အိမ်သုံးကားများ၏ လျှိုဝှက်ချက်ဆိုသော်ငှားလည်း လျှိုဝှက်ချက် အကြီးစားမဟုတ်သော်လည်း ယေဘုယျအားဖြင့် ကားထုတ်လုပ်သော စက်ရုံ၌ ပထမဦးစားပေးရမည့်နေရာတွင် ဒီဇိုင်းထုတ်လုပ်လေ့ရှိပြီ ကားကြံ့ခိုင်ရေးကို ဒုတိယ၊ တတိယ ဦးစားပေးရမည့်နေရာတွင် အလွယ်ထားလိုက်လေ့ရှိပါသည်။
လူအများစုသည် ကားအသစ်များနှင့် ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က ထုတ်လုပ်ခဲ့သည့် တောင့်တင်းသောကားမာျးနှင့် အလုပ်လုပ်ပုံချင်း နှိုင်းယှဉ်လျှင် ခေတ်ပေါ် ကားသစ် ဒီဇိုင်းအလန်းလေးများက မယှဉ်နိုင်ဟု ဆိုလေ့ရှိပါသည်။ ထိုကဲ့သို့ ပြောဆိုနိုင်ခြင်းကလည်း တောင့်တင်းပါသည် ဆိုသော ကားများသည် ကားများ သိုလှောင်ရာ၊ ပြုပြင်ရာ ဝပ်ရှော့တွင်ပင် ပြုလုပ်နေကျ ပြုပြင်မှုများ၊ ကြံခိုင်ရေးများအတိုင်း တပ်ဆင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ခေတ်ပေါ်ကားများတွင် အခြေခံစနစ်မာျး တည်ဆောက်ခြင်းမျိုးဖြစ်သည့် ကား Chassis (ကားအောက်ပိုင်း) များနှင့် ကားဖရိမ် အစိတ်အပိုင်းများ ချိတ်ဆက်သည့် အလုပ်မျိုအထိ စက်ရုပ် (Robots) များဖြင့် ဆောင်ရွက်စေသည်။ ဤကိစ္စ၊ ဤအဆင့်အထိ စက်ရုပ်ကို ဆောင်ရွက်စေခြင်းအားဖြင့် အလုပ်သဘောအရ မြန်ဆန်ထိမိလှသည့်အပြင် ထုတ်လုပ်မှုကုန်ကျစရိတ်ပါ လျှော့ချရာရောက်သည်။
သို့သော်လည်း ပလပ်တပ်ဆင်သည့်အလုပ်မျိုး၊ Filter တပ်ဆင်သည့် အုလပ်မျိုးကဲ့သို့သော အလုပ်များကိုမူ စက်ရုပ်အား ပါဝင်တပ်ဆင်တည်ဆောက်စေခြင်းမျိုး မပြုတော့ပေ။
အကယ်၍ ထိန်းသိမ်းကြံ့ခိုင်ရမှုများအတွက်မှအစ အဆင်ပြေချောမွေ့စေရန် ဒီဇိုင်းမျိုး မြင်တွေ့လိုပါလျှင် ပြွန်သဏ္ဍာန်၊ ခေတ်ပေါ်ဖရိမ်ပါ ပြိုင်ကားများကိုသာ အလွယ်ပြသရပါလိမ့်မည်။ ပြိုင်ပွဲဝင်ရန် ကြံ့ခိုင်မှုအတွက် သီးသန့် တည်ဆောက်ထားသော တောင့်တင်းသည့် ဘော်ဒီအမျိုးအစား ဖြစ်သည်။
ဘော်ဒီမှာ လွယ်ကူစွာ ဖယ်ရှားနိုင်ပြီး ပစ္စည်းအစိတ်ပိုင်းများ အားလုံးသို့ လွယ်ကူစွာ ထိတွေ့ရောက်ရှိနိုင်သည်။ လိုအပ်လျှင် လိုအပ်သလို ကား၏ အစိတ်အပိုင်းများကို ပြုပြင်နိုင်သည်၊ သို့မဟုတ် အသစ်လဲလှယ်နိုင်သည်။
ဖော်မြူလာကားပြိုင်ပွဲဝင်ရန် ကားအများစုသည် Hewland Gear Box မျိုး သုံးထားရခြင်းသည် ဂီယာဆီဖောက်ချ၊ ဘိုးတိုင် အနည်းငယ်ဖယ်ရှားပြီးသည်နှင့် ဂီယာဘောက်စ်ကို အလုံးလိုက် လဲနိုင်ခြင်းကြောင့်ဖြစ်သည်။
ထိုအကြောင်းကြောင့် အော်တိုမိုဘိုင်း အင်ဂျင်နီယာမာျးက သိရှိနေသော်လည်း မြို့တွင်းသွားလာအသုံးပြုနေသော ကားကို ယင်းသို့ အလွယ်နည်းဖြင့် ဂီယာဘောက်စက်လဲမည့်ဟန်ဖြင့် တည်ဆောက်လိုက်ပါက မသိသေးသူများအဖို့ နားမလည်နိုင်အောင် ဖြစ်နေလိမ့်မည်။
ထိုအခါ အော်တိုမိုဘိုင်း အင်ဂျင်နီယာများက သင်မသိသေးသည့် အောက်ပါ အချက်များကို တင်ပြပေးလိမ့်မည်။
ကားအသစ်များအတွက် မကြာခဏချောဆီလဲရသည့်ကိစ္စသည် မလိုအပ်ဘဲ မိုင်နှစ်သောင်းခွဲအထိ အသုံးပြုခြင်းသည် လုံလောက်မှုရှိပါသည်။
ကားအသစ်များတွင် ဓာတုဆေးများပေါင်းစပ်ခြင်းသည် မည်သည့်အခါမျှ မလိုအပ်ပေ။
အခြေခံခဲမပါသော ပုံမှန်ဓာတ်ဆီအမျိုးအစားက လုံလောက်သော အရည်အချင်းရှိပြီး ဖြစ်သည်။ အရည်အသွေးအမြင့်ဆုံး (Highest Performance) ကားများ သာမန်မောင်းနှင်သွားလာမှုအတွက် ပုံမှန်ခဲမပါ ဓာတ်ဆီ (Regular Unleaded Fuel) အရည်အချင်းက ကားများအတွက် လုံလောက်ပါသည်။
ရေ(ငွေ့) သည် ဘရိတ်ဆီများနှင့် ပေါင်းစပ်ပျော်ဝင်နိုင်ကြသဖြင့် အကယ်၍ ဘရိတ်ဆီလဲလှယ်မပေးပါက ဘရိတ်စနစ်ပျက်စီးနိုင်သည်။
ကားမောင်းရ အဆင်ပြေစိတ်ချနိုင်ရန်၊ ထိန်းသိမ်းရ အဆင်ပြေစေရန်အတွက် လေပေါင်ချိန်ကို လိုက်နာမနေဘဲ ကားပိုင်ရှင်လက်စွဲစာအုပ်ပါ ကားဘီးလေပေါင်ချိန်အတိုင်း အမြဲရှိနေပါစေ။
မူလတည်ဆောက်ထားသည်မှ သွေဖည်ပြီး တိုးတက်ကောင်းမွန်အောင် စိတ်ကူးစိတ်သန်းဖြင့် ဖြည့်ဆည်း တပ်ဆင်လုပ်ကိုင်ဆောင်ရွက်ခြင်းသည် အသုံးမဝင်လှ၊ အလုပ်မဖြစ်လှပေ။ လောင်စာဆီ တစ်ဂါလန်လျှင် မိုင်ခြောက်ဆယ်အထိရသည့်ကိစ္စမျိုး ထွက်ရှိမလာမီကပင် တပ်ဆင်ပေးလိုက်ပေလိမ့်မည်မှာ သေချာသည်။
ထို့ကြောင့် ကားထုတ်လုပ်သည့် စက်ရုံမှ ကားအကြောင်းသက်ဆိုင်ရာ အော်တိုမိုဘိုင်း အင်ဂျင်နီယာများက သင်ဝယ်လိုက်သော ကားအတွက် အများဆုံး၊ အမြင့်ဆုံးဆိုသည်များကို နားလည်ကျွမ်းကျင်စွာ တည်ဆောက်ပေးလိုက်ပြီ ဖြစ်ပါသည်။