BYD နှင့် FAW ဖက်စပ်လုပ်ငန်း ပထမဆုံး ဘက်ထရီထုပ် ထုတ်လုပ်


BYD နှင့် FAW ဖက်စပ်လုပ်ငန်း ပထမဆုံး ဘက်ထရီထုပ် ထုတ်လုပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

စက်တင်ဘာလတွင် စတင်လည်ပတ်ရန် မျှော်မှန်းထားသည့် ဘက်ထရီစက်ရုံ စီမံကိန်းသည် ဘက်ထရီထုပ်များ စုစုပေါင်း 45 GWh အထိ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး စွမ်းအင်သစ်မော်တော်ယာဉ် အစီးရေ တစ်သန်းအတွက် ဘက်ထရီထုပ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်။ 
ဘက်ထရီစက်ရုံ စီမံကိန်းကို ၂၀၂၂ ခုနှစ် အစောပိုင်းတွင် စတင်ဆောက်လုပ်ခဲ့ပါသည်။

BYD ၏ ဘက်ထရီ ထုတ်လုပ်ရေး လက်တံ FinDreams နှင့် FAW ကားလုပ်ငန်းတို့၏ ဖက်စပ်လုပ်ငန်း FAW-FinDreams ပထမဆုံး ဘက်ထရီထုပ်ကို ၂၀၂၃ ဇူလိုင်လတွင် ထုတ်လုပ်ခဲ့ပါသည်။ 

 ပထမဆုံး ဘက်ထရီထုပ် ထုတ်လုပ်သည့် အခမ်းအနားကို စက်ရုံတွင် ဇူလိုင်လ ၂၁ ရက်တွင် ကျင်းပခဲ့ကြသည်။
 

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကျိလင်ပြည်နယ် ချန်ချွမ်တွင် တည်ရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၃.၅ ဘီလီယံ (ကန်ဒေါ်လာ ၁.၈၇ ဘီလီယံ) ရှိသည်။ စီမံကိန်း ဧရိယာသည်  စတုရန်းမီတာ ၈ သိန်း ကျယ်ဝန်းသည်။
FAW-FinDreams တွင် BYD က ၅၁% ၊ FAW က ၄၉% ပိုင်ဆိုင်သည်။

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 



Source cnevpost 
 

Read 386 times