Flat engine (or) Horizontally-opposed engine (or) Boxer engine


Internal combustion engine တွေထဲမှာ မေ့ထားလို့မရတဲ့ Boxer Engine ဆိုပြီး လူသိများတဲ့ အင်ဂျင်အမျိုးအစားကိုတော့ ၁၈၉၆ မှာ ဂျာမန် အင်ဂျင်နီယာ Karl Benz က patent လုပ်ခဲ့ပါတယ်။

သူကတော့ Contra engine လို့ခေါ်ပြန်ပါတယ်။ Horizontally opposed engine လို့လဲ ခေါ်ဆို ပေမယ့် Opposed piston engine နဲ့ မရော စေချင်ပါ။

Opposed piston engine က cylinder တစ်ခုထဲမှာ piston ၂ လုံးပါပြီး Crankshaft ၂ ချောင်းနဲ့ အင်ဂျင်ပါ။ Boxer engine ကတော့ V-shape engine ကို 180° ဖြန့်ချလိုက်သလိုပါပဲ။ အာ့ကြောင့် Flat engine လို့လည်းခေါ်တာပါ။ Boxer လို့ခေါ်တာကတော့ piston တွေဟာ တစ်လုံးဆုတ် တစ်လုံးထွက်နဲ့ ဘောင်စင်ထိုးနေသလိုဖြစ်နေလို့ပါ။ Crankshaft ဟာ အလည်တည့်တည့်မှာ ဖြစ်ပြီး piston များက ဘယ်ညာဝိုင်း၍ ဆွဲလှည့်ခြင်း ဖြစ်ပါတယ်။

ဘယ်ညာ Cylinder အရေအတွက် တူညီပြီး Piston အတက်အကျ (အဝင်အထွက်) ညီမျှသောကြောင့် အရမ်းတည်ငြိမ်တဲ့အင်ဂျင်မျိုးပါ။ Inline / V shape စတဲ့ engine များမှာလို Crankshaft တွင် balance ဖြစ်အောင် counter weight တပ်ဆင်ရန်မလိုပေ။ သို့သော် ပစ္စတင် ၆ လုံးအောက် Boxer engine များမှာ ဘယ်ညာ ပစ္စတင်များ TDC (Top dead centre) ကို အရောက်တွင် Rocking couple ဟုခေါ်သော အင်ဂျင်အလျားလိုက်တုန်ခါမှုရှိသည်။ ဒုတိယကမ္ဘာစစ် အတွင်း လေယာဉ်များတွင် အသုံးပြုခဲ့ကြပြီး centre of gravity နိမ့်မှု ။ အင်ဂျင်လည်ပတ်မှု ချောမွေ့ခြင်း ။

shaft drive အတွက်သင့်လျော်ခြင်း နဲ့ လေနှင့် အင်ဂျင်အအေးခံမှု (Air cooled) ကောင်းခြင်း တို့ကြောင့် မော်တော်ဆိုင်ကယ်များမှာပါ အသုံးပြု ပါတယ်။ ၁၉၂၃ ကစပြီး BMW မှ Boxer engine သုံး ဆိုင်ကယ်များထုတ်လုပ်ခဲ့ပါတယ်။ Boxer engine ရဲ့ centre of gravity နိမ့်မှုကြောင့် ကား Body rolling ကို လျော့ကျစေလို့ Porsche, Benz, Ford, Volkswagen, Chevrolet, Ferrari စတဲ့ နာမည်ကြီး ကားcompany များမှ သုံးစွဲခဲ့ကြပါတယ်။

Volkswagen Beetle လို မြန်မာသိကားများကဲ့သို့ Rear engine, rear wheel drive ကားများမှာ air cooled type များပြီး Front engine, front wheel drive Alfa Romeos, Subaru ကားများတွင် water cooled သုံးကြတာတွေ့ရပါမယ်။ Boxer engine cylinder အရေအတွက်ကတော့ cylinder ၂ လုံး ကနေ ၁၆ လုံးအထိရှိပါတယ်။ Boxer လို့ ပြော လိုက်တာနဲ့ Subaru, Ford, Porsche စသည်ဖြင့် ပြောရမည်ဖြစ်သော်လည်း မြန်မာအကြိုက် Toyota နဲ့ပဲပြောရရင်တော့ ၂၀၁၂ မှာ နာမည်ရခဲ့တဲ့ Toyota 86 ဆိုတဲ့ ပြိုင်ကားအမျိုးအစားကားဖြစ်ပါတယ်။

Subaru company နဲ့ ဖက်စပ်လုပ်ထားတာဖြစ်ပြီး 2 door fastback coupe အမျိုးအစားပါ။ 2.0 L displacement ရှိပြီး Front engine နဲ့ rear wheel drive ပါ။ Naturally aspirated boxer engine ဖြစ်ပြီး 2016 မှာ 86 နာမည်နဲ့ Asia, Ausi နဲ့ မြောက်အမေရိက ဘက် GT86 နာမည်နဲ့ ဥရောပ Scion FR-S ဆိုပြီး USA တို့မှာ ရောင်းချပါတယ်။

Engine code အနေနဲ့ Subaru က FA20 ဖြစ်ပြီး Toyota ကတော့ 4U-GSE ပါ။ Subaru ရဲ့ Flat-four engine ကို Toyota ရဲ့ D-4S direct injection နဲ့ Multipoint fuel injection စနစ်ကိုသုံးထားပါတယ်။ compression ratio 12.5:1 ရှိပြီး 1998 cc နဲ့ 197 horse power ကို 7000 rpm, torque 205 Nm ကို 6400 rpm မှာရပါတယ်။ Boxer အင်ဂျင်အပါးလေး ကိုမှ engine ခန်းအတွင်း အတတ်နိုင်ဆုံး အောက် အနိမ့်ဆုံးနှင့် နောက်အရောက်ဆုံး လည်းတပ်ဆင် ထားသောကြောင့် weight distribution 53 % ရှေ့ နှင့် 47 % နောက် ရရှိပါသည်။

Toyota Racing Development TRD ရဲ့ limited edition မှာ ၁၈ လက်မ အလွိုင်း Dual Clutch transmission နဲ့ အငြိမ်ပါပဲ။ 2017 model Toyota-86 လေးကတော့ 205 hp နဲ့ 212 Nm အထိတင်ထားပါတယ်။ Top speed 145 mph, 0 to 60 mph ကို 6.2 second ရပါတယ်။ 2012 မှာ Toyota 4U-GSE ကားအနေနဲ့ Car of the year(Top Gear magazine) (Wheels magazine) Japan Car of the year (Special Award) အပါအဝင် Award ၁၀ ခုရရှိခဲ့ပါတယ်။ Boxer engine ရဲ့ အဓိကကောင်းကျိုးတွေဖြစ်တဲ့ Engine Balance ညီညွတ်ပြီး ချောမွေ့စွာ လည်ပတ် နိုင်ခြင်း။

Inline/ V shape engine များထက် ပိုပု သောကြောင့် CG နိမ့်၍ကားမောင်းနှင်ရာတွင် ပိုမို တည်ငြိမ်မှုရှိခြင်း (ကားမှောက်ဖို့ခက်ခြင်း) တွေ ရှိသော်လည်း Boxer engine တည်ဆောက်မှုအရ လေ အဝင် လိုင်းများ အိတ်ဇောလိုင်းများရှုတ်ထွေးခြင်း။ cylinder head ၂ ဖက် ရှိသောကြောင့် intake camshaft ၂ ချောင်းနှင့် exhaust camshaft ၂ ချောင်းစီနှင့် belt/chain linkage များခြင်း။ Cylinder များကို လှဲထားသောကြောင့် lubrication အနေဖြင့် အင်ဂျင်ဝိုင်များ oil pan ထဲသို့ အပြည့်အဝပြန် မကျခြင်းမှ စ၍ head gasket oil leakage ရှိခြင်း။

အင်ဂျင်ပုသော်လည်း ဗျက်ကျယ်သောကြောင့် ပလတ်ဂ် လဲလှယ်ရာတွင် နေရာကြပ်ခြင်း။ ရှေ့အင်ဂျင် နောက်ယက် (RWD) သာအဆင်ပြေခြင်းစသည်ဖြင့် ဆိုးကျိုးများစွာလည်းရှိပေသည်။ သို့သော် 2017/2018 model ကားများထိ Boxer engine များ ဆက်လက် ထုတ်လုပ်သုံးစွဲနေသည်ဖြစ်ကြောင်းဖြင့်။

Source:Lin Htet (EEM)

Read 451 times