ကားတစ်စီးမှာဘရိတ်ကအရေးကြီးပါတယ်။ယာဉ်မတော်တဆမှုဖြစ်ပွားကြတဲ့အကြောင်းအရင်းတွေထဲမှာဘ ရတ်ပျက်လို့ဖြစ်ရတာကလည်းအဓိကပါဝင်နေတာတွေ့ရပါတယ်။အဲဒါကြောင့်ကားတစ်စီးဘရိတ်စနစ်ကိုအမြဲစစ်ဆေးပေးဖို့လိုအပ်ပါတယ်။ကားရဲ့ဘရိတ်ပြုပြင်ဖို့လိုအပ်ချက်မှာသိရှိနိူင်တဲ့ရှေ့ပြေးလက္ခဏာ(၇)မျိုးရှိပါတယ်။
သင့်ကားဘရိတ်ပြုပြင်သင့်တဲ့အချိန်ကိုသိရှိနိူင်တဲ့ကားတစ်စီးရဲ့လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကားတစ်စီးမှာဘရိတ်ကအရေးကြီးပါတယ်။ယာဉ်မတော်တဆမှုဖြစ်ပွားကြတဲ့အကြောင်းအရင်းတွေထဲမှာဘ ရတ်ပျက်လို့ဖြစ်ရတာကလည်းအဓိကပါဝင်နေတာတွေ့ရပါတယ်။အဲဒါကြောင့်ကားတစ်စီးဘရိတ်စနစ်ကိုအမြဲစစ်ဆေးပေးဖို့လိုအပ်ပါတယ်။ကားရဲ့ဘရိတ်ပြုပြင်ဖို့လိုအပ်ချက်မှာသိရှိနိူင်တဲ့ရှေ့ပြေးလက္ခဏာ(၇)မျိုးရှိပါတယ်။
၁။ဆူညံသံ
ဘိရိတ်ဖမ်းတဲ့အခါ ငှက်ဆိုးထိုးသံလို၊ ငြီးသံလို၊ တစ်စုံတစ်ခုကပ်ညှိနေတဲ့ အသံမျိုးထွက်ပေါ်လာရင်တော့ သင့်ကားရဲ့ဘရိတ်ကိုပြုပြင်သင့်ပြီဖြစ်ပါတယ်။
၂။ပွတ်ဆွဲခြင်း
ရုတ်တရက်ဘရိတ်ဖမ်းလိုက်တဲ့အချိန်မှာ ဘေးတစ်ဘက်ကိုဆွဲထွက်သွားခြင်းမျိုးဖြစ်ပေါ်လာရင်တော့ ဘရိတ်ကတခြမ်းစားနေလို့အမြန်ဆုံးပြုပြင်သင့်ပြီဖြစ်ပါတယ်။
၃။ဘရိတ်လျော့ခြင်း
ကားဘရိတ်တန်ကိုနင်းတဲ့အချိန်မှာပုံထက်ပျော့လွန်းလျော့လွန်းနေပြီးဘရိတ်ဖမ်း၇တာမတိကျရင်လည်း သင့်ကားဘရိတ်ကိုပြုပြင်သင့်ပြီဖြစ်ပါတယ်။
၄။ဘရိတ်တင်းလွန်းခြင်း
နင်းရတဲ့ကားဘရိတ်က ပုံမှန်ထက်တင်းမာလွန်းနေရင်လည်း အမြန်ဆုံးစစ်ဆေးပြုပြင်သင့်တဲ့အခြေအနေဖြစ်ပါ တယ်။
၅။ရုတ်တရက်ဘရိတ်မိခြင်း
ကားဘရိတ်တန်ကိုထိမိရုံဖြင့် ရုတ်တရက်ဘရိတ်မိနေခြင်းကလည်း သင့်ရဲ့ဘရိတ်ပြုပြင်ဖို့လိုအပ်နေတဲ့လက္ခ ဏာဖြစ်ပါတယ်။
၆။တုန်ခါခြင်း
ဘရိတ်ကိုသုံးပြီးအရှိန်လျော့တဲ့အချိန်မှာကားကိုယ်တစ်ခုလုံးကတုန်ခါလာတဲ့အခြေအနေမျိုးကြုံတွေ့နေရပြီဆို ရင်လည်းသင့်ကားရဲ့ဘရိတ်ပြုသင့်ပါတယ်။
၇။အချက်ပြမီး
နောက်ဆုံးတစ်ချက်ကတော့ သင့်ကားရဲ့ဒက်ရှ်ဘုတ်ခ်မှာ ဘရိတ်နဲ့ပတ်သက်တဲ့အချက်ပြမီးတစ်ခုခု အချက်ပြ လာရင်လည်း ဘရိတ်ကိုစစ်ဆေးပြုပြင်ပေးသင့်ပါတယ်။