BYD ၃ လတာအတွင်း ကားအစီးရေ ၁ သန်း ထုတ်လုပ်ခဲ့


BYD ၃ လတာအတွင်း ကားအစီးရေ ၁ သန်း ထုတ်လုပ်ခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


သုံးလတာအတွင်း ဘက်ထရီသုံး လျှပ်စစ်ကားစစ်စစ် ရောင်းအားတွင် ယခုအခါ BYD သည် Tesla နှင့် ရင်ဘောင်တန်း ပခုံးချင်း ယှဉ်နေပြီ ဖြစ်သည်။
ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်ကားတွင် BYD သည် ကမ္ဘာ့ဦးဆောင်သူနေရာတွင် ရပ်တည်နေသည်။
ယခုအခါ စွမ်းအင်သစ် မော်တော်ယာဉ် အစီးရေ ၆ သန်းမြောက်ကားကို ကျန်ကျိုးမြို့ရှိ BYD ကားစက်ရုံတွင် ထုတ်လုပ်လိုက်သည်။

 

တရုတ်အစိုးရ၏ စွမ်းအင်သစ် မော်တော်ယာဉ် အမျိုးအစားတွင် ဘက်ထရီသုံး လျှပ်စစ်ကား၊ ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်ကား၊ ဟိုက်ဒြိုဂျင်သုံးကားတို့ အကျုံးဝင်ပါသည်။

BYD သည် လွန်ခဲ့သည့် ၃ လက အစီးရေ ၅ သန်းမြောက် စွမ်းအင်သစ် မော်တော်ယာဉ်ကို ထုတ်လုပ်ခဲ့သည်။ 
သို့ဖြစ်ရာ BYD ၏ မော်တော်ယာဉ် ထုတ်လုပ်နေသည့် နှုန်းသည် ၃ လလျှင်  အစီးရေ ၁ သန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယခု ထုတ်လုပ်လိုက်သည့် အစီးရေ ၆ သန်းမြောက်  စွမ်းအင်သစ် မော်တော်ယာဉ်သည် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်ကား မော်ဒယ် BAO 5 ဖြစ်ပါသည်။

BYD တွင် မူရင်း အမှတ်တံဆိပ် BYD အပြင် FANGCHENGBAO, DENZA, Yangwang အမှတ်တံဆိပ် ၃ ခု ထားရှိပါသည်။
BAO 5 သည် FANGCHENGBAO အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ပထမဆုံးမော်ဒယ် ဖြစ်ပါသည်။

BYD သည် အိမ်စီးကားများအပြင် လျှပ်စစ်ဘတ်စ်ကားများလည်း ထုတ်လုပ်ပါသည်။ 

၂၀၁၀ ပြည့်နှစ်ကတည်းက BYD သည် စွမ်းအင်သစ် ဘတ်စ်ကားများနှင့် တက္ကဆီကားများ ထုတ်လုပ်ပါသည်။ ယခုအခါ နိုင်ငံပေါင်း ၇၀ မှ မြို့ကြီး ၄၀၀ ကျော်တွင် ပြေးဆွဲလျက် ရှိပါသည်။

BYD သည် ပြည်ပဈေးကွက်များ ချဲ့ထွင်လျက်ရှိရာ နိုင်ငံပေါင်း ၅၈ ခုတွင် တရားဝင် အရောင်းကိုယ်စားလှယ်များဖြင့် ရောင်းချလျက် ရှိပါသည်။ အအောင်မြင်ဆုံး နိုင်ငံများတွင် ထိုင်း၊ ဘရာဇီး၊ ဩစတေးလျတို့ ပါဝင်ပါသည်။ 

ယခုအခါ BYD ၏ လစဉ် ရောင်းအားသည် အစီးရေ ၃ သိန်းကျော် ဖြစ်ပါသည်။
Source businesswire
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 267 times