ဗြိတိန် ၂၀၂၂ ကားထုတ်လုပ်မှု နှစ် ၆၀ ကျော်တွင် အနည်းဆုံးသို့ ရောက်ရှိ


ဗြိတိန် ၂၀၂၂ ကားထုတ်လုပ်မှု နှစ် ၆၀ ကျော်တွင် အနည်းဆုံးသို့ ရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဗြိတိန်၏ ၂၀၂၂ ခုနှစ်တွင် ကားထုတ်လုပ်မှုသည် ဆယ်စုနှစ်ခြောက်ဆယ်ကျော်တွင် အနိမ့်ဆုံးသို့ ရောက်ရှိသွားသည်။ သို့သော် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မှုမှာ မြင့်တက်ခဲ့သည်ဟု မော်တော်ထုတ်လုပ်သူများနှင့် ကုန်သည်များအသင်း Society of Motor Manufacturers and Traders (SMMT) က ပြောကြားသည်။

၂၀၂၂ ခုနှစ်တွင် ဗြိတိန်၌ ကား ၇၇၅,၀၁၄ စီး ထုတ်လုပ်ခဲ့သည်။ ၂၀၂၁ ထက် ၉.၈% လျော့နည်းသည်။ ကိုဗစ်ကပ်ရောဂါ အကြိုကာလ ၂၀၁၉ ခုနှစ်ထက် ၄၀.၅% လျော့နည်းသည်။ 
၁၉၅၆ ခုနှစ်နောက်ပိုင်း နှစ်စဉ် ထုတ်လုပ်စီးရေ အနည်းဆုံး ဖြစ်သည်။
ဒီဇင်ဘာလတွင်  ကားထုတ်လုပ်မှု ၁၇.၉% ကျဆင်းခဲ့သည်။ 
လျော့နည်းရသည့် အဓိကအကြောက်းရင်းမှာ ချစ်ပ်များ အလုံအလောက် မရရှိသောကြောင့် ဖြစ်သည်။ 

စံချိန်တင် 234,066 ဘက်ထရီသုံး လျှပ်စစ်ကားbattery electric vehicle  (BEV)များ၊ ပလပ်ထိုး ဟိုက်ဘရစ်ကားများ၊ ဟိုက်ဘရစ်ကားများ စီးရေ ၂၃၄,၀၆၆ ထုတ်လုပ်ခဲ့သည်။ ၂၀၂၁ ထက် ၄.၅% ပိုများသည်။ စုစုပေါင်း ထုတ်လုပ်သည့် ကားစီးရေ၏ သုံးပုံတစ်ပုံ နီးပါးရှိသည်။
"လျှပ်စစ်ကားတွေ အရင်ကထက် ပိုထုတ်လုပ်နေတုန်းပါပဲ” ဟု SMMT အမှုဆောင်အရာရှိချုပ် Mike Hawes က ပြောကြားခဲ့သည်။

ပြည်တွင်းဈေးကွက်အတွက် စုစုပေါင်း နှစ်စဉ်ထုတ်လုပ်မှု ၉ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးပြည်ပသို့ တင်ပို့မှု ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1041 times