BYD Blade ဘက်ထရီထုပ် Mercedes-Benz စတင်သုံးစွဲမည်


BYD Blade ဘက်ထရီထုပ် Mercedes-Benz စတင်သုံးစွဲမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Mercedes-Benz ကားမော်ဒယ်များတွင် BYD LFP Blade ဘက်ထရီထုပ် အဦးဆုံး အသုံးပြုမည့် မော်ဒယ်မှာ Mercedes-Benz CLA Concept ဖြစ်ပြီး 800V MMA ပလက်ဖောင်းပေါ်မှာ တည်ဆောက်ထားသည်။

 

Mercedes-Benz CLA Concept

 

Mercedes-Benz သည် BYD ၏ Blade ဘက်ထရီကို တရုတ်နိုင်ငံအတွက် ထုတ်လုပ်သည့် တရုတ်ဗားရှင်းအတွက်သာ အသုံးပြုမည်၊ သို့မဟုတ် နိုင်ငံတကာဗားရှင်းတွင်လည်း အသုံးပြုမည် ဆိုသည်ကို မသိရသေးပါ။

Mercedes-Benz သည် BYD ဘက်ထရီများဖြင့် လျှပ်စစ်ကားများကို ၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း တရုတ်သတင်းစာ CBEA က ဖော်ပြခဲ့သည်။
 CBEA ကို အစိုးရ ကျောထောက်နောက်ခံပြု အဖွဲ့အစည်း ဖြစ်သည့် China Automotive Battery Research Institute (CABRI) မှ ထုတ်ဝေပါသည်။


Mercedes-Benz CLA Concept ကို ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပသည့်  IAA Mobility Conference တွင် ပြသခဲ့ပါသည်။ စိတ်ကူးစိတ်သန်းများ ပုံဖော်ပြီး ထင်ဟပ်ပြသသည့် concept car အဆင့်ကို ပြသခြင်း ဖြစ်သဖြင့် အသေးစိတ် အချက်အလက်များ မသေချာသေးပါ။ ခရီးတာ 750 km ရမည်ဟု ဆိုပါသည်။ ၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်မည် ဖြစ်သည်။

 Mercedec-Benz သည် Daimler အမည်ဖြင့် လုပ်ကိုင်ခဲ့စဉ် ၂၀၁၀ ခုနှစ်တွင် BYD နှင့် ၅၀% စီ ဆတူ ပိုင်ဆိုင်ကြသည့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး Denza အမည်အမှတ်တံဆိပ်ဖြင့် ကားထုတ်လုပ်ရန် လုပ်ဆောင်ခဲ့သည်။ မအောင်မြင်ခဲ့ပါ။ ၂၀၂၁ ဒီဇင်ဘာတွင် Mercedes က ရှယ်ယာ ၄၀% ကို BYD ထံ ရောင်းချပြီး နုတ်ထွက်ခဲ့သည်။ ၁၀% ကို ဆက်လက်ပိုင်ဆိုင်ပါသည်။

 BYD  လက်ထဲ ရောက်ပြီးသောအခါ ၁ နှစ်ခွဲအတွင်းမှာ အီးဗီမော်ဒယ် အသစ် ၃ ခု ထွက်လာသည်။ D9 MPV နှင့် SUV မော်ဒယ်များ ဖြစ်သည့် N7 နှင့်  N8 တို့ ထွက်လာသည်။ ဇူလိုင်လတွင် Denza မော်ဒယ်များ ၁၁,၁၄၆ စီး ရောင်းချခဲ့သည်။
Denza D9 ကို IAA Mobility Conference တွင် ပြသခဲ့သည်။ 

Mercedes-Benz သည် ဈေးမြင့်သည့် Nickel Manganese Cobalt NMC ဘက်ထရီထုပ်ကို သုံးစွဲသည်။ NMC ဘက်ထရီတွင် သုံးစွဲသည့် သတ္တုများ ဈေးမြင့်ပါသည်။ 
lithium iron phosphate (LFP) ဘက်ထရီသည် NMC ဘက်ထရီထက် ဈေးသက်သာသည်။ ထို့ကြောင့် အီးဗီ ထုတ်လုပ်သူတို့သည် ဈေးသက်သာသည့် LFP ကို သုံးကြသည်။
Tesla သည် LFP ဘက်ထရီ စတင်သုံးစွဲခဲ့ပြီး ဂျာမနီ နိုင်ငံထုတ် Model Y တွင်လည်း BYD ၏ LFP ဘက်ထရီကို သုံးစွဲသည်။
Tesla ကားများတွင် သုံးပုံနှစ်ပုံကို LFP ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး ကျန်သည့် သုံးပုံတစ်ပုံကို NMC ဖြင့် ထုတ်လုပ်မည်ဟု အီလွန်မတ်စ်က ပြောကြားခဲ့ပါသည်။

Toyota, Kia, Lincoln တို့တွင်လည်း BYD ဘက်ထရီကို သုံးစွဲပါသည်။
တိုယိုတာက ဒုတိယမြောက် လျှပ်စစ်ကား  bZ3ကို ဧပြီလတွင် တရုတ်ပြည်မှာ စတင်ရောင်းချခဲ့သည်။ ကားထဲတွင် BYD ၏ LFP ဘက်ထရီသာမက  BYD ၏ မော်တာ၊ BYD ၏ နည်းပညာများ သုံးစွဲထားပါသည်။ 
တရုတ်ပြည်ဖြစ် Kia EV5 တွင်လည်း BYD ၏ LFP ဘက်ထရီ သုံးစွဲပါသည်။
တရုတ်ပြည်တွင် ထုတ်လုပ်သည့် Ford နှင့်  Lincoln ဟိုက်ဘရစ် မော်ဒယ်များတွင်လည်း BYD ဘက်ထရီ သုံးစွဲပါသည်။ 

 

BYD ၏ LFP ဘက်ထရီထုပ်


 Mercedes-Benz သည် CLA ဓာတ်ဆီအင်ဂျင် ဗားရှင်းကို လူငယ် ဝယ်လက်များအတွက် ထုတ်လုပ်မည်။ CLA ဘက်ထရီဗားရှင်းကို Tesla Model 3 ပြိုင်ဘက်အဖြစ် ထုတ်လုပ်မည်။ Model 3 သည် Tesla ၏ ဈေးချိုသည့် မော်ဒယ် ဖြစ်ပါသည်။ သို့ဖြစ်ရာ CLA သည်လည်း ဈေးသက်သာမှ ယှဉ်ပြိုင်နိုင်စွမ်း ရှိမည် ဖြစ်သည်။ CLA ဘက်ထရီဗားရှင်းကို ဈေးသက်သာအောင် ဈေးမြင့်သည့် NMC ဘက်ထရီ မသုံးဘဲ ဈေးသက်သာသည့် LFP သုံးစွဲမည် ဖြစ်ပါသည်။ 

Mercedes-Benz တွင် ၁၀% ကို တရုတ်ကားလုပ်ငန်း Geely Group က ပိုင်ဆိုင်သည်။ တရုတ်ကားလုပ်ငန်း Beijing Auto (BAIC) ကလည်း ၁၀% ပိုင်ဆိုင်သည်။ သို့ဖြစ်ရာ ၂၀% သည် တရုတ်ပိုင် ဖြစ်ပါသည်။
Source carnewschina 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 423 times