ထိုင်း BYD ကားစက်ရုံ ပန္နက်ချ စီးရေ တစ်သောင်းမြောက် ပေးပို့


ထိုင်း BYD ကားစက်ရုံ ပန္နက်ချ စီးရေ တစ်သောင်းမြောက် ပေးပို့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

မတ်လ ၁၀ ရက်တွင် BYD သည် ထိုင်းနိုင်ငံတွင် စက်ရုံအတွက် အုတ်မြစ်ချခြင်း အခမ်းအနားနှင့် စီးရေ တစ်သောင်းမြောက်  BYD Atto 3 အတွက် ပေးပို့ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။


BYD သည် ထိုင်းနိုင်ငံတွင် ကားပေးပို့အပ်နှံခြင်း မှတ်တိုင်တစ်ခုသို့ရောက်ရှိခဲ့ချိန်မှာ ထိုင်းနိုင်ငံမှာ တည်ဆောက်မည့် အိမ်စီးကား ထုတ်လုပ်ရေးစက်ရုံအတွက် ပန္နက်ရိုက်အခမ်းအနား ကျင်းပခဲ့ပါသည်။

 

 

မတ်လ ၁၀ ရက်တွင် BYD သည် ထိုင်းနိုင်ငံတွင် စက်ရုံအတွက် အုတ်မြစ်ချခြင်း အခမ်းအနားအပြင် ၉၉၉၉ စီးမြောက် နှင့် စီးရေ ၁၀,၀၀၀ မြောက် BYD Atto 3 ပေးပို့ခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် အိမ်စီးကား ထုတ်လုပ်ရေးအခြေစိုက်စခန်း တည်ထောင်ခြင်းသည် အာရှ-ပစိဖိတ်ဈေးကွက်သို့ အရှိန်အဟုန်မြှင့်ရန် BYD ၏ အဓိကလုပ်ဆောင်မှုတစ်ခုဖြစ်သည်ဟု ကုမ္ပဏီ၏ အာရှ-ပစိဖိတ် မော်တော်ကားအရောင်းဌာနခွဲ၏ အထွေထွေမန်နေဂျာ Liu Xueliang က ပြောကြားခဲ့သည်။

ထုတ်လုပ်မှု အခြေစိုက် စက်ရုံ  ဆောက်လုပ်ရေး စီမံကိန်းသည် ကမ်းရိုးတန်းပြည်နယ် ရယောင်းရှိ Eastern Economic Corridor Special Zone အတွင်းမှာ တည်ရှိသည့် WHA Rayong 36 စက်မှုဇုန်တွင် အကောင်အထည်ဖော်ခြင်းဖြစ်ပြီး အကျယ်အဝန်း ဧရိယာ စတုရန်းမီတာ ၉၆၀,၀၀၀ နီးပါးရှိသည်။

အဆိုပါ စက်ရုံသည် နှစ်စဉ် ကားအစီးရေ ၁၅၀,၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် စတင်ထုတ်လုပ်ရန် မျှော်မှန်းထားသည်။

 

 

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် BYD သည် ထိုင်းစက်မှုဇုန်မြေကွက် ဖော်ထုတ်‌ရေးလုပ်ငန်း WHA Industrial Development PLC နှင့် မြေယာဝယ်ယူမှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
WHA Industrial Development PLC သည် WHA Group လက်အောက်ခံ လုပ်ငန်း ဖြစ်ပါသည်။ 

မြေယာသဘောတူညီချက်သည် BYD ၏ ဘတ် ၁၇.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၉၁ သန်း) ရင်းနှီးမြှုပ်နှံမည့် လျှပ်စစ်ကားထုတ်လုပ်ရေးစီမံကိန်း အပါအဝင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့မှ ၂၀၂၂ ဩဂုတ်လတွင် အတည်ပြုခဲ့သော ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။


၂၀၂၂ အောက်တိုဘာလ ၁၀ ရက်နေ့တွင် BYD သည် ၎င်း၏ ထိုင်းပြည်တွင်းလုပ်ဖော်ကိုင်ဖက် Rêver Automotive နှင့်အတူ ထိုင်းနိုင်ငံတွင် Atto 3 ကို မိတ်ဆက်ခဲ့ပြီး နိုဝင်ဘာလတွင် တရားဝင်ရောင်းချခဲ့ပါသည်။ ၄၂ ရက်အကြာတွင် ရည်မှန်းချက် ဖြစ်သည့် စီးရေ ၁၀,၀၀၀ ပြည့်ခဲ့ပါသည်။ 

 

BYD သည်  e-Platform 3.0 ပလက်ဖောင်းကိုအခြေခံ၍ ထုတ်လုပ်ထားသော ၎င်း၏ပထမဆုံးလျှပ်စစ် SUV ကားမော်ဒယ်  Atto 3 ၉၉၉၉ စီးမြောက် နှင့် စီးရေ ၁၀,၀၀၀ မြောက်တို့ကို မတ်လ ၁၀ ရက်နေ့တွင် ပေးပို့ခြင်းအခမ်းအနား ကျင်းပခဲ့ပါသည်။


 
ဇန်နဝါရီ လကုန်အထိ ထိုင်းနိုင်ငံတွင် Atto 3 စီးရေ ၁,၃၅၂ မှတ်ပုံတင်ခဲ့ပြီး ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားစစ်စစ် မှတ်ပုံတင်ထားသည့် စီးရေ စုစုပေါင်း ၁၆,၆၇၁ ၏ ၈% ဖြစ်ပါသည်။

ဖေဖော်ဝါရီလကုန်တွင် ထိုင်းနိုင်ငံ၌ မှတ်ပုံတင် သည့် BYD Atto 3 အစီးရေ ၃,၀၀၀ ရှိပါသည်။

BYD အပြင် အခြား တရုတ်လျှပ်စစ်ကားကုမ္ပဏီ တစ်ခု ဖြစ်သည့်  Neta သည်  နှစ်စဉ် အစီးရေ ၂၀,၀၀၀ ထုတ်လုပ်မည့် ကားစက်ရုံ တစ်ရုံကို မတ်လ ၁၀ ရက်နေ့တွင်  ထိုင်းနိုင်ငံမှာ စတင်တည်ဆောက်ခဲ့ပါသည်။

 

BYD အကြောင်း သတင်းဆောင်းပါးများကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။

https://www.automobiledirectory.com.mm/article/byd

Source cnevpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 169 times