ဘရာဇီးနိုင်ငံ အီးဗီ ရောင်းအား တိုယိုတာ ဦးဆောင်


ဘရာဇီးနိုင်ငံ အီးဗီ ရောင်းအား တိုယိုတာ ဦးဆောင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဘရာဇီးနိုင်ငံသည် 2023 ခုနှစ်တွင် လျှပ်စစ်ကား သုံးစွဲမှုများ သိသိသာသာ မြင့်တက်လာခဲ့သည်၊
မျှော်မှန်းခားသည်ထက် သာလွန်ခဲ့သည်။ ၂၀၂၃ နှစ်ကုန်တွင် ကနဦး မှတ်ပုံတင်ထားသည့် အီးဗီ အစီးရေ ၉ သောင်းကျော် (၉၃,၉၂၇ စီး) ရှိသည်။
၂၀၂၂ ခုနှစ်တွင် ကနဦး မှတ်ပုံတင်သည့် အီးဗီ အစီးရေ ၄ သောင်းကျော် (၄၉,၂၄၆ စီး) ရှိသည်။ သို့ဖြစ်ရာ ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် အျရအတွက် ၉၁% မြင့်တက်ခဲ့ပါသည်။ 

ကြားဖြတ်၍ အသိပေးတင်ပြလိုသည်မှာ ဘရာဇီးနိုင်ငံတွင် ယာဉ်အမျိုးအစား သတ်မှတ်ရာတွင် လျှပ်စစ်ကား Electric Vehicle EV အမျိုးအစားတွင် 
• ဘက်ထရီသုံး အီးဗီ Battery Electric Vehicle (BEV)
• ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အီးဗီ Plug-in Hybrid Electric Vehicle (PHEV)
• သမားရိုးကျ ဟိုက်ဘရစ် အီးဗီ  Hybrid Electric Vehicle (HEV)
တို့ အကျုံးဝင်ပါသည်။ 
အကယ်စင်စစ် HEV သည် ပြင်ပမှ လျှပ်စစ်ဓာတ်အားဖြင့် အားသွင်းခြင်း အလျဉ်း မရှိပါ။ ဓာတ်ဆီကိုသာဖြည့်တင်းပါသည်။ 

 ဘရာဇီးနိုင်ငံ လျှပ်စစ်‌မော်တော်ယာဉ်အသင်း Associação Brasileira do Veículo Elétrico ABVE သည် HEV ကို EV လျှပ်စစ်ကားဟု သတ်မှတ်ပါသည်။ 
ယခု တင်ပြချက်တွင် ABVE ၏ ဒေတာများကို အခြေခံပြီး တင်ပြထားခြင်း ဖြစ်သဖြင့် HEV ကို EV လျှပ်စစ်ကားဟု သတ်မှတ်ထားခြင်းကို လိုက်နာထားသော ဒေတာများ ဖြစ်ပါသည်။ 

ဘရာဇီး အီးဗီဈေးကွက်သည် ၂၀၂၃ ခုနှစ်တွင် PHEV နှင့် BEV ဆ‌ီသို့ ကူးပြောင်းခဲ့ပါသည်။ PHEV နှင့် BEV ၂ မျိုးပေါင်း အီးဗီအရေအတွက်သည် အီးဗီအားလုံး စုစုပေါင်း၏ ၅၆% ရှိပါသည်။ ၅၂,၃၅၉ စီး ကနဦး မှတ်ပုံတင်ခဲ့ပါသည်။ 
HEV ၄၁,၅၆၈ စီး ကနဦး မှတ်ပုံတင်ခဲ့ပါသည်။ 
၂၀၂၂ ခုနှစ်အထိ HEV က ပိုများနေခဲ့ရာမှ ၂၀၂၃ တွင် ပိုနည်းသည့် အနေအထားသို့ ပြောင်းလဲသွားခဲ့ပါသည်။ 

၂၀၂၃ ခုနှစ်၏ နောက်ဆုံးလ ဖြစ်သည့် ဒီဇင်ဘာလတွင် PHEV ကြီးစိုးခဲ့ပါသည်။ စုစုပေါင်း အီးဗီ ရောင်းအား၏ ၇၀% ကျော်သည် PHEV ဖြစ်ပါသည်။ 
PHEV ရောင်းအား မြင့်တက်သည်မှာ BYD နှင့် Great Wall Motors တို့၏ PHEV မော်ဒယ်များ အဝယ်လိုက်ခဲ့သောကြောင့် ဖြစ်ပါသည်။


ကားအမှတ်တံဆိပ်အရ ကြည့်လျှင် ပထမနေရာတွင် Toyota ရောက်ရှိနေပြီး ဒုတိယနေရာတွင် BYD နေရာယူထားပါသည်။ Chery က တတိယနေရာတွင် ရှိနေပါသည်။


ကားမော်ဒယ်အရကြည့်လျှင် Toyota ၏ Corolla Cross က ပထမနေရာကို ရရှိထားပါသည်။
Great Wall Motors ၏ Haval H6 က ဒုတိယနေရာ ရရှိပါသည်။
တတိယနေရာကို Toyota ၏ Corolla ရယူထားပါသည်။
 

Source: ABVE, carnewschina 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 231 times