ကားအင်ဂျင်ကြီးမားစွာ ပျက်စီးရခြင်း၏ အကြောင်းတရားနှင့် ထိန်းသိမ်းနည်းများ


ကားအင်ဂျင်ကို ကြီးမားစွာ ပျက်စီးသွားစေနိုင်သည့်အချက်များကို ဖော်ပြပေးလိုက်ပါသည်။

အင်ဂျင်အပူလွန်ကဲပြီး ရေတိုင်ကီရေဆူသွားသည်အထိ အဘယ်ကြောင့်ဖြစ်ရသနည်း။

အင်ဂျင် အအေးခံစနစ်မှာ ဖြစ်လေ့ဖြစ်ထရှိသည့် ချွတ်ယွင်းအားနည်းချက်များက ဘာတွေလဲ။ ထိုအရာများကို ရှာဖွေစစ်ဆေးပြီး ဘယ်လိုထိန်းသိမ်းမလဲ။

အင်ဂျင်တစ်လုံး လည်ပတ်အလုပ်လုပ်နေစဉ်တွင် အင်ဂျင်ပုံမှန်အနေအထားမှာ ရှိနေရန် အအေးခံစနစ်က အင်ဂျင်အတွင်းပိုင်း အပူများကို စွန့်ထုတ်ပေးရပါသည်။

အင်ဂျင်အအေးခံစနစ်မှာ ချွတ်ယွင်းမှု၊ ပျက်စီးမှု တစ်ခုခုဖြစ်သည်နှင့် အင်ဂျင်အပူချိန် မြင့်တက်လာပါသည်။

အင်ဂျင် heat တက်နေသည်ကို ကားဒက်ချ်ဘုတ်မှ အင်ဂျင် Heat ဂိတ်တွင် အပူချိန်အခြေအနေကို ဖော်ပြ နေပါသည်။

အင်ဂျင် heat တက်နေသည်ကို ကားမောင်းသူက သတိမထားမိဘဲ ဆက်မောင်းနေမည်ဆိုလျှင် ရေတိုင်ကီ ရေဆူပြီး ရေနွေးငွေ့များ ပန်းထွက်မှ သိရှိပါက နောက်ကျသွားပြီဖြစ်ပါသည်။

အင်ဂျင်အပူလွန်ကဲလျှင် အင်ဂျင် Head နှင့် အင်ဂျင်ဘလောက်တစ်ခုလုံး အငွေ့ထောင်း ထောင်းထပြီး ညှော်နံ့များ ထွက်နေတတ်ပါသည်။

အင်ဂျင်ဂျမ်းဖြစ်သွားပြီး စက်ထိုး ရပ်သွားမည်။ ဂတ်စ်ကတ်ပြတ်မည်။ ဝါးတားပိုက်များ ပေါက်ထွက်ပြီး ရေနွေးငွေ့များ ပန်းထွက်လာမည်။

အပူလွန်ကဲခြင်းကြောင့် အင်ဂျင် Head ကွဲအက်သွားနိုင်သလို ဂတ်စ်ကတ်ပြတ်ပြီး အင်ဂျင်ဝိုင်ဆီလိုင်းနှင့်၊ ရေလိုင်း ရောနှောသွားမည်။

အင်ဂျင်ဝိုင်ထဲ ရေများရောက်နိုင်သလို အင်ဂျင် အအေးခံရေလိုင်းထဲကိုလည်း အင်ဂျင်ဝိုင်များ ရောက်နိုင်ပါသည်။

အင်ဂျင်ဝိုင်ထဲကို ရေရောက်သွားရင်လျှင် အင်ဂျင်ဝိုင်အရောင် ပြောင်းလဲသွားပြီး အင်ဂျင်ဝိုင် ပျက်စီးသွားနိုင်ပါသည်။

ထိုကဲ့သို့ပြဿနာမျိုး ဖြစ်လာလျှင် အင်ဂျင် Head ဖွင့်ပြီး ဂတ်စ်ကတ်လဲရခြင်း၊ အင်ဂျင် Head ပြန်ပြင်ရ ခြင်းများကြောင့် ငွေကုန်ကြေးကျ များပါသည်။

ဘာကြောင့်အင်ဂျင် Heat တက်ရသလဲ။

ရေတိုင်ကီရေယိုနေသလား။ ဝါးတာပိုက် ကွဲနေသလား။ ရေမလုံတာလား။ ရေတိုင်ကီ cap ဖုံး ကောင်းရဲ့လား။ ဝါရှာလုံရဲ့လား။ ပန်ကာကြိုး လျော့နေသလား။ ရေလည်အုံ ဝါးတားပန့် ဘောလ်

ကြွေသလား။ သာမိုစတတ် မကောင်းတာလား။ ရေတိုင်ကီမှာ အမှိုက်တွေ ပိတ်နေတာလား စသည်တို့ကို စစ်ဆေးရန် လိုပါသည်။

လျှပ်စစ်ပန်ကာနှင့် ရေတိုင်ကီ အအေးခံသည့်စနစ်ဆိုလျှင် ပန်ကာလေဆွဲအား ကောင်းရဲ့လား။ ရေတိုင်ကီအပူချိန်ကို အာရုံခံပေးတဲ့ အပူချိန်တိုင်းဆင်ဆာ ကောင်းရဲ့လား စသည်တို့ကို

စစ်ဆေးပေးရမှာ ဖြစ်ပါသည်။

ရေတိုင်ကီမှာသုံးသည့် အအေးခံအရည်က ရိုးရိုးရေ တစ်မျိုးတည်း သုံးခြင်းထက် ဆေးရည်ရောစပ်ပြီးသုံးခြင်းက ပိုကောင်းပါသည်။

ရေတိုင်ကီလေဝင်ပေါက်က လေများတွင် ဖုန်၊ သဲ၊ အမှိုက်များ ပိတ်ဆို့နေခြင်းမျိုး မရှိအောင် သန့်ရှင်းရန် လိုပါသည်။

မီးတိုင်မင်မြင့်လွန်းနေလျှင်လည်း အင်ဂျင် အပူချိန်မြှင့်တက်လာပြီး Hand ဘရိတ်ဆွဲ ထားပြီး ရှူးခြမ်းတွေငြိနေခြင်းမျိုးဖြစ်လျှင်လည်း အင်ဂျင်အပူချိန် မြင့်လာနိုင်ပါသည်။

ကားပေါ်တွင် လူနှင့် ကုန်ပစ္စည်းအလေးချိန်အဖြစ်နေလျှင် အင်ဂျင်အပူချိန် မတတ်အောင် အင်ဂျင် အအေးခံစနစ်ကို ထိန်းသိမ်းဂရုစိုက်ရန် လိုပါသည်။

အင်ဂျင်ချောဆီပို့စနစ်မှာ ချွတ်ယွင်းချက် အားနည်းချက် တစ်ခုခုကြောင့် အင်ဂျင်လည်ပတ်နေစဉ်တွင် ဆီငတ်သွားခဲ့မည်ဆိုလျှင် connecting ဘယ်ရင်၊ မိန်းဘယ်ရင်များ လောင်ပြီး

ပျက်စီးသွားနိုင်ပါသည်။

အင်ဂျင်ဝိုင်မတက်ခြင်းကြောင့် အင်ဂျင်အတွင်း အစိတ်အပိုင်းများ ဆီငတ်ပြီး ပွန်းစားပျက်စီးသွားနိုင်သောကြောင့် အင်ဂျင်တစ်လုံး၏ အသက်က အင်ဂျင်ဝိုင် ဖြစ်ပါသည်။

ကားမောင်းနေစဉ်တွင် အင်ဂျင်ဝိုင် Pressure ကျလာလျှင် အင်ဂျင်ဝိုင် သတိပေးမီးလင်း လာပါလိမ့်မည်။

ထိုအရာကို ယာဉ်မောင်းက သတိမထားဘဲ ဆက်မောင်းနေမည် ဆိုလျှင် အင်ဂျင်ဘယ်ရင်ဖမ်းပြီး စက်ထိုးရပ် သွားပါလိမ့်မည်။

အင်ဂျင်ဝိုင်မီးလင်းသည်နှင့် ကားကိုချက်ချင်းရပ်ပြီး စစ်ဆေးရန် လိုအပ်ပါသည်။ အင်ဂျင်ထဲမှာ အင်ဂျင်ဝိုင် မရှိတော့တာလား။ Oil level အရမ်းနိမ့်ကျနေလား တိုင်းကြည့်ပါ။

ကားစက်မနိုးမှီ အင်ဂျင်ဝိုင် စစ်ဆေးကြည့်ဖို့ လိုပါသည်။ အင်ဂျင်ဝိုင်ယိုတဲ့နေရာ ရှိသလား။ ဆီစစ်ဘူး ပိတ်တာလား။ အင်ဂျင် Crank case ကိုလမ်းပေါ်က သစ်တုံး၊ ကျောက်တုံးနဲ့ တိုက်မိပြီး ဆီတွေယိုကျ

ကုန်သလား။ အင်ဂျင်ဝိုင်ထပ် မဖြည့်တာ ကြာလို့ ဆီနည်းတာလား၊ အင်ဂျင်က အင်ဂျင်ဝိုင် အစားများနေသလား စသည်တို့ကို စစ်ဆေးရန် လိုပါသည်။

အင်ဂျင်ဝိုင် မှန်မှန်လဲပါ။ ဆီစစ်ဘူးပါ လဲပေးပါ။ အင်ဂျင်ဝိုင် အရည်အသွေး ကောင်းကောင်း ကို ရွေးချယ် သုံးပါ။ အင်ဂျင်ချောဆီပို့စနစ်ကို ထိန်းသိမ်းပေးရန် လိုပါသည်။

ဓာတ်ဆီအင်ဂျင်တစ်လုံးတွင် အရည်အသွေး ညံ့လွန်းသည့် ဆီကိုသုံးမိလျှင် မီးခေါက်သံ ထွက်လာပါသည်။

အရည်အသွေးမမှန်သော လောင်စာဆီကြောင့် အင်ဂျင်ပေါက်ကွဲမှုဖြစ်စဉ် မူမမှန်ဖြစ်ခြင်းဖြစ်သောကြောင့် အင်ဂျင်မီးသံ ထွက်ပြီး Knocking ဖြစ်တာများလျှင် ပစ္စတင်များ၊ ဗားများ ပျက်စီးသွား နိုင်ပါသည်။

ပြင်းထန်သည့် မီးခေါက်သံကြောင့် ပစ္စတင်ထိပ်ပိုင်းမှာ ပေါက်ပြဲ သွားနိုင်ပြီး Connecting Rod ကိုထိခိုက် စေပါသည်။

☡ မီးခေါက်သံဖြစ်ရခြင်းမှာ ဓာတ်ဆီ အရည်အသွေး မမှန်တာကြောင့်ဖြစ်နိုင်သည့်အပြင် တခြားအကြောင်းများမှာ အင်ဂျင်အပူလွန်ကဲခြင်း၊ မီးတိုင်မင်စောလွန်းခြင်း၊ ပလပ်အမျိုးအစားမမှန်ခြင်း၊ အောက်ဆီဂျင်

ဆင်ဆာမကောင်းခြင်း၊ အင်ဂျင်ကို Over Load ရုန်းခိုင်းခြင်း၊ ဂီယာပြောင်းချိန်းခြင်း စသည့် လွဲမှားခြင်းများကြောင့် အင်ဂျင်မီးသံ ထွက်နိုင်ပါသည်။

အင်ဂျင်တစ်လုံးကို ကြီးကြီးမားမား ပျက်စီးသွားစေနိုင်သည့် အကြောင်းအရင်းများကို သိရှိထားခြင်းဖြင့် ထိုအားနည်းချက်များ မဖြစ်ပေါ်အောင် ထိန်းသိမ်းဂရုစိုက်ရန် ယာဉ်မောင်းသူမှာ တာဝန် ရှိပါသည်။

မိမိကိုင်တွယ်သော ကားတစ်စီးကို အမြဲဂရုစိုက်ထိန်းသိမ်းနေမည်ဆိုလျှင် အင်ဂျင်ပျက်စီးခြင်း အန္တရာယ်က ကာကွယ်ပြီး ဖြစ်ပါလိမ့်မည်။

 

Read 14411 times