ကားအသစ်စီးတာ စိတ်ရှင်းတယ်


ကားအသစ်စီးတာ စိတ်ရှင်းတယ်


ကားအသစ် ဝယ်စီးရင် ရရှိနိုင်မယ့် ကောင်းချက်တွေ ရှိပါတယ်။
ပထမ တစ်ချက်က ကားရဲ့ ပထမဆုံး အုံနာဟာ ကိုယ်ပဲ ဖြစ်လို့  နောက်ကြောင်း ရှင်းတယ်။ 
Without ကားကို လာရောင်းတာလား။ အုံနာဘုတ်က စစ်ရဲ့လား။ အရှုပ်အထွေး ရှိနေသလားဆိုတဲ့ ပြဿနာ မရှိဘူး။
ဘဏ်ချေးငွေနဲ့ ဝယ်ထားပြီး အကြေမဆပ်ရသေးခင် လာရောင်းတာလားဆိုတာမျိုးလည်း ပူစရာ မလိုဘူး။
ကညနမှာ ယာဉ်မှန်/မမှန်စစ်ဆေးဖို့ လည်း မလိုအပ်ဘူး။
ဘယ်နားမှာ ထိထားဖူးသလဲ ကိုယ်လုံးကိုယ်ထည်ကို စစ်ဆေးနေဖို့ မလိုဘူး။
ဒီတော့ ကားအသစ်စီးရတာ စိတ်ရှင်းပါတယ်။ 
ကားအသစ် ကျပ်ချွတ်စီးတယ်ဆိုတဲ့ ဂုဏ်လည်း ရှိတယ်။ 
နောက်တစ်ချက်က ကားအရောင်းသမားတွေက ကားအသစ် ဝယ်တဲ့သူတွေအတွက် မက်လုံးတစ်ခုအဖြစ် ဘဏ်ချေးငွေ ရရှိဖို့ စီစဉ်ပေးထားကြလေ့ရှိတယ်။ ဒီတော့ ဘဏ်ချေးငွေ ရဖို့ ဆောင်ရွက်ရာမှာ လွယ်ကူတယ်။
ချေးငွေ ယူလိုက်လို့ ဘယ်လောက် ပိုကုန်သွားမလဲဆိုတာ‌တော့ ဆန်းစစ်ဖို့ လိုပါမယ်။ ကျေနပ်နိုင်တဲ့ အတိုးဆိုရင် လက်ခံခေါင်းညိတ်ပြလိုက်ရုံပါပဲ။
ကားအသစ် ဝယ်ရင် အရင်ဆုံး ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းပါ။ ကားအသစ် ရောင်းဈေးတွေကို စုံစမ်းပါ။ စာရင်းချရေးထားပါ။ အဲဒီကားအမျိုးအစား မော်ဒယ်ကို ပြန်ရောင်းရင် ဈေးကွက်ထဲမှာ အခြေအနေ ဘယ်လို ရှိမလဲဆိုတာ စုံစမ်းပါ။

ဝယ်ဖို့ ရွေးချယ်တဲ့ ကားမော်ဒယ်ကို စာရင်းလုပ်ပါ။ ကိုယ့်အတွက် ဘယ်ဟာက အလိုက်ဖက်ဆုံးဖြစ်မလဲ။ အသင့်တော်ဆိုဖြစ်မလဲ ရွေးချယ်ပါ။ စာရင်းမှာ ပါတဲ့ ကားမော်ဒယ်တွေကို နှိုင်းယှဉ်ကြည့်ပါ။ အဲဒီ ကားမော်ဒယ်ကို ရောင်းပေမဲ့ အရောင်းသမားတွေကိုလည်း နှိုင်းယှဉ်ကြည့်ပါ။ 
ရောင်းပြီးနောက် ဝန်ဆောင်မှု After sale service ဘာတွေ ပေးသလဲ မေးမြန်းပါ။
ကားနံပတ်ယူမယ် ဆိုရင် လိုင်စင်က ကိုယ်နေတဲ့မြို့အတွက် အဆင်ပြေမယ့် လိုင်စင်ရမှာလား။ ဥပမာ  ရန်ကုန်မှာနေရင် ရန်ကုန်လိုင်စင် ရမှာလား။
ဘဏ်ချေးငွေကို ဘယ်လို လိုက်လုပ်ပေးမှာလဲ။
ကနဦးလိုင်စင်ဝင်ဖို့ ဘယ်လို လိုက်ကူညီပေးမှာလဲ။

ဝယ်စီးပြီးသွားတဲ့အခါမှာလည်း အသစ် ဖြစ်တာမို့ ပြုပြင်ထိန်းသိမ်းစရိတ်က ကားအဟောင်းထက် ယေဘုယျအားဖြင့် သက်သာပါတယ်။ နောက်ဆုံးပေါ် နည်းပညာများလည်း ကားပေါ်မှာ ပါနေပါတယ်။ ဘေးကင်းလုံခြုံရေးအတွက် အဆင့်မြင့်မြင့် စီမံပေးထားတာတွေကို ရရှိမှာ ဖြစ်ပါတယ်။ 
ဒီတော့ ကားအသစ်စီးရတာ စိတ်ရှင်းပါတယ်။ 
 

Read 703 times