တရုတ်ဈေးကွက်တွင် Volkswagen ကို ကျော်တက်ပြီး BYD အရောင်းရဆုံး ဖြစ်လာ


တရုတ်ဈေးကွက်တွင် Volkswagen ကို ကျော်တက်ပြီး BYD အရောင်းရဆုံး ဖြစ်လာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


BYD သည် နို၀င်ဘာလတွင် ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ ပြည်တွင်းဈေးကွက်၏ အရောင်းရဆုံး ကားအမှတ်တံဆိပ် ဖြစ်လာသည်။
အစဉ်အလာကြီးမားသော Volkswagen ကားအမှတ်တံဆိပ်ကို BYD က ကျော်တက်နိုင်ခဲ့သည်။
.
Tesla ၏ လက်လီရောင်းအားသည် ယခုနှစ် နိုဝင်ဘာလတွင် ယခင်နှစ် နိုဝင်ဘာလထက်
 နှစ်ဆနီးပါး မြင့်တက်ခဲ့ကြောင်း၊ Model 3 နှင့် Model Y တို့ကို စျေးနှုန်း‌ေလျှာ့ချပြီး မက်လုံးများ ပေးဆောင်ခဲ့ကြောင်း China Merchants Bank International (CMBI) မှ အချက်အလက်များအရ သိရသည်။
.
BYD ၏ လက်လီရောင်းချမှုမှာ နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ကားအစီးရေ ၁၅၂,၈၆၃ စီး ရှိခဲ့သည်။ 
Volkswagen ၏ လက်လီရောင်းချမှုမှာ ၁၄၃,၆၀၂ စီးဖြစ်ပြီး Toyota Motor Corp ၏ လက်လီရောင်းချမှုမှာ ၁၁၅,၂၇၂ စီး ရှိခဲ့သည်။
Volkswagen AG လုပ်ငန်းစုတွင် ပါဝင်သည့် ကား brand တစ်ခုဖြစ်သော Audi သည် ၃၆,၈၄၇ စီးရှိသဖြင့် ၎င်းစီးရေကို Volkswagen စာရင်းတွင် ထည့်တွက်ပါက Volkswagen ရောင်းအားသည် BYD ထက် ပိုများသည်ဟု ဆိုရမည်ဖြစ်သည်။
.
BYD သည် ၂၀၀၃ မှ ကားများ စတင်ထုတ်လုပ်ခဲ့ပြီး အချိန်တိုတိုအတွင်း ထိပ်ဆုံးသို့ ရောက်ရှိလာနိုင်ခဲ့ခြင်း ဖြစ်သည်။ 
.
တရုတ်ပြည်တွင်းဈေးကွက်တွင် အစိုးရက အီးဗီဝယ်ယူသူများကို ထောက်ပံ့ကြေး ပေးသည့်ကာလ အဆုံးသတ်တော့မည် ဖြစ်ခြင်း၊ ကိုဗစ်သုည မူဝါဒဖြင့် လော့ဒေါင်းများချနေခြင်း၊ တိုင်းပြည်စီးပွားရေး နှေးကွေးနေခြင်းတို့ကြောင့် လာမည့်လအနည်းငယ်တွင် ကားရောင်အား ကျဆင်းလိမ့်မည်ဟု မော်တော်ယာဉ် ထုတ်လုပ်သူတို့က မျှော်မှန်းထားကြသည်။ 
.
တစ်ဘက်မှာ အခြေအနေ တိုးတက်ကောင်းမွန်နေသော ကားထုတ်လုပ်ရေး လုပ်ငန်းများ ရှိနေပြီး အခြားတစ်ဘက်မှာ အခြေအနေ ယုတ်လျော့နေသည့် ကားလုပ်ငန်းများလည်း ရှိနေသည်။
အောက်တိုဘာလတွင် Stellantis က တရုတ်နိုင်ငံတွင် ၎င်း၏ Jeep ဖက်စပ်လုပ်ငန်းကို ဒေဝါလီခံရန် လျှောက်ထားကြောင်း ကြေညာခဲ့သည်။
အီးဗီခေတ်တွင် နိုင်ငံခြားအမှတ်တံဆိပ်တစ်ခု၏ ပထမဆုံး ကျရှုံးမှုကို ကြုံရသည့် ဖက်စပ်လုပ်ငန်း ဖြစ်သည်။
ထင်ရှားသည့် brand များ ဖြစ်ကြသည့်  Volkswagen, General Motors, Ford, Hyundai တို့၏ ကားစက်ရုံများသည် ရောင်းအား လျော့ကျသဖြင့်လည်းကောင်း၊ ကိုဗစ်လော့ဒေါင်းများကြောင့် လည်းကောင်း ထုတ်လုပ်မှုကို ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျနေသည်။
Source Reuters 
 

Read 2704 times