ဘရိတ်စနစ်သည် မော်တော်ယာဉ်တစ်စီးတွင် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။
ဘရိတ်ပေါက်၍၊ ဘရိတ်မမိတော့၍ ယာဉ်တိုက်မှု သတင်းများ မကြာခဏကြားနေရသည်။
လမ်းပေါ်တွင် မောင်းနှင်သွားလာနေသော မော်တော်ယာဉ်တစ်စီးသည် အရေးပေါ် အခြေအနေအမျိုးမျိုးတွင် ရွေ့လျားနေသော အရှိန်ကိုရပ်တန့်ရန် ဘရိတ်စနစ်တစ်ခုလုံး ထိရောက်ကောင်းမွန်ရမည်။
ယာဉ်မောင်းသူသည် စိတ်တိုင်းကျ ဘရိတ်မဖမ်းနိုင်ပါက လမ်းပေါ်တွင် ရှိသော အခြားကားများနှင့် လမ်းဖြတ်ကူးသူများကို ၀င်တိုက်နိုင်သည်။
ဘရိတ်စနစ်ကောင်းမွန်နေရေးသည် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းသူ၏ တာဝန်ပင်ဖြစ်ည်။
ဘရိတ်မကောငး်သည်ကိုသိလျှင် ချက်ချင်းပြုပြင်ရမည်။
မှေးမောင်းထားပြီး နောက်မှပြင်မယ်ဆို၍မရပါ။
ဘရိတ်ကောင်းကောင်းမမိသော၊ ချို့ယွင်းချက်ရှိသော ကားတစ်စီးသည် လမ်းပေါ်တွင် ရွေ့လျားနေပါက အန္တရာယ်ကို ဖိတ်ခေါ်နေသည်နှင့် တူပါသည်။
အဖြစ်များသော ဘရိတ်ပြဿနာများမှာ ဘရိတ်ဖမ်းလျှင် ရှူးခြမ်း အသံမြည်ခြင်း၊ ဘရိတ်နင်းလိုက်လျှင် ခြေနင်းတံ(Paddle) အောက်ခြေနားရောက်မှ မိခြင်း၊ ဘရိတ်နင်းရသည်မှာ ပျော့လွန်းနေခြင်း၊ တစ်ချက်တည်းနင်းလျှင်မမိ၍ ထပ်ခါထပ်ခါနင်းနေရခြင်း၊ ဘရိတ်ချောနေခြင်း၊ ခြေနင်းနတံနင်းလိုက်လျှင် တုန်ခါမှုကို ခြေဖျားတွင် ခံစားမိနိုင်ခြင်း၊ ဘရိတ်နင်းတံ အပေါ်ဆုံးသို့ ရောက်နေခြင်း၊ ဘီးတစ်ဖက်ဖက်တွင် ဘရိတ်ငြိပြီး ညှော်နံ့ထွက်လာခြင်း၊ ဘရိတ်နင်းလျှင် ကားတစ်ဖက်သို့ ဆွဲသွားခြင်း၊ ဘရိတ်ခြေနင်းတံနင်းရသည်မှာ မာလွန်းနေခြင်း၊ ဘရိတ်ခြေနင်းတံနင်းလိုက်လျှင် ဆာဗိုယူနစ်မှ လေချွန်သံထွက်ခြင်း၊ (wheel cylinder) ဘီးဆလင်ဒါမှ ဘရိတ်ဆီများယိုစိမ့်နေခြင်း၊ ဘရိတ်ပိုက်ပျော့မှ ဘရိတ်ဆီယို စိမ့်ခြင်း၊ ဘရိတ်လေခိုခြင်း၊ မာစတာဘရိတ်ဆုံတွင် ဘရိတ်ဆီ မကြာခဏ လျော့နည်း၍ ထပ်ဖြည့်နေရခြင်း၊ ဘရိတ်ရှူးခြမ်းများ ပါးလွန်းနေခြင်း၊ ဒစ်ဘရိတ် Pad မှ ရှူးလိုင်နာပါးလွန်းနေခြင်း၊ ဘရိတ်ရှူးခြမ်းများ ဝေးလွန်းနေခြင်း၊ ဘရိတ်ဝေါရှာပေါက်ခြင်း၊ ဘရိတ်ဒရမ်များ တစ်ခြမ်းစောင်းစားနေခြင်း၊ ဒစ်ဘရိတ်တွင် ဒစ်ပြားမျက်နှာပြင်တွင် အစင်းလိုင်းများ ပေါ်နေခြင်း၊ နောက် Drive Shaft မှ ၀ုိင်းဆီးပေါက်၍ ကရောင်းဝိုင်းများ ယိုစိမ့်ပြီး ဘရိတ်ချောခြင်း၊ Black Plate အထိုင် Nut များချောင်နေ၍ ဘရိတ်နင်းလိုက်လျှင် အသံထွက်ခြင်း၊ ဘရိတ်ပိုက်အဆက်များမှ ဆီယိုစိမ့်ခြင်း၊ ဒစ်ဘရိတ်ငြိနေခြင်း၊ ဘရိတ်ဆာဗိုမူမမှန်ခြင်း၊ ဆာဗိုအိုးထဲသို့ ဘရိတ်ဆီများ ရောက်နေခြင်း၊ Vaccum Pump လေဆွဲအားမကောင်း၍ ဆာဗိုယူနစ် ကောင်းကောင်းအလုပ်မလုပ်ခြင်း များသည်ဘရိတ်စနစ်တွင် ဖြစ်တတ်သော ပြဿနာများဖြစ်ပါသည်။
မူမမှန်သော အထက်ပါဘရိတ်ပြဿနာများသည် ဘရိတ်စနစ်ချို့ယွင်းသော လက္ခဏာများဖြစ်သည်။