ဆိုင်ကယ်ကို ဘယ်လို ၀ယ်ရင်ကောင်းမလဲ


ဆိုင်ကယ်ကို ဘယ်လို ၀ယ်ရင်ကောင်းမလဲ


ဆိုင်ကယ်ဝယ်သည့်အခါထည့်သွင်းစဉ်းစားရမည့်အရာများစွာရှိသည်။ အထူးသဖြင့် ထမဆုံးအကြိမ်ဝယ်သူများ သိထားသင့်သည့် အချက်များကို ဖော်ပြအပ်ပါသည်။


ငါတကယ်ဆိုင်ကယ်လိုချင်ပါသလား။  ဆိုင်ကယ်ဆိုတာ အဆင်ပြေတဲ့ ပို့ဆောင်ရေးယာဉ် ဖြစ်ပေမဲ့ သက်သောင့်သက်သာတော့ သိပ်မဖြစ်ဘူး။
သင့်ရဲ့ ငွေက ဘယ်လောက်အတိုင်းအတာအထိ တတ်နိုင်သလဲ။
ဆိုင်ကယ်ကို ဘယ်လိုအသုံးပြုမလဲ။
မေးခွန်းနှစ်ခုကို ဆိုင်ကယ်သမားများနှင့်ပြောဆိုပြီး ကောင်းချက် ဆိုးချက်များ မေးမြန်းတိုင်ပင်ပါ။ 
မော်တော်ဆိုင်ကယ်များသည်အရွယ်အစား၊ အလေး၊ စတိုင်နှင့်စွမ်းဆောင်ရည်အမျိုးမျိုးတွင်အမျိုးမျိုးရှိသည်။
သင့်အတွက်သင့်လျော်သော မော်တော်ဆိုင်ကယ်၏ အရွယ်အစားနှင့်အမျိုးအစားကို ဆုံးဖြတ်ပါ။ 
ရွေးချယ်ထားတဲ့ မော်တော်ဆိုင်ကယ်ကို ပြန်ရောင်းရင် အခြေအနေ ဘယ်လို ရှိမလဲ စုံစမ်းမေးမြန်းပါ။

သင်က အခုမှ မော်တော်ဆိုင်ကယ် စတင်စီးစီးသူဖြစ်လျှင် ပေါင် ၅၀၀ သို့မဟုတ် မြင်းကောင်ရေ ၇၀ ထက်ပိုသော မည်သည့်မော်တော်ဆိုင်ကယ်မျိုးကို မဆိုရှောင်ရှားပါ။ 
မော်တော်ဆိုင်ကယ် ပြုပြင်ရေး လက်တွေ့တတ်ကျွမ်းလိုလျှင် တစ်ပတ်ရစ်ကို ဝယ်ပါ။
စိတ်ရှုပ်မခံနိုင်ဘူး။ အချိန်မပေးချင်ဘူးဆိုရင် ဆိုင်ကယ်အသစ်ကို ဝယ်ပါ။
တစ်ပတ်ရစ်ကို ဝယ်ပါပြီဆိုရင် အားမနာစတမ်း စစ်ဆေးကြည့်ပါ။


ခလုတ်တွေကို စစ်ဆေးပါ
 Start, Signal, Headlights, Up and Down, Horn စသဖြင့် အဆိုပါ ခလုတ်တိုင်းကို
လိုက်လံ စစ်ဆေးကြည့်ပါ။ ခလုတ်တွေ ကြပ်နေသလား၊ သွက်လက်သလား စစ်ဆေးပါ။ နောက်တစ်ချက် ကျွံနေတာမျိုးတွေ ရှိလား စစ်ဆေးပါ၊ ပြီးမှ ခလုတ်တစ်ခုချင်းစီရဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးပါ။
ဥပမာ ရှေ့မီးကြီးကို ဖွင့်လိုက်ပြီး အဲဒီရှေ့မီးကြီး ပွင့်သလား၊ မပွင့်ဘူးလား၊ ခလုတ်ကနေ ဖွင့်လိုက်တာနဲ့ ချက်ချင်းပွင့်သလား၊ Delay ဘယ်လောက်ရှိလဲဆိုတာတွေကအစ သေချာစစ်ဆေးပါ။ 


ရှေ့Shock Absorber ကို စစ်ဆေးပါ
သူကတော့ စက်ဘီးမှာဆိုရင် ဆင်စွယ်လို့ ခေါ်တာဖြစ်ပြီး ဆိုင်ကယ်မှာတော့ အသေမဟုတ်တဲ့ အရှင်စနစ်နဲ့ တပ်ဆင်ထားတာကြောင့် Shock Absorber ဖြစ်နေတာပါ။ သူ့မှာ ပြွန်ခေါင်းသဏ္ဌာန် တည်ဆောက်ပုံဖြစ်
ပြီးတော့ အထဲမှာ Spring တွေနဲ့ Hydraulic ဆီလို အရာတွေကို ထည့်သွင်းထားပြီး ဆီလုံအောင်ပိတ်ကာ ဆိုင်ကယ်နဲ့ လမ်းကြောင့်ဖြစ်ပေါ်လာတဲ့ တုန်ခါမှုတွေကို စီးနင်းသူဆီ လျော့နည်းရောက်ရှိအောင်
ထိန်းချုပ် လျှော့ချပေးတဲ့စနစ် ဖြစ်ပါတယ်။ သူ့ကို စစ်ဆေးဖို့အတွက်ကတော့ ဆိုင်ကယ်ပေါ် တက်လိုက်ပြီး လက်ကိုင်ကို လက်နှစ်ဖက်နဲ့ သေချာကိုင်ကာ ဖင်ထိုင်ခုံမှာ ထိုင်လျက်မဟုတ်ဘဲ လက်ကိုင်ကနေ လက်အားရော ကိုယ်ရဲ့ အားပါသုံးပြီး Shock Absorber ကို အောက်ဘက် နစ်ဝင်အောင် ဖိချလိုက်ပါ။ တုံ့ပြန်မှု ပုံစံသုံးမျိုးလာမှာဖြစ်ပြီး Shock Absorber ကနေ ပြန်ဆောင့်တွန်းတာနဲ့ အောက်ဘက် နစ်ဝင်သွားပြီး အရုန်းနှေးနေ တာတွေက Shock Absorber မကောင်းတဲ့ အခြေအနေတွေဖြစ်ပြီး ဖိချလိုက်ရာကနေ ဖြည်းဖြည်းချင်း နစ်ဝင်သွားသလို ပြန်ပြီးအကြွမှာလည်း ဖြည်းဖြည်းချင်း ပြန်ကြွမယ်ဆိုရင်တော့ အပြစ်မရှိသေး တာပါ။ နောက်ထပ် Shock Absorber နဲ့ ပတ်သက်လို့ စစ်ဆေးစရာကတော့ Shock Absorber ပြွန်အတိုင်း ဘီးကနေ တက်လာပြီး အထက် တစ်ပေခန့်နေရာမှာ စည်းတစ်ခုရှိပြီး အဆိုပါ နေရာမှာ ဆီယိုစိမ့်တတ် တာ ဖြစ်ပါတယ်။ တကယ်လို့ အဆိုပါနေရာမှာ ဆီစိမ့်နေမယ်ဆိုရင်လည်း အသစ်လဲလောက်အောင် မဟုတ်ပေမယ့် ချို့ ယွင်းနေတာကြောင့် ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။


စက်သံကို ဆန်းစစ်ပါ
ဒီတစ်ချက်ကတော့ ဆိုင်ကယ်နဲ့ ရင်းနှီးကျွမ်းဝင်မှု များတဲ့သူဆိုမှ အဆင်ပြေမယ့်အပိုင်းဖြစ်ပြီး စက်ပြင်ဆရာဆိုရင်တော့ အကောင်းဆုံးပါပဲ။ မော်တော်ဆိုင်ကယ်ကိုစက်နှိုးထားပြီးတော့ ဆိုင်ကယ်ရဲ့ အင်ဂျင်ဘေးတစ်ဖက် တစ်ချက်စီကနေ အင်ဂျင်သံကို နားထောင်ရတာဖြစ်ပြီး ဒီအပိုင်းမှာတော့ ယေဘုယျအနေနဲ့ဆိုရင် ပုံမှန်မဟုတ်တဲ့ အင်ဂျင်သံမျိုး ထွက်နေတာတွေက ပြစ်ချက်တွေပါပဲ။ 


ထိုင်ခုံကို စစ်ဆေးပါ 

နောက်တစ်ချက်ကတော့ ဖင်ထိုင်ခုံကို ဖွင့်လိုက်ပါ။ ဆိုင်ကယ်ထိုင်ခုံတစ်ခုရဲ့ တန်ကြေးကလည်း သောင်းကျော်တာကြောင့် ဖင်ထိုင်ခုံ ပျက်စီးနေမယ်ဆိုရင်လည်း လက်ထဲရောက် မှ ပြင်လို့ မကောင်းတာကြောင့် သတိထားပြီး စစ်ဆေးပါ။ အဓိကအနေနဲ့တော့ ဖင်ထိုင်ခုံဘောင်အနားသတ်နေရာတွေ ပဲ့နေတာမျိုးတွေ၊ ကွဲအက်နေတာမျိုးတွေကို ကြည့်ပါ။ နောက်တစ်ချက်ကတော့ ဖင်ထိုင်ခုံရဲ့ Lock ကို ချိတ်ဆက်တဲ့ နေရာဖြစ်တဲ့ ကွင်းနေရာပျက်နေတာ၊ ပြုတ်နေတာမျိုးတွေ ရှိနေတတ်ပြီးတော့ အဆိုပါ နေရာတွေ ပြုတ်ထွက်နေမယ်ဆိုရင် ထိုင်ခုံက Lock ချရမှာမဟုတ်ပါ။ 

 

ဘက်ထရီကို စစ်ပါ 

 Start ကို နှိပ်ပြီး စက်နှိုးကြည့်တာမျိုးတွေ၊ ရှေ့မီးကြီးတွေ အချိန်အတန် ကြာလောက် ဖွင့်ထားပြီး စစ်ဆေးတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ဘက်ထရီက Cathode နဲ့ Anode တွေကို ဆားပေါက်နေတာမျိုးတွေ ရှိနေလား၊  စစ်ဆေးကြည့်နိုင် ပါတယ်။ ဘက်ထရီဆိုင်တွေက အာမခံ ပေးတဲ့အတွက် ဘက်ထရီ ဝယ်တဲ့ ရက်စွဲကို တစ်နည်းနည်းဖြင့် အမှတ်အသား ပြုပေးထားပါတယ်။ ဘဥ◌်ထရီ သက်တမ်းကို  စစ်ဆေးပါ။ 

 

အပွန်းအပဲ့များ စစ်ဆေးပါ

ဆိုင်ကယ်ရဲ့ ပြင်ပတိုက်ခိုက်မိထားတဲ့ ဒဏ်ရာတွေကို စစ်ဆေးရမယ့်အချက် ဖြစ်ပါတယ်။ အရင်ဆုံး ရှေ့ဘက် ဒူးကာနှစ်ဖက်၊ ခြင်းထောက်၊ ရှေ့ဘီးကာ၊ ဝမ်းဗိုက်ခြမ်း ဖင်ထိုင်ခုံအောက်ဘက်က Cover များ၊ ဆိုင်ကယ်ကို ခွထောက်ထောက်ထားပြီး အင်ဂျင်ရဲ့ အောက်ဘက်ဆုံး ဝမ်းဗိုက်ပိုင်းတွေကို တိုက်ခိုက်မိထားတာမျိုး ရှိနေသလား စစ်ဆေးဖို့နဲ့ Exhaust ပိုင်းတွေကိုလည်း ပိန်နေတာ၊ ချိုင့်နေတာမျိုး ရှိ၊ မရှိစစ်ဆေးပါ။

 

 

Read 1786 times