သင့်ကားရဲ့ ဘရိတ်ကိုပြန်လည်ပြင်ဆင်ဖို့ သတိပေးတဲ့ အချက် (၇)ချက်


သင့်ကားရဲ့ ဘရိတ်ကိုပြန်လည်ပြင်ဆင်ဖို့ သတိပေးတဲ့ အချက် (၇)ချက်ကို ဖော်ပြပေးထားပါတယ်

၁။ Noising - ဘရိတ်နင်းတဲ့ အခါမှာ ဆူးရှပြီး ဖြစ်ညှစ်တဲ့ အသံမျိုး၊ တခုနဲ့တခု ပွတ်ချေပြီး ထွက်လာတဲ့ အသံမျိုးထွက်ခြင်း။

၂။ Pulling - ဘရိတ်နင်းတဲ့ အခါမှာ တဖက်ဖက်ကို ကားကလိုက်သွားခြင်း။

၃။ Low Pedal - ဘရိတ်နင်းတံကို အဆုံးထိရောက်အောင် နင်းနေရခြင်း။

၄။ Hard Pedal - ဘရိတ်နင်းတံကို နင်းရတာသက်တောင့်သက်သာမရှိဘဲ အားဖြင့်ဖိနင်းနေရခြင်း။

၅။ Grabbing - ဘရိတ်နင်းတဲ့ အခါမှာ ချက်ချင်းနင်းလို့မရဘဲ တချက်တုံ့ပြီးမှ နင်းလို့ရခြင်း။

၆။ Vibration - သာမန် ဘရိတ်နင်းတဲ့ အချိန်မှာတောင် ဘရိတ်နင်းတံက တုန်ခါနေခြင်း (သို့) လှုပ်ရမ်းနေခြင်း။

၇။ Light - ဘရိတ်နင်းခြင်းမရှိဘဲ ဘရိတ်မီး (သို့) dashboard မှ ဘရိတ်မီးတို့ လင်းနေခြင်း။

စသည့် အချက်များ သင့်ကားမှာ ဖြစ်ပေါ်နေပြီဆိုလျှင် ဘရိတ်စနစ်တစ်ခုလုံးကို ပြန်လည်စစ်ဆေးဖို့လိုအပ်နေပါပြီ။

 

Read 4456 times