BYD ကမ္ဘာ့ရောင်းအား အဆင့် ၄ နေရာ ရယူ


BYD ကမ္ဘာ့ရောင်းအား အဆင့် ၄ နေရာ ရယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်ကားထုတ်လုပ်သူ BYD သည် အမေရိကန် ကားလုပ်ငန်းကြီး Ford ကို ကျော်တက်ပြီး ကမ္ဘာ့ရောင်းအား စတုတ္ထအများဆုံး ကားလုပ်ငန်းအဖြစ်သို့ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရောက်ရှိလာသည်ဟု TrendForce က အချက်အလက် ထုတ်ပြန်သည်။


 


ဩဂုတ်လတွင် ကမ္ဘာ့အဓိကစျေးကွက် ၃၇ ခုတွင် ကားအသစ်ရောင်းအားသည် အစီးရေ ၅.၅၅ သန်းရှိခဲ့သည်။ ဇူလိုင်လထက် ၁% နီးပါး ပိုများသည်။

BYD သည် တရုတ်နိုင်ငံ၏ မော်တော်ယာဥ်ကဏ္ဍတွင် ဝယ်လိုအား ပျော့ပျောင်းနေသော်လည်း ကားရောင်းအား ယခင်လထက် ၅ ရာခိုင်နှုန်း တိုးလာသည်။

BYD သည် တတိယနေရာတွင် ရပ်တည်နေသော ဟွန်ဒါကို မီလုမီခင် ဖြစ်နေသည်။ ဈေးကွက်ဝေစု ၀.၁% မျှသာ လိုတော့သည်။

 

 ဩဂုတ်လ ကားအသစ် ကမ္ဘာ့ရောင်းအား ထိပ်တန်း(၁၀) စာရင်း ပထမ၊ ဒုတိယ၊ တတိယ နေရာများသည် ဇူလိုင်လအတိုင်း ဆက်ရှိနေသည်။
Toyota, Volkswagen, Honda အစဉ်အတိုင်း ဆက်ရှိနေသည်။ 


Ford သည် ဩဂုတ်လတွင် အမေရိကန် ဥရောပ၊ တရုတ် ဈေးကွက်ကြီး ၃ ခုစလုံးတွင် ရောင်းအား လျော့ကျခဲ့သည်။ ဆဌမ နေရာသို့ လျှောကျသွားသည်။
Source  TrendForce 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 590 times