Bus ကားအဟောင်းတွေကို EV Bus တွေနဲ့ အစားထိုးတော့မယ့် ဘန်ကောက်


 

Bangkok Mass Transit Authority (BMTA) က မြို့တော်ဘတ်စ်ကားစနစ်အပြောင်းအလဲအဖြစ် ဘတ်စ်ကားအဟောင်းများကို air conditioned လျှပ်စစ်ဘတ်စ်ကား (EV Bus) အသစ် ၁,၅၂၀ စီး ဖြင့် အစားထိုးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ မြို့တော်သယ်ယူပို့ဆောင်ရေးစနစ်ကို သန့်ရှင်း၊ သက်သာပြီး ပိုမိုပစ္စည်းချောမွေ့လာစေမယ့် အရေးကြီးပြောင်းလဲမှုတစ်ခုပဲ ဖြစ်တယ်လို့‌ဆိုပါတယ်။

ဒုတိယဝန်ကြီးချုပ်/သယ်ယူပို့ဆောင်ရေးဒုဝန်ကြီး Phiphat Ratchakitprakarn က ပြောကြားခဲ့သလို၊ ဒီအစီစဉ်ဟာ လေထုညစ်ညမ်းမှု လျော့နည်းစေပြီး Busစီးနင်းသူတွေအတွက် သက်တောင့်သက်သာဖြစ်စေသလို၊ BMTA အတွက်လည်း စရိတ်သက်သာစေမယ် လို့ ဆိုပါတယ်။ “ပြည်သူတွေက ၈ ဘတ်ထဲနဲ့ air-conditioned Ev Bus တွေနဲ့ ခရီးသွားနိုင်မှာဖြစ်တာမို့ သဘာဝပတ်ဝင်းကျင်အတွက်လည်းအကျိုးပြုသလို စီးသူ‌တွေအတွက်လည်းအကျိုးရှိစေမှာပါ” လို့ Phiphat က ထပ်မံပြောကြားခဲ့ပါတယ်။

အစီအစဉ်အရ ၂၀၂၆ စက်တင်ဘာလ မှ စတင်၍ EV ဘတ်စ်ကား (၅၀၀) စီး ကို လမ်းပေါ်ထုတ်သွားမယ်လို့ သတ်မှတ်ထားပြီး၊ ကျန်တဲ့ကားများကိုလည်း အဆင့်ဆင့် တင်သွင်းသွားမယ်လို့ သိရပါတယ်။ လုပ်ငန်းအစီအစဉ်အပြီးသတ်ချိန်မှာ ဘတ်စ်ကားအဟောင်းများကို အပြီးအပိုင် ထုတ်ပယ်သွားမယ် လို့ BMTA က ထုတ်ပြန်ခဲ့ပါတယ်။

ဒီလှည့်ပြောင်းမှုကြောင့် BMTA အနေနဲ့ နှစ်စဉ် (၁.၄၄ ဘီလျံဘတ်) ခန့် စရိတ်သက်သာလာမယ်လို့ ခန့်မှန်းထားပြီး၊ ထဲမှာ ဆီကုန်ကျစရိတ် ၇၀% လျော့နည်းခြင်း နဲ့ ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ် (၁.၈ ဘီလျံဘတ်) လျော့နည်းတာပါဝင်ပါတယ်။ လ

လက်ရှိအချိန်မှာ BMTA ရဲ့ ဘတ်စ်ကားစုစုပေါင်း (၂,၈၈၃) စီး မှာ EV bus (၁,၃၆၃) နဲ့ bus အဟောင်း (၁,၅၂၀) ပါဝင်ပြီး တစ်နေ့လျှင် ခရီးသည် (၆၀၀,၀၀၀) ခန့်ကို သယ်ဆောင်ပေးနေပါတယ်။ 

အသစ်တပ်ဆင်မယ့် EV ဘတ်စ်ကားတွေမှာ Air conditionစနစ်၊ ခရီးသည်ဝင်ထွက်ရလွယ်ကူစေတဲ့ အထူးဒီဇိုင်းနဲ့ Real-time ခရီးစဉ်စနစ် တို့ပါဝင်ပြီး Bangkok မြို့တော်ရဲ့ ၂၀၅၀ Carbon Neutral ရည်မှန်းချက် ကို တကယ့်အရေးပါစွာ ပံ့ပိုးသွားမယ်လို့ ခန့်မှန်းထားပါတယ်။

Article reference : https://thethaiger.com/news/bangkok/bmta-powers-ahead-with-1520-electric-buses-by-2026

Read 441 times