BYD ထူထောင်သူ ဘက်ထရီရည် တစ်ဖန်ခွက် သောက်ပြခဲ့


BYD ထူထောင်သူ ဘက်ထရီရည် တစ်ဖန်ခွက် သောက်ပြခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


BYD တည်ထောင်သူသည် ဘီလျံနာ ရင်းနှီးမြှုပ်နှံမှု ဂုရုကြီး ဝါရင် ဘတ်ဖက်၏ လက်ရုံးဖြစ်သူ အထင်ကြီးစေရန် ဘက်ထရီအရည်တစ်ဖန်ခွက်ကို သောက်ပြခဲ့ဖူးသည်။

ဝမ်ချန်ဖူသည် BYD ကို ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ဝါရင် ဘတ်ဖက်၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Berkshire Hathaway မှ လက်ရုံး David Sokol က BYD ၏ အလားအလာကို သတိမူမိသည်။ 
၂၀၀၈ ခုနှစ်တွင် တရုတ်ပြည် ရှန်ကျန်းမြို့မှ BYD ထံ သွားရောက်ခဲ့သည်။
ဝမ်ချန်ဖူ တို့က BYD ၏ ယှဉ်ပြိုင်မှု အားသာချက်များ၊ ကုမ္ပဏီ ကြီးထွားရေး အစီအစဉ်များ၊ ကမ္ဘာတစ်လွှားချဲ့ထွင်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ 
BYD ၏ ဘက်ထရီသည် မည်မျှအထိ သန့်ရှင်းကြောင်း လက်တွေ့ပြသသည့်အနေဖြင့် ဝမ်က ဘက်ထရီအရည် တစ်ဖန်ခွက်ကို သောက်ပြခဲ့သည်။
လအနည်းငယ် ကြာပြီးချိန်တွင် Berkshire Hathaway က BYD ၏ ရှယ်ယာ ၁၀% ကို ကန်ဒေါ်လာ ၂၃၂ သန်းဖြင့် ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံသည်။
BYD အနေဖြင့် အရင်းအနှီး ရရှိသည်ထက် နာမည်ကောင်း ရသည်က ပိုအကျိုးထူးသည်။ 
"ရင်းနှီးမြှုပ်နှံမှု ဂုရုကြီး ဝါရင် ဘတ်ဖက် ရင်းနှီးမြှုပ်နှံထားသည့် ကားကုမ္ပဏီ" ဟု ဂုဏ်သတင်းကြီးသွားသည်။
BYD သည် မိုဘိုင်းဖုန်း ဘက်ထရီ အမြောက်အမြား ဝယ်ယူသည့် ဝယ်လက်များ ဖြစ်သော Motorola နှင့် Nokia တို့ထံမှ အမှာစာများ ရရှိသည်။ 

BYD သည် မော်တော်ယာဉ် ထုတ်လုပ်ရေးကို ချဲ့ထွင် လုပ်ကိုင်သည်။ 
၂၀၀၂ ခုနှစ်တွင် နိုင်ငံပိုင် လက်နက်ထုတ်လုပ်သည့် လုပ်ငန်း၏ မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းများကို ဝယ်ယူလိုက်သည်။ 
ဓာတ်ဆီအင်ဂျင်ကား ပထမဆုံးမော်ဒယ်ကို ၂၀၀၅ ခုနှစ်တွင် ထုတ်လုပ်သည်။ ၎င်းမော်ဒယ်သည် Toyota Corolla နှင့် နင်လားငါလား ချွတ်စွပ်တူသည်။ 
BYD သည် ထုတ်လုပ်ရေး ကုန်ကျစရိတ် လျှော့ချရေးကို နည်းလမ်းများ ရှာကြံ လုပ်ကိုင်ခဲ့သည်။ ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် မော်ဒယ်များ ထုတ်လုပ်သည်။ ထို့နောက် လျှပ်စစ်ကားစစ်စစ် မောမဒယ်များ ထုတ်လုပ်သည်။ ဓာတ်ဆီအင်ဂျင်ကား ထုတ်လုပ်မှုကို အပြီးတိုင် ယတိပြတ် ရပ်လိုက်သည်။ 

 BYD သည် "Build Your Dreams" ကို အတိုကောက် ပြုထားခြင်း ဖြစ်ပြီး ကားကိုယ်ထည်ပေါ်တွင် Build Your Dreams ကို ဖော်ပြပေးသည်။
BYD ၏ နောက်ထပ် အဓိပ္ပာယ်တမျိုးမှာ "Bring Your Dollars"ဟု ဝမ်က အရွှန်းဖောက်ပြီး ပြောခဲ့ဖူးသည်။
 ဝမ်သည်  BYD ကို ဆွေမျိုးများထံမှ စုပေါင်းစပ်ပေါင်း ချေးငွေ ကန်ဒေါ်လာ ၃ သိန်းဖြင့် စတင်ခဲ့သည်။ လုပ်ငန်းပြုတ်လုနီးပါးအဖြစ်ကို တကြိမ်ကြုံဖူးသည်။

 BYD သည် အခြားသော တရုတ် အီးဗီ ထုတ်လုပ်သူများ စျေးကွက်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ရောင်းအား ထိခိုက်သည့် အဖြစ်များကို ကြုံခဲ့သည်။
၂၀၁၉ တွင် တရုတ်ပြည်သို့ Tesla ရောက်လာသည်။ BYD ရောင်းအား ထိုးကျသွားခဲ့သည်။ ဘက်ထရီလုပ်ငန်းကဏ္ဍ ဝင်ငွေဖြင့် BYD ဆက်လက် အသက်ရှင်ခဲ့ပြီး အသက်ပြန်ဝင်နိုင်ခဲ့သည်။ 
BYD အောင်မြင်လာသည့်အခါ ရှယ်ယာများ ဈေးမြင့်လာသည်။ Berkshire က ရှယ်ယာများ အမြတ် မြိုးမြိုးမြက်မြက် ရနေပြီ ဖြစ်သဖြင့် တသုတ်ပြီးတသုတ် ထုတ်ရောင်းသည်။ ယခုအခါ ၄% သာ ပိုင်ဆိုင်တော့သည်။ 

ယခုအခါ BYD တွင် အခရာကျသူ နှစ်ဦး ရှိသည်။ တစ်ဦးမှာ ဝမ်ချန်ဖူ ဖြစ်ပြီး "Mr. Inside" ဟု သူ့ကို ရည်ညွှန်းပြောဆိုကြသည်။ သူက ကုမ္ပဏီအတွင်း ထုတ်လုပ်ရေးကို အာရုံစိုက်ထားသည်။

 


နောက်တဦးမှာ ထင်ရှားသည့် အမျိုးသမီးတဦးဖြစ်သူ Stella Li ဖြစ်သည်။ သူမကို "Ms. Outside" ဟု ရည်ညွှန်းပြောဆိုကြသည်။ သူမက ကုမ္ပဏီ၏ လုပ်ငန်းကဏ္ဍများကို စီးပွားဖက် ပြုမည့်သူတို့ထံ ရောင်းချဖို့ကို အာရုံစိုက်ထားသည်။

Source CNBC
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 3336 times