BYD က နောက်ဆုံးထုတ်မော်ဒယ် 2023 Song Plus ကို ယွမ် တစ်သောင်း ထပ်မံ ဈေးလျှော့ချ


BYD က နောက်ဆုံးထုတ်မော်ဒယ် 2023 Song Plus ကို ယွမ် တစ်သောင်း ထပ်မံ ဈေးလျှော့ချ

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

BYD က ဇွန် ၁၉၊ ၂၀၂၃ မှာ 2023 Song Plus SUV ကို တရားဝင် စတင်ရောင်းချပါသည်။ လွန်ခဲ့သည့် ၁၀ ရက် ကြိုရောင်း pre-sale စတင်ခဲ့ပါသည်။
အသစ်ထုတ်လုပ်သည့် Song Plus DM-i ကို ဗားရှင်း ၄ မျိုးဖြင့် ထုတ်လုပ်ထားပြီး ဈေးနှုန်းများမှာ
• ယွမ် ၁၅၉,၈၀၀ ($22,320)
• ယွမ် ၁၆၉,၈၀၀ 
• ယွမ် ၁၇၉,၈၀၀
• ယွမ် ၁၈၉,၈၀၀ 
ဖြစ်ပါသည်။
($1 = RMB 7.1609)

ဇွန်လ ၈ ရက် pre-sale ရောင်းဈေးနှုန်းများထက် ဗားရှင်း ၄ မျိုးစလုံး ယွမ် ၁၀,၀၀၀ စီ သက်သာပါသည်။

BYD Song Plus အသစ် အရွယ်အစားမှာ
အလျား 4,775 mm
အကျယ် 1,890 mm
အမြင့် 1,670 mm
ခါးအလျား 2,765 mm
ဖြစ်ပါသည်။

 

ယခင် ထုတ်လုပ်ခဲ့သည့် Song Plus DM-i သည် ဗားရှင်း ၇ မျိုး ထုတ်လုပ်ခဲ့ပြီး ဈေးနှုန်းများမှာ ယွမ် ၁၅၄,၈၀၀ မှ ၂၁၈,၈၀၀ အထိ ဖြစ်ပါသည်။

 

Source cnevpost 
 

Read 468 times