အစိုးရဌာနများ ရုရှားကားနှင့် တရုတ်ကား ဝယ်ယူရန် ရုရှားအစိုးရ ညွှန်ကြား


အစိုးရဌာနများ ရုရှားကားနှင့် တရုတ်ကား ဝယ်ယူရန် ရုရှားအစိုးရ ညွှန်ကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ရုရှားအစိုးရသည် အစိုးရဌာနများ ဝယ်ယူသင့်သည့် ပြည်တွင်းထုတ်ကားများစာရင်းကို ထုတ်ပြန်ခဲ့ရာ 
ရုရှားကား အမှတ်တံဆိပ်နှင့် တရုတ်ကား အမှတ်တံဆိပ်များသာ ပါဝင်သည်။

ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးသည့် နောက်ပိုင်း ရုရှား၏ မော်တော်ကားလုပ်ငန်းကဏ္ဍတွင် တရုတ်ကားများ ရုရှားတွင်  ထိုးဖောက်ဝင်ရောက်ပြီး နေရာရယူထားနိုင်ပုံကို ဖော်ပြနေသည့် စာရင်း ဖြစ်သည်။ 

Renault နှင့် Nissan အပါအဝင် ကားထုတ်လုပ်သူများ ရုရှားမှ ထွက်ခွာခဲ့ကြပြီးနောက် တရုတ်ကားထုတ်လုပ်သူများသည် ရုရှားကားဈေးကွက်တွင်  စျေးကွက်ဝေစု သိမ်းပိုက်ခဲ့သည်။
အနောက်နိုင်ငံများက ရုရှားကို ရှောင်ဖယ်ထားသောကြောင့် ရုရှားကလည်း အနောက်နိုင်ငံများ၏ ကော်ပိုရေးရှင်းများကို ရှောင်ဖယ်သည်။

သမ္မတ ဗလာဒီမာပူတင်၏ ညွှန်ကြားချက်အရ နိုင်ငံတော်နှင့် စည်ပင်သာယာရေး ဝန်ထမ်းများမှ ဦးစားပေး အသုံးပြုရန် အကြံပြုထားသည့် ကားစာရင်းကို စက်မှုနှင့် ကုန်သွယ်မှု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ပြည်တွင်းကုမ္ပဏီများသည် အမှတ်တံဆိပ် ၆ ခုဖြင့် မော်ဒယ် ၂၀ ကျော်ကို ထုတ်လုပ်လျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 
ကားထုတ်လုပ်သူ အားလုံးသည် ပြည်တွင်းဖြစ် ပစ္စည်းများကို ပိုမိုသုံးစွဲကြရန် သဘောတူထားကြကြောင်းလည်း ဖော်ပြထားသည်။


စာရင်းတွင် ရုရှားမှာ အကြီးဆုံး ကားထုတ်လုပ်သူ  Avtovaz ၏ ရုရှားကားအမှတ်တံဆိပ် Lada မှ ထုတ်လုပ်သည့် မော်ဒယ် ၅ ခု ပါဝင်သည်။ ထို့ပြင် UAZ, Aurus , Moskvich တို့၏ အမှတ်တံဆိပ်များ ပါဝင်သည်။ Evolute လျှပ်စစ်ကားလည်း ပါဝင်သည်။
Moskvich သည် တချိန်တုန်းက ဆိုဗီယက်ယူနီယံ ခေတ်တွင် ထူထောင်ခဲ့သည့် ကားလုပ်ငန်း ဖြစ်သည်။ ယခုအခါ တရုတ်ကားလုပ်ငန်းက Moskvich ကို တရုတ်ကားလုပ်ငန်းက  အသက်ပြန်သွင်းပေးထားသည်။ တရုတ်ကား JAC Sehol X4 ကို ရုရှားတွင် တပ်ဆင်ထုတ်လုပ်ပြီး Moskvich 3 မော်ဒယ်ဟု တံဆိပ်ကပ်သည်။ 

စာရင်းတွင် တရုတ်ကားထုတ်လုပ်သူ Haval ၏ မော်ဒယ် ၅ ခု ပါဝင်သည်။ Haval သည် ၂၀၁၉ ခုနှစ်ကတည်းက ရုရှားတွင် ကားစက်ရုံ ထားရှိပြီး ကားများ ထုတ်လုပ်လျက်ရှိသည်။
Source Reuters 
 

Read 252 times