံမှ A99 အထူးခွင့်ပြုချက်စာကို မဖြစ်မနေ ရယူဖို့ လိုအပ်ပါသည်။ 

လုပ်ငန်းစဉ်တွင် လီသီယမ်ဘက်ထရီ သယ်ယူပို့ဆောင်ရေး ဘေးကင်းရေး စမ်းသပ်မှု၊ ထုပ်ပိုးမှု ဘေးကင်းရေး စမ်းသပ်မှု၊ အရေးပေါ်  လေ့ကျင့်မှုများနှင့် A99 ဆိုင်ရာ စာရွက်စာတမ်းများ ခွင့်ပြုချက် ရယူခြင်း အစရှိသည့် အဆင့်ဆင့်ကို မဖြစ်မနေ ဖြတ်သန်းရပါသည်။

မီးလောင်ပေါက်ကွဲမှုဒဏ်ကို ကြံ့ကြံခံနိုင်သော သေတ္တာများထဲ ဘက်ထရီထုပ်များကို ထည့်ပြီး သေတ္တာကို စနစ်တကျ အလုံပိတ်ရပါသည်။ ၎င်းသေတ္တာများ အသုံးပြုပြီး လေယာဉ်ဖြင့် ပို့ဆောင်ပါသည်။

အဆိုပါ ဘက်ထရီထုပ်များသည် ဂျာမနီနိုင်ငံရှိ တက်စလာ အီးဗီစက်ရုံအတွက် ဖြစ်ပါသည်။

Source: BYD FinDreams

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 4509 times