Bugatti  မော်ဒယ်အသစ် Centodieci စမ်းသပ်မောင်းနှင်မှု 50,000km ပြီးစီး


Bugatti  မော်ဒယ်အသစ် Centodieci စမ်းသပ်မောင်းနှင်မှု 50,000km ပြီးစီး

 

Bugatti က စီးရေအကန့်အသတ်ဖြင့် ထုတ်လုပ်မယ့် မော်ဒယ်အသစ် Centodieci ကို ခံနိုင်ရည်အမျိုးမျိုး စမ်းသပ်မောင်းနှင်ပြီး အချက်အလက်များ ရယူလျက်ရှိရာ ရာသီဉတု အခြေအနေအမျိုးမျိုး၊ လမ်းအခြေအနေ အမျိုးမျိုးမှာ တစ်ရက်လျှင် 1200km စမ်းသပ်မောင်းနှင်ခဲ့တာ ကီလိုမီတာ ၅၀,၀၀၀ နီးပါး ပြီစီးခဲ့ပြီ ဖြစ်တာကြောင့် စမ်းသပ်အဆင့်မှ ထုတ်လုပ်အဆင့်သို့ ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။

 

Bugatti Centodieci ကို ကြိုတင်ဝယ်ယူထားသူများထံ ပေးပို့ရန် များမကြာခင်မှာ ထုတ်လုပ်‌‌ေရး စတင်တော့မှာ ဖြစ်ပါတယ်။

ထုတ်လုပ်မယ့်ကားအတိုင်း နမူနာထုတ်လုပ်ထားတဲ့ ကားနမူနာဖြင့် ခံနိုင်ရည် စမ်းသပ်မှုအမျိုးမျိုးကုိ ကီလိုမီတာ ၅၀,၀၀၀ (၃၁,၀၆၈ မိုင်) စမ်းသပ်မောင်းနှင်ပြီးပါပြီ။

စက်ဆရာအဖွဲ့နှင်အတူ တစ်ရက်လျှငါ ကီလိုမီတာ ၁,၂၀၀ (၇၄၅ မိုင်) မောင်းနှင်ပြီး ကားခံနိုင်ရည်နှင့် စွမ်းရည်ဆိုင်ရာ အချက်အလက်များ၊ မှတ်တမ်းများ ရယူကြောင်း Bugatti က ပြောကြားပါတယ်။ ပြိုင်ကားကွင်း၊ ကားအစမ်းမောင်းကွင်း၊ မြို့တွင်း လမ်းများ၊ အဝေးပြေးလမ်းများ စသည်တို့မှာ ‌စမ်းသပ်မောင်းနှင်ပါတယ်။ အဆုံးသတ် စမ်းသပ်မောင်းနှင်မှုများကို အီတလီ တောင်ပိုင်းမှာ တည်ရှိတဲ့ Nardò ကားစမ်းကွင်းမှာ လုပ်ဆောင်ခဲ့ကြပါတယ်။

 

 

Nardò ကားစမ်းကွင်း

 

 

 1991 Bugatti EB11 မော်ဒယ်ကို ဂုဏ်ပြုထုတ်လုပ်တဲ့ Bugatti Centodieci ကို ၁၀ စီးသာ ထုတ်လုပ်မှာ ဖြစ်ပြီး စက်ရုံရောင်းဈေး အမေရိကန်ဒေါ်လာ ၉.၆ သန်း ဖြစ်ပါတယ်။ ထုတ်လုပ်မယ့် ၁၀ စီး အကုန်လုံး ရောင်းချပြီးပြီ ဖြစ်ပါတယ်။ ဂျပန်မှ ကားဝယ်ရောင်းသမားတစ်ဦးက  အမေရိကန်ဒေါ်လာ ၂၄ သန်း ဈေးခေါ်ထားကြောင်း  TheSupercarBlog မှာ သတင်းဖော်ပြထားပါတယ်။

 Bugatti Centodieci  ရှေ့ပြေးနမူနာကားကို နေ့ညမပြတ် ဝါရင့်ယာဉ်မောင်း ၃ ဦး အလှည့်ကျ စမ်းသပ် မောင်းနှင်ခဲ့ကြပါတယ်။ 

အမေရိကန်နိုင်ငံမှ Central Pacific Highway အဝေးပြေးလမ်းပေါ်မှာလည်း Chiron Pur Sport ၃ စီး ၊ Chiron Super Sport ၄ စီး ခြံရံပြီး စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။

 

 

ပူပြင်းတဲ့ ကန္တာရရာသီဥတုမှာလည်း မညှာစတမ်း မောင်းနှင်ခဲ့ကြပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ၂,၈၀၀ မီတာမြင့်တဲ့ တောင်ပေါ်ဒေသ Mount Lemmon မှာလည်း မောင်းနှင်ခဲ့ပါတယ်။

ရပ်လိုက်မောင်းလိုက် လုပ်ရတဲ့ ယာဉ်ကြောကျပ်ကျပ် မြို့တွင်းလမ်းတွေပေါ်မှာလည်း မောင်းနှင်ခဲ့ကြပါတယ်။

 စမ်းသပ်မောင်းနှင်ရေးအဖွဲ့မှာ ယာဉ်မောင်းများ၊ စက်ဆရာများအပြင် အင်ဂျင်နီယာ ၂၇ ဦးလည်း ပါဝင်ပါတယ်။

 

 

limited-edition model ဖြစ်တဲ့ Centodieci မှာ 8.0-litre W16 အင်ဂျင် အသုံးပြုထားပါတယ်။ ပါဝါ 1577bhp အထိ ထုတ်ပေးနိုင်ပါတယ်။

သုညမှ တစ်နာရီ ၆၂ မိုင်ကို ၂.၄ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်စွမ်း ရှိပါတယ်။ အမြန်နှုန်း အမြန်နှုန်းကို တစ်နာရီ ၂၃၆ မိုင် ကန့်သတ်ထားပါတယ်။ 

Bugatti  Chiron က တစ်နာရီ ၂၆၁ မိုင် အမြန်နှုန်းအထိ ရပါတယ်။ 

ရရှိထားတဲ့ ဒေတာများ၊ မှတ်တမ်းမှတ်ရာများ၊ မှတ်ချက်များကို အပြီးသတ် အကဲဖြတ်ပြီးတာနဲ့ ထုတ်လုပ်ရေး စတင်မှာဖြစ်ပြီး ယခုနှစ် အနှောင်းပိုင်းမှာ ဝယ်ယူထားသူတွေထံ စတင်ပေးပို့မှာ ဖြစ်ပါတယ်။

Read 1065 times