BYD နောက်ဆုံးထုတ်မော်ဒယ် Denza N7 ဇူလိုင်လဆန်း ကားစတင်အပ်နှံမည်


BYD နောက်ဆုံးထုတ်မော်ဒယ် Denza N7 ဇူလိုင်လဆန်း ကားစတင်အပ်နှံမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

BYD က နောက်ဆုံးထုတ်မော်ဒယ် Denza N7 ကို Shanghai Auto Show တွင် အမှာစာ စတင်လက်ခံခဲ့သည်။ ယခုအခါ အမှာစာ ၂ သောင်းကျော် ရရှိထားသည်။
Denza N7 ကို ဇူလိုင်လဆန်းတွင် ကြိုတင်ဝယ်ယူထားသူများထံ ကား စတင်အပ်နှံမည်။
၂ ဘီးယက်နှင့် ၄ ဘီးယက် ဗားရှင်း ၂ မျိုး ထုတ်လုပ်သည်။

Denza N7 ကို  BYD ၏ e-platform 3.0. ဖြင့် တည်ဆောက်ထားသည်။

၅ ယောက်စီး အလယ်အလတ် အရွယ်အစား crossover SUV ဖြစ်ပါသည်။
အလျား 4860mm
အကျယ် 1935mm
အမြင့် 1602mm
ခါးအလျား 2940mm

မော်တာတစ်လုံး နှစ်ဘီးယက် ဗားရှင်းသည် ပါဝါ 230 kW အထိ ထုတ်ပေးနိုင်သည်။ ခရီးတာ ၇၀၂ ကီလိုမီတာအထိ သွားနိုင်သည်။

မော်တာနှစ်လုံး လေးဘီယက် ဗားရှင်းသည် 390 kW အထိ ထုတ်ပေးနိုင်သည်။ ခရီးတာ ၆၃၀ ကီလိုမီတာအထိ သွားနိုင်သည်။

91.392 kWh lithium-iron-phosphate ဘက်ထရီထုပ် သုံးထားသည်။ BYD လက်အောက်ခံလုပ်ငန်း FinDreams Industry မှ ထုတ်လုပ်သည်။ 

Denza N7 အမြန်ဆုံး အမြန်နှုန်းမှာ 180 km/hr ဖြစ်ပါသည်။

အမြန်အားသွင်းစနစ်သည် ခရီးတာ 350 km အတွက် အားသွင်းရန် ၁၅ မိနစ် ကြာပြီး 100 km အတွက် ၄ မိနစ်ကြာမည် ဖြစ်သည်။

 

 

Source: AutoHome, DongCheDi, YiChe

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 367 times