ကားဟောင်းစလစ်ကပ်ပြီး ရန်ကုန်လိုင်စင် လျှောက်ထားသည့် Brand New ကားအစီး ကိုးရာ ဝန်းကျင်ရှိ


ကားဟောင်းစလစ်ကပ်ပြီး ရန်ကုန် လိုင်စင်လျှောက်ထားသည့် Brand New ကား အစီး ကိုးရာဝန်းကျင်ရှိ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ကားအရောင်းပြခန်းများမှ တင် သွင်းရောင်းချသော Brand New ကားများကို ယာဉ်အိုဟောင်း စလစ်ကပ်၍ ရန်ကုန်လိုင်စင် လျှောက်ထားခွင့်ပြုခြင်းကို ၂၀၁၅ ခုနှစ် ၊ မတ်လမှ စတင်ခွင့်ပြုခဲ့ရာ ထိုနှစ်အတွင်း ရန်ကုန်လိုင်စင်ဖြင့် စလစ်ကပ်ပြီး Brand New ကားအစီး ၂၀ ပါမစ် လျှောက်ထားခဲ့သည်။

ရန်ကုန်လိုင်စင်ဖြင့် ကား ဝယ်ယူအသုံးပြုခွင့် YVQC စနစ် ထွက်ပေါ် မလာသေးသည့်အတွက် လည်း ယခုနှစ်အတွင်း စလစ်ကပ် ပြီး ပါမစ် လျှောက်ထားသော Brand New ကားအရေအတွက် ပိုများ လာကာ နှစ်စမှ ဒီဇင်ဘာလ တတိ ယပတ်အထိ ၆၂၃ စီးရှိခဲ့သည်။

“ကားအရောင်းပြခန်းတွေက နေ ပုံစံ(ဃ)စလစ်ကပ်ပြီး ရန်ကုန် လိုင်စင် လျှောက်ထားခွင့်ပြုတာကို ပြီးခဲ့တဲ့နှစ် မတ်လကစပြီး ခွင့်ပြု ပေးခဲ့ပါတယ်၊ ဒီနှစ်အတွင်းမှာ ရန် ကုန်လိုင်စင်နဲ့ ဝယ်ယူခွင့်ပါမစ် လျှောက်တဲ့ Brand New ကား အရေအတွက်က အရင်နှစ်နဲ့ယှဉ် ရင် အစီးရေ များလာပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

၂၀၁၈ ခုနှစ်အတွင်း Brand New ကားများ စလစ်ကပ်ပြီး ရန် ကုန်လိုင်စင် လျှောက်ထားရာတွင်ဇန်နဝါရီလအတွင်း ၆၅ စီး ၊ ဖေဖော်ဝါရီလအတွင်း ၅၄ စီး၊ မတ်လ အတွင်း ၃၃ စီး၊ ဧပြီလအတွင်း ၃၆ စီး၊ မေလအတွင်း ၅၅ စီး၊ ဇွန်လအတွင်း ၅၃ စီး၊ ဇူလိုင်လ အတွင်း ၈၅ စီး၊ သြဂုတ်လအတွင်း ၅၄ စီး၊ စက်တင်ဘာလအတွင်း ၄၅ စီး၊ အောက်တိုဘာလအတွင်း ၄၂ စီး၊ နိုဝင်ဘာလအတွင်း ၆၄ စီးနှင့် ဒီဇင်ဘာလ တတိယပတ် အထိ ၃၅ စီးရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

Read 647 times