ဈေးကွက်ထဲစတင်ဝင်ရောက်လာတဲ့ YAMAHA Exciter ဆိုင်ကယ်


အပြိုင်အဆိုင်များလှတဲ့ ဒီနေ့ခေတ်မှာ ဆိုင်ကယ်ကုမ္ပဏီတွေဟာ အမျိုးအစားအသစ်တွေ ကိုယ်စီထုတ်လုပ်လာကြသလို အရည်အသွေးလည်း တစ်နှစ်ထက်တစ်နှစ် ပိုပြီးကောင်းမွန်အောင် ထုတ်လုပ်လာကြပါတယ်။

၎င်းကဲ့သို့ အပြိုင်အဆိုင် ထုတ်လုပ်လာကြရာတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က 150 CC ဆိုင်ကယ်များသာ ယှဉ်ပြိုင်ရတဲ့ Grand GP ပြိုင်ပွဲမှာ Winner ဆု ရရှိခဲ့သည့် YAMAHA Exciter ဆိုင်ကယ်ဟာ ယခုဆိုလျှင် မြန်မာပြည်ဈေးကွက်ထဲ စတင်ရောက်ရှိလာပါတယ်။

ဒါကြောင့် ဆိုင်ကယ်ချစ်သူများအတွက် ဗီယက်နမ်နိုင်ငံထုတ် YAMAHA Exciter GP ဆိုင်ကယ်အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ယခုဆိုင်ကယ်အမျိုးအစားကို အရင်က Exciter အမည်ဖြင့်သာ ထုတ်လုပ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် Grand GP ပြိုင်ပွဲတွင် Winner ဆု ရရှိခဲ့ပြီးနောက်ပိုင်းမှာတော့ ဆုရရှိတဲ့ အထိမ်းအမှတ်အနေဖြင့် ယခု ၂၀၁၈ မော်ဒယ်မှာ YAMAHA Exciter GP အမည်ဖြင့် ထုတ်လုပ်လာပါတယ်။

YAMAHA ၏ နာမည်ကျော် R15 ဆိုင်ကယ်ရဲ့ အင်ဂျင်အတိုင်း အင်ဂျင်ပါဝါ 150 CC အသုံးပြုထားပြီး Manual စတိုင်လ်ကို ကလပ်ဖြင့် စီးနင်းချင်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာကြောင့် ဂီယာက အောက်တစ်ချက် အပေါ်လေးချက်နဲ့ စုစုပေါင်း ငါးချက်ကစားပြီး မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

EFI စနစ်ဖြင့် ထုတ်လုပ်ထားတာကြောင့် ရုန်းအားဆွဲအားကောင်းမွန်မှာဖြစ်ပြီး Diasil ဆလင်ဒါ သုံးထားတာကြောင့် ပျက်ဆီးမှု ကုန်ကျစရိတ်တွေ များစွာသက်သာစေမှာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ Diasil ဆလင်ဒါကို အလူမီနီယမ်နဲ့ ပြုလုပ်ထားတာကြောင့် အလေးချိန်း ၃၀ ရာခိုင်နှုန်း လျှော့ချပေးထားသလို ရေတိုင်ကီပါရှိတဲ့အတွက် Highway မောင်းနှင်တဲ့အချိန်မှာ အင်ဂျင်အပူချိန် ၆၀ ရာခိုင်နှုန်း လျော့ကျစေမှာဖြစ်ပြီး အင်ဂျင်အတွင်းပိုင်းမှာလည်း ဗားလေးချောင်း ပါရှိပါတယ်။

ဘရိတ်ကို ရှေ့/နောက် Disc ဘရိတ် အသုံးပြုနိုင်မှာဖြစ်ပြီး ခါးဖောက်နဲ့ ထုတ်လုပ်ထားလို့ ရုတ်တရက် ဘရိတ်အုပ်ချိန်မျိုးမှာ ဆိုင်ကယ်ခါယမ်းသွားတာမျိုး မရှိကြောင်း သိရပါတယ်။

ရှေ့မီးကြီးကို ထုံးစံအတိုင်း မီးအဝါတွေသုံးထားပြီး Auto Side Light မီးလင်းပေးမည့် ဘေးနှစ်ဖက် မီးသီးအသေးတွေမှာတော့ LED မီးသီးတွေ တပ်ဆင်ပေးထားပါတယ်။

ထူးခြားတာက Manual စတိုင်လ်ကို ကလပ်နဲ့ထုတ်လုပ်ထားသလို ဒိုက်ခွက်မှာလည်း Trip မှတ်လို့ရသော system များ ထည့်သွင်းထားပါတယ်။

အရောင်အနေဖြင့် အပြာနဲ့ အနက် နှစ်ရောက် ထုတ်လုပ်ပေးထားပြီး ဗီယက်နမ်နိုင်ငံမှာ King of the Street လို့ခေါ်ဆိုကြတဲ့ Exciter GP ဆိုင်ကယ်ကို မြန်မာနိုင်ငံမှာတော့ တစ်စီးကို ကျပ် ၂၁ သိန်းခွဲဝန်းကျင်ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ဝန်ဆောင်မှုအနေဖြသ့် အင်ဂျင် တစ်နှစ်အာမခံနဲ့ တစ်နှစ်အတွင်း Free Service ငါးကြိမ် ဝန်ဆောင်မှုပေးထားကြောင်း သိရပါတယ်။

Read 2562 times