BYD ပထမဆုံး ကားတင်သင်္ဘော ပထမဆုံး ခရီးစဉ် စတင်


BYD ပထမဆုံး ကားတင်သင်္ဘော ပထမဆုံး ခရီးစဉ် စတင်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

BYD ၏ ပထမဆုံး ကားတင်သင်္ဘော အမည်မှာ "BYD Explorer No.1" ဖြစ်ပြီး သင်္ဘောပိုင်ရှင်က BYD ကို စင်းလုံးငှား ချာတာဖြင့် ငှားရမ်းထားပြီး တရုတ်ပြည်မှ ကားများ တင်ဆောင်ပြီး ဥရောပသို့ ပို့ဆောင်မည် ဖြစ်ပါသည်။


BYD သည် ကုမ္ပဏီမှ စီမံခန့်ခွဲသည့် ကားတင်သင်္ဘောများ ထားရှိမည့် အစီအစဉ်ကို အကောင်အထည် ဖော်လျက်ရှိရာ BYD ရေယာဉ်စု၏ ပထမဆုံး ကားတင်သင်္ဘောသည် ကားအစီးရေ ၇,၀၀၀ (7,000-CEU -car equivalent unit) တင်ဆောင်နိုင်သော အရွယ်အစားဖြစ်ပြီး CIMC Raffles က နိုင်ငံတကာသင်္ဘောကုမ္ပဏီ Zodiac Maritime အတွက် အသစ်တည်ဆောက်ပေးခဲ့ကြောင်း အစိုးရပိုင် China International Marine Containers (CIMC) က သတင်းကြေညာချက် ထုတ်ပြန်ပါသည်။ 
တရုတ်ပြည်အရှေ့ပိုင်း ရှန်းတုန်းပြည်နယ်မှ Longkou ဆိပ်ကမ်းမှ ခရီးစဉ် စတင်ပါသည်။ ကားများတင်ရန်အတွက် ရှန်းတုန်းပြည်နယ် Yantai ဆိပ်ကမ်းတွင် ဇန်နဝါရီလ ၉ ရက်တွင် ဆိုက်ကပ်ပါသည်။ ကားများ တင်ပြီးသည့်အခါ ရှန်ကျန်းမှ Xiaomo ဆိပ်ကမ်းသို့ သွားရောက်ပြီး ကားများ ထပ်တင်မည် ဖြစ်သည်။ ထို့နောက် ကားများ ပေးပိူ့မည့် ဥရောပသို့ ခရီးဆက်မည် ဖြစ်သည်။ 

"BYD Explorer No.1" သည် အလျား ၁၉၉.၉ မီတာ၊ အကျယ် ၃၈ မီတာ၊ ရေစူး ၈.၆ မီတာ ရှိပြီး 19 knots (တနာရီ  ၁၉ ရေမိုင် ၊ တနာရီ ၃၅ ကီလိုမီတာ) အမြန်နှုန်းဖြင့် ခုတ်မောင်းနိုင်ပါသည်။ 

ပင်မအင်ဂျင်နှင့် မီးစက်တို့အတွက် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) ကို အဓိကလောင်စာအဖြစ် အသုံးပြုပါသည်။ LNG လှောင်ကန် နှစ်စုံ တပ်ဆင်ထားသည်။ လောင်စာအပြည့် ဖြည့်တင်းပြီးလျှင် ခရီးတာ ရေမိုင် ၁၅၈၀၀ အထိ သွားနိုင်ပါသည်။

BYD သည် သင်္ဘောကျင်းများတွင် ကားတင်သင်္ဘော pure car/truck carriers (PCTC) အသစ်များ တည်ဆောက်ရန် အမှာစာများ ပေးအပ်ထားရာ၌ သင်္ဘောကျင်းများတွင် တည်ဆောက်နေဆဲ ဖြစ်ပါသည်။ 


BYD အတွက် ကားတင်သင်္ဘော ၂စီး တရုတ်သင်္ဘောကျင်းတွင် စတင်တည်ဆောက်
https://www.logisticsguide.com.mm/en/knowledge/tips/227626-byd.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

Source cnevpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 613 times