Bosch ကနေ Electric ကားတွေ အတွက် အသစ် ဖန်တီး မိတ်ဆက်လိုက်တဲ့ Braking Booster Actuator အကြောင်း Sharing လုပ်ပေးပရစေ ၊ ဂျာမနီ နာမည်ကျော် Bosch ဟာ US Electric Car Company ( Tesla ) အတွက် Braking system အတွက် အထောက်ကူ ဖြစ်စေမဲ့ ပစ္စည်း တစ်မျိုးကို 2005 ခု မတိုင်ခင်ကပင် စတင်ဖန်တီးခဲ့ပါတယ် ၊ အဓိကကတော့ ဇိမ်ခံကားအမျိုးစားတွေ ဖြစ်တဲ့ Hybrid ကားတွေနဲ့ Electric ကားတွေအတွက် Brake power ကို အထူး တိုးတက်စေရန် ရည်ရွယ်ချက် နဲ့ ထုတ်လုပ်ခဲ့တာပါ။
ဒီ iBooster ကို တီထွင်တဲ့ ရည်ရွက်ကတော့ Safety ၊ Braking power ၊ Comfortable အတွက်ပဲ ဖြစ်တယ် ... ECU လို့ ခေါ်တဲ့ Control Unit ပါတဲ့ အတွက်သူကို Actuator လို့လဲ အကြမ်းဖြင်း ခေါ်နိုင်ပါတယ် ... သူမှာ အဓိကတော့ Hydraulic ဆီနဲ့ အလုပ်လုပ်တဲ့ Master Cylinder ပါမယ် ၊ Oil Tank လေးပါမယ် ပြီးရင် Pedal Travel Sensor လို့ခေါ်တဲ့ နင်းလိုက်တဲ့ Pedal Shaft ရဲ့ အကွာ ဝေးကို sense လုပ်နေတဲ့ sensor လဲ ပါမယ် ၊ Actuator ထဲမှာ Forward နဲ့ Reverse ကစားနေတဲ့ Two Stage Gear Unit လဲ ပါမယ်ပေါ့ ပြီးရင် Gear ကို အလုပ်လုပ်ပေးနေတဲ့ EC motor တစ်လုံူးလဲ ပါပါမယ် ... အရေးကြီးဆုံး Pedal နဲ့ တွဲထားတဲ့ input rod လို့်ခေါ်တဲ့ Brake Pedal Shaft လဲ ပါ ပါမယ်။
သူရဲ့ ပုံစံက Automated Transmission တွေမှာ ပါလေ့ရှိတဲ့ ECA ( Electronic Clutch Actuator ) လိုမျိုး Intelligent Braking System ပါပဲ ... Petrol ကားတွေမှာ ဆိုရင် Acceleration Pedal ရှိပါမယ် ၊ Brake Pedal ပါမယ် .... Manual ဆို Clutch Pedal ပါမယ် ... ဒီ System မှာတော့ Acceleration Pedal ရယ် ၊ Brake Pedal ရယ်ပါတဲ့ အတွက် Braking System ပိုင်းကို အထူး ဖန်တီးထားတဲ့ Intelligent System ကို သုံးထားဖြစ်လို့ Safety အတွက်လဲ စိတ်ချရသလို ... Driver ရဲ့ နင်းတဲ့ အားကို လိုက်ပြီး ပြန်ကန်ထွက်ခြင်း ၊ နင်းရတာ ပျော့စိစိ မနေပဲ အားကို Control Unit ကနေ Sense လုပ်ပြီး ... Pedal Shaft ကို Control လုပ်သွားမှာ ဖြစ်တယ်။
Bosch iBooster ကို ရိုးရိုး ကားတွေမှာ သုံးတာ မတွေ့ရသေးပါ .... Hybird ကားတွေမှာ အသုံးပြုကြတယ်လို့ပြောပေမဲ့ အတည်မပြု ရသေးပါဘူး ၊ လောလောဆယ် Tesla ရဲ့ Model S မှာတော့ iBooster ကို သုံးထားပါတယ် ၊ ဒီလို Intelligent Brake တွေဟာ Model မြင့် ကားတွေမှာ ဆို အထူးလိုအပ်ပါတယ် အထူးသဖြင့် Electric ကားတွေမှာဆိုရင် သူရဲ့ အမြန်နှုန်းနဲ့ သွတ်လပ်မှုက Engine ကားတွေထက် သာပါတယ် ... No Fuel ၊ No emission ဖြစ်တဲ့ အတွက် သဘာဝ ပတ်ဝန်ကျင်ကို ထိခိုက်မှု နည်းစေပါတယ် ...ဒီလို ဇိမ်ခံကားတွေမှာ iBooster ကို သုံးပါတယ် ... Innovative Techanology ဖြစ်တဲ့ အတွက် နောက်ပိုင်း ကားတွေမှာတော့ ပါလာနိုင်ပါတယ်။
iBooster ရဲ့ အဓိပ္ပါယ်ကတော့ Brake power ကို Boost လုပ်မှာ ဖြစ်တယ် ... သာမာန်ကားတွေမှာဆို ဖြစ်လေ့ရှိတာက Brake နင်းလိုက်ရင် Brake Pedal က မိတာ ၊ မမိတာထက် မာနေတာမျိုး ... Brake က မမိဘူး ၊ နင်းတာက ဆုံးသွားပြီ ... Brake ကို ဖြည်းဖြည်း နင်းပြီး Brake က များများ မိနေတာ မျိုးတွေ ကို အထူးသက်သာသွားပြီး Brake နင်းရတာ သက်တောင့် သက်တာ ရှိစေမှာပါ ... ပြီးရင် Adaptive Cruise Control ( ACC ) လုပ်နေတဲ့ အခြေ နေတွေဆိုရင် Brake က သူဟာသူ အလုပ်လုပ်နေမှာ ဖြစ်တယ် ... ACC ဆိုတာ ကားတွေမှာ အလိုလျောက် အလုပ်လုပ်တဲ့ စနစ်တစ်ခုပါ ... တစ်ခုလေးပဲ ပြသနာ ရှိတာက ECU ကနေ Control လုပ်တဲ့ စနစ် တစ်ခု ဖြစ်လို့ ... Dashboard မှာ iBooster Malfunction တော့ ပေါ်တက်ပါတယ် .. စကားမစပ် ABS လဲ ဒီစနစ်မှာ ပါပါတယ် ... သူက အရင်ထက် ပိုကောင်းအောင် Braking power အတွက် Brake Pedal နေရာမှာ Intelligent Actuator ကို အစားထိုး သုံးလိုက်တာ ဖြစ်ပါတယ်။
Source:Y.M.T(Facebook.com)