BYD Atto 3 လျှပ်စစ်ကား ကလေးထိုင်ခုံ လိုအပ်ချက်ကြောင့် ပေးပို့မှုရပ်ဆိုင်းထား


BYD Atto 3 လျှပ်စစ်ကား ကလေးထိုင်ခုံ လိုအပ်ချက်ကြောင့် ပေးပို့မှုရပ်ဆိုင်းထား

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U


တရုတ်နိုင်ငံမှာ ထုတ်လုပ်ပြီး ဩစတြေးလျနိုင်ငံမှာ ရောင်းချနေတဲ့ BYD Atto 3 လျှပ်စစ်ကားများ ပေးပို့မှုရပ်ဆိုင်းကြောင်း နို့တစ် stop delivery' notice ထုတ်ပြန်ထားပါတယ်။ 
ဩစတြေးလျ မော်တော်ယာဉ် စည်းကမ်းများကို မလိုက်နာတဲ့အချက် ရှိနေလို့ ရပ်ဆိုင်းထားလိုက်ရတာ ဖြစ်ပါတယ်။
BYD Atto 3 ဝယ်ယူဖို့ စာရင်းပေးပြီး တန်းစီစောင့်ဆိုင်းနေကြတဲ့သူတွေ စောင့်ရတဲ့အချိန် ပိုကြာတော့မှာ ဖြစ်ပါတယ်။
.
Atto3  ကို ဖေဖော်ဝါရီလ ၂၀၂၂ တွင် မှာကြားခဲ့ပြီး နောက်ဆုံးတော့  ဒီနေ့ နေ့လည် ၂ နာရီမှာ ရဖို့ ရက်ချိန်းရထားပြီးပြီ၊ အခုတော့ ကလေးထိုင်ခုံ ပြဿနာကြောင့် ဘယ်လောက်ကြာအောင် ထပ်စောင့်ရမလဲ မသိနိုက်တော့ဘူး လို့ ကားရဖို့ စောင့်နေသူတစ်ဦးက လုမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

 


 ဩစတြေးလျမှ BYD Atto 3 ဖြန့်ဖြူးသူများက ပြဿနာကို ဖြေရှင်းနေချိန်တွင် ယာဉ်အသစ်များ ပေးပို့ခြင်းကို  ၂၀၂၂ အောက်တိုဘာ ၂၁ မှစ၍ ခုနစ်ရက်ကြာ ခေတ္တရပ်ထားမည်ဖြစ်ကြောင်း ဝယ်လက်များကို အသိပေးထားကြပါတယ်။
BYD အနေဖြင့် လောလောဆယ်မှာ ကြိုတင်မှာကြားထားသူများထံသို့  ပေးပို့ပြီးသား ကားများအတွက် ဘယ်လိုစီစဉ်ပေးရမလဲဆိုတာ မပြောနိုင်‌သေးပါဘူး။
.
BYD နှင့် EV Direct (အရောင်းကိုယ်စားလှယ်) တို့သည် နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်တစ်ခုနှင့် စပ်လျဉ်း၍ ဖက်ဒရယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် လုပ်ဆောင်လျက်ရှိကြောင်း အရောင်းကိုယ်စားလှယ်ရဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။ 
ကိစ္စရပ်မှာ ကလေးထိုင်ခုံအသုံးပြုမှုနှင့် ဆက်စပ်နေပြီး အနောက်ထိုင်ခုံတန်း  အလယ်ဗဟိုတွင် ကလေးထိုင်ခုံ နေရာချမည်ဆိုပါက ထိုင်ခုံတပ်ဆင်ရန် စီစဉ်ပေးထားခြင်း မရှိခြင်း ဖြစ်ကြောင်း ရှင်းပြ အသိပေးထားပါတယ်။
 .
"BYD သည် ဖောက်သည်အများစုအတွက် ၎င်းက‌လေးထိုင်ခုံ ကိစ္စရပ်သည် သက်ဆိုင်မှုမရှိကြောင်း နားလည်သည်၊ မည်သို့ပင်ဆိုစေကာမူ လုံခြုံရေးသည် ကျွန်ုပ်တို့၏ နံပါတ်တစ် ဦးစားပေးဖြစ်သောကြောင့် ဖက်ဒရယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ တောင်းဆိုမှုကို ကျေနပ်မှု ရသည်အထိ ဆက်လက် လုပ်ဆောင်ပါသည်" လို့ BYD က ထုတ်ပြန်ပါတယ်။
.
"BYD နှင့် ပို့ဆောင်ရေးဌာနတို့သည် ကားပေးပို့မှုများကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်စတင်ရန် ရည်ရွယ်ချက်ဖြင့် ဤကိစ္စကို ဖြေရှင်းရန် လုပ်ဆောင်နေပါသည်" လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 
.
ကားသစ်များ လွှဲပြောင်းပေးအပ်မှု ခုနစ်ရက်ကြာ ခေတ္တရပ်နားထားရခြင်းသည် ကားရဖို့  တန်းစီထားသည့် အလှည့်ကျအမှတ်စဉ်‌နေရာအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း BYD မှ ပြောကြားခဲ့သည်။ 

ဩစတြေးလျ ကားအသစ် အကဲဖြတ်ခြင်းအစီအစဉ်Australasian New Car Assessment Program (ANCAP) က BYD Atto 3 လျှပ်စစ်ကားကို ဘေးကင်းလုံခြုံမှု ကြယ် ၅ ပွင့် ပေးဖို့ စစ်ဆေးခဲ့ရာမှ ကလေးထိုင်ခုံအတွက် လိုအပ်ချက်ကို သိရှိခဲ့ခြင်း ဖြစ်ပါတယ်။

 

ယာဉ်တိုက်ခိုက်မှု ကြံ့ခိုင်မှုမှာ  BYD Atto 3  က တိုက်ကြေစစ်ဆေးမှု အောင်မြင်ခဲ့ပြီး ကလေးထိုင်ခုံ လိုအပ်ချက်မှာ ပြဿနာတက်နေလို့ ဆင်ပြောင်ကြီး အမြီးကျမှတစ် ဖြစ်နေပါတယ်။

 


BYD Atto 3 ကို ၅ ယောက်စီးကားအဖြစ် စာရင်းသွင်းထားပါတယ်။ နောက်ထိုင်ခုံတန်းမှာ ၃ ယောက် ထိုင်စီးဖို့ စီစဉ်ထားတာမှာ အလယ်နေရာအတွက် ကလေးထိုင်ခုံတပ်ဖို့ မစီစဉ်ထားတဲ့အတွက် စည်းကမ်းအရ လိုအပ်နေတာ ဖြစ်ပါတယ်။ ၅ ယောက်စီး အိမ်စီးကားများအတွက် ဩစတေးလျ မော်တော်ယာဉ်စည်းကမ်းပြဋ္ဌာန်းချက် ဖြစ်ပါတယ်။

 

BYD Atto 3 တွင် ISOFIX ကလေးထိုင်ခုံ နှစ်ခုသာ ထည့်ပေးထားပါတယ်။ နောက်ထိုင်ခုံ ဝဲခြမ်းနှင့် ယာခြမ်းတို့မှာသာ ထည့်ပေးထားပြီး အလယ်နေရာမှာ မပါဝင်ပါ။
တကယ်လို့ ကလေးတစ်ခုံတစ်ခုသာ တပ်ဆင်မယ်ဆိုရင် ကားဘေးဘက် တိုက်မိတဲ့အခါ အလယ်နေရာက ဘေးနှစ်ဖက်ထက် ပိုဘေးကင်းပါတယ်။ 


ကလေးထိုင်ခုံ ကိစ္စရပ်က လွယ်မယောင်နဲ့ ခက်ပါတယ်။ ကလေးထိုင်ခုံ နေရာချပြီး တပ်ဆင်ဖို့၊ ပြန်ဖြုတ်ဖို့ ‘Upper Anchor Fitting’ ပါရမှာဖြစ်ပြီး ‘Upper Anchor Fitting’ မှာ အလွယ်တကူ တပ်ဖို့ ဖြုတ်ဖို့ တပ်ထားစဉ် မြဲမြံနေစေဖို့ ‘Attaching Clip’ ပါရမှာ ဖြစ်ပါတယ်။ ဘာကိရိယာမှ မသုံးစွဲဘဲ လက်ဖြင့်သာ တပ်ခြင်း၊ ဖြုတ်ခြင်း လုပ်ဆောင်နိုင်ရမှာ ဖြစ်ပါတယ်။
ကလေးထိုင်ခုံ ကိစ္စရပ်က တိမ်မယောင်နဲ့ နက်ပါတယ်။ ကလေးအသက်အန္တရာယ် ဘေးကင်းရေးအတွက် မပါမဖြစ် လိုအပ်ပါတယ်။ 
လောလောဆယ်မှာတော့ ဝယ်ယူသူတို့ထံ ပေးပို့ပြီးသား BYD Atto 3 ကားများမှာ နောက်ထိုင်ခုံတန်း အလယ်နေရာမှာ ကလေးထိုင်ခုံ မထားရှိဖို့ BYD က ကားပိုင်ရှင်များထံ အကြောင်းကြားစာ ပေးပို့ထားပါတယ်။
Source drive.com

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read 2406 times