ထိုင်းကားအသစ်ဈေးကွက် အဝယ်အေးနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံတွင် လက်ယာကပ်မောင်းစနစ် ကျင့်သုံးပြီး ထိုင်းနိုင်ငံတွင် လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးတဲ့အတွက် စတီယာရင် ယာဘက်မှာ ထားတဲ့ ထိုင်းဗားရှင်း BYD Dolphin hatchback မော်ဒယ်ကို BYD အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အထွေထွေမန်နေဂျာ Liu Xueliang က ထိုင်းနိုင်ငံမှာ မိတ်ဆက် ပွဲထုတ်ပြသခဲ့ပါတယ်။
ထိုင်းဗားရှင်း Dolphin ရဲ့ နောက်ထပ် ထူးခြားချက်ကတော့ ရောင်းဈေး ခေါက်ချိုးသက်သာနေတာ ဖြစ်ပါတယ်။
ကားအသစ်တွေကို ဈေးချရောင်းပြီး ဈေးကွကါဝေစု ရဖို့ ကြိုးပမ်းကြတဲ့ ဈေးနှုန်းစစ်ပွဲ price war ထိုင်းနိုင်ငံသို့ ကူးစက်ပါတယ်။
တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့မှ မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီတွေက ထိုင်းနိုင်ငံမှယ နှစ်စဉ်ကျင်းပမြဲဖြစ်သော နိုင်ငံတကာ မော်တော်ကားပြပွဲ Bangkok Motor Show တွင် မော်ဒယ်အသစ်များအတွက် သိသိသာသာစျေးလျှော့ပေးထားကြပါတယ်။
တရုတ်နိုင်ငံမှ ထိပ်တန်းလျှပ်စစ်ကားထုတ်လုပ်သူ BYD က စျေးနှုန်းသက်သာသော BYD Dolphin hatchback အီးဗီ အသစ်ကို ၇၉၉,၉၉၉ ဘတ် ($23,457) ဖြင့် အစပြုဈေးအဖြစ် သတ်မှတ်ကာ ဈေးဖွင့်ပါတယ်။
လျှပ်စစ်ကားတစ်စီးအတွက် ကမ္ဘာ့ပျမ်းမျှစျေးနှုန်းရဲ့ ထက်ဝက်မျှသာ ဖြစ်တဲ့ ဈေးနှုန်း ဖြစ်ပါတယ်။
BYD က Dolphin အတွက် အမှာစာများကို စတင်လက်ခံခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး မှာယူပါက ဇူလိုင်လတွင် ကားကို ဝယ်ယူသူထံ ပို့ဆောင်ပေးမယ်လို့ အာရှ-ပစိဖိတ် အထွေထွေမန်နေဂျာ Liu Xueliang က ပြောကြားခဲ့ပါတယ်။
BYD ထိုင်းဖြန့်ဖြူးရေး တစ်ဦးတည်း ကိုယ်စားလှယ် Rever Automotive ရဲ့ စီအီးအို သူ Pratarnwong Phornprapha က "ကျွန်တော်တို့က Dolphin ကို တန်ဖိုးသင့် အီးဗီ ဖြစ်စေလိုပါတယ်' လို့ ပြောကြားပါတယ်။
BYD က ထိုင်းနိုင်ငံမှာ BYD Atto 3 SUV စီးရေ တစ်သောင်းမြောက်ကို ဖေဖော်ဝါရီလမှာ မှာကြားထားသူထံ ပေးအပ်ခဲ့ပါတယ်။
BYD အမှုဆောင်အရာရှိများက ဘတ် ၇၉၉,၉၉ စျေးနှုန်းဟာ နောက်ဆုံးဈေးနှုန်း မဟုတ်သေးကြောင်း ပြောကြားပါတယ်။
ထိုင်းအစိုးရထံမှ အီးဗီထောက်ပံ့ကြေး အစီအစဉ်ကို ရယူဖို့ ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။
တကယ်လို့ တင်သွင်းတဲ့ အစီးရေနှင့် ထပ်တူထပ်မျှ သို့မဟုတ် ပိုများတဲ့ ကားအရေအတွက်ကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ပါမယ်လို့ BYD က အာမခံပါက ယခု တင်သွင်းထားသည့်ကားများကုိ ဝယ်ယူသူများ ဘတ်ငွေ ၁၅၀,၀၀၀ အထိ အီးဗီထောက်ပံ့ကြေးများ ရရှိနိုင်မှာ ဖြစ်ပါတယ်။
BYD က ထိုင်းမှာ ကားများ တပ်ဆင်ထုတ်လုပ်ရန် အစီအစဉ်ကို အကောင်အထည်ဖော်နေပါတယ်။
မတ်လ ၁၀ ရက်နေ့တွင် BYD က ထိုင်းနိုင်ငဲ ရယောင်းပြည်နယ်ရှိ ၎င်းရဲ့ ဘတ် ၁၇.၉ ဘီလီယံ စက်ရုံကို ပန္နက်ချခဲ့ပြီး တတိယသုံးလပတ်တွင် ထုတ်လုပ်မှုစတင်ဖို့ မျှော်မှန်းထားပါတယ်။
တောင်ကိုရီးယားမှ Hyundai က ထိုင်းဈေးကွက်မှာ Ioniq 6 လျှပ်စစ်ဆီဒင် နှင့် Stargazer မီနီ MPV (multipurpose vehicle)အပါအဝင် မော်ဒယ် အသစ် ၄ မျိုး တင်သွင်းရောင်းချပါတယ်။
Hyundai Motor က ယမန်နှစ်မှာ အင်ဒိုနီးရှားတွင် ကားများ စတင်ထုတ်လုပ်ခဲ့ပြီး မော်ဒယ်အသစ် ၄ မျိုးကို အင်ဒိုနီးရှားမှ ထိုင်းသို့ တင်ပို့ခဲ့ပါတယ်။
ထိုင်းပြည်တွင်း ကုမ္ပဏီအဖြစ်ဖြင့် Hyundai Mobility Thailand ကို ဧပြီလ ၁ ရက်မှာ ထူထောင်မယ်လို့ ကြေညာခဲ့ပါတယ်။
Hyundai က ယမန်နှစ်က ထိုင်းနိုင်ငံမှာ ကားအစီးရေ ၄,၉၅၈ စီး ရောင်းချခဲ့ပါတယ်။ နည်းပါတယ်။ အင်ဒိုနီးရှားမှာ ၃၀,၁၉၃ စီး ရောင်းချခဲ့ပါတယ်။
ထိုင်းနိုင်ငံတွင် ကားအသစ်ရောင်းအား ဆက်တိုက်ကျဆင်းလာနေခဲ့ရာ ဖေဖော်ဝါရီလမှာလည်း စတုတ္ထမြောက်လအဖြစ် ဆက်လက် ကျဆင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံ စက်မှုအသင်းချုပ် Federation of Thai Industries (FTI) က ပစ်ကပ်ထရပ် ရောင်းအား ထိုးကျခြင်း၊ ချစ်ပ်ပြတ်လပ်ခြင်း၊ စတုတ္ထ ၃လပတ်တွင် ထိုင်းနိုင်ငံ စီးပွားရေး ကျုံ့ခြင်းကြောင့် ကားအသစ်တွေ အဝယ်အေးနေခြင်းတို့ကြောင့် ရောင်းအားကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
ကားရောင်းအား ကောင်းဖို့အတွက် ဘဏ်ချေးငွေ ရရှိနိုင်မှုနှင့် ဘဏ်အတိုးတို့က အရေးပါပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကားအသစ်ဝယ်ယူသူများရဲ့ ၈၀% က ဘဏ်ချေးငွေဖြင့် ဝယ်ယူကြပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ၄၀% ဝန်းကျင်က အတိုးနှုန်း မမြင့်တဲ့ ဘဏ်ချေးငွေကို အားကိုးကြပါတယ်။
Krungsri Auto က အီးဗီဝယ်မယ့်သူတွေကို အီးဗီချေးငွေ အစီအစဉ် ဝန်ဆောင်မှု ပေးပါတယ်။
အဆိုပါချေးငွေများကို ရယူတဲ့ ဖောက်သည်များဟာ အကြွေးဆပ် မှတ်တမ်းကောင်းများ ရှိထားတဲ့ လက်ရှိကားပိုင်ရှင်များ ဖြစ်ပါတယ်လို့ Krungsri Auto အကြီးအကဲ Congsin Congcar က ပြောကြားပါတယ်။
“အီးဗီချေးငွေ ရယူတဲ့ ဖောက်သည်တွေဟာ အရည်အသွေး ကောင်းမွန်တဲ့ ဖောက်သည်တွေပါ။ သူတို့မှာ သုံးဖို့ ပိုက်ဆံရှိလို့ ဒုတိယကားကို ထပ်ဝယ်သူတွေ များတယ်။ အရင်က ဝယ်တဲ့ကားက ဟိုက်ဘရစ်ကားဖြစ်ပြီး စွမ်းအင်ချွေတာရေးက သူတို့စိတ်ထဲမှာ ရှိေနပါတယ်" လို့ သူက ပြောကြားပါတယ်။
Krungsri Auto က ၂၀၂၃ မှာ အီးဗီချေးငွေ ပမာဏ ၂ ဆ တိုးဖို့ ရည်မှန်းထားပါတယ်။ ချေးငွေ ဘတ် ၄.၆ ဘီလီယံကို အီးဗီ စီးရေ ၃၀,၀၀၀ ကျော်အတွက် လျာထားပါတယ်။
FTI က လျှပ်စစ်ကားနှင့် ဟိုက်ဘရစ်ကား နှစ်မျိုးပေါင်း စီးရေ ၃,၀၀၀-၄,၀၀၀၀ ကို ၂၀၂၃ ခုနှစ်မှာ ရောင်းချရမယ်လို့ ခန့်မှန်းထားပါတယ်။
ကားအသစ် အမျိုးမျိုး စီးရေ ၉ သိန်း ရောင်းရမယ်လို့ ခန့်မှန်းထားပါတယ်။
ဟိုက်ဘရစ်ကို အဓိကထားတဲ့ Toyota Motor က ထိုင်းဈေးကွက်မှာ ယခုနှစ်အတွင်း ဟိုက်ဘရစ် မော်ဒယ်အသစ် ၄ မျိုး စတင်ရောင်းချဖို့ အစီအစဉ် ရှိပါတယ်။
Source Asia nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U