ဂျာမနီနိုင်ငံအခြေစိုက် BORGWARD ၏ SUV Model များအား မြန်မာနိုင်ငံတွင် တရားဝင် မိတ်ဆက်


မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာသော မော်တော်ကားကဏ္ဍတွင် BORGWARD သည် မြန်မာနိုင်ငံ၌ တရားဝင် ဖြန့်ချီခွင့်ရသူ Go Excellant Myanmar Co,Ltd နှင့်အတူ နောက်ဆုံးပေါ်ထုတ်ကုန်ဖြစ်သော Sport Utility Vehicle (SUV)ကားမော်ဒယ်များကိုမိတ်ဆက်ခြင်းဖြင့် တရားဝင်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

BORGWARD သည် ရန်ကုန်မြို့၊သုဝဏ္ဍဘူမိ Event Patk တွင် နိုဝင်ဘာ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည့် မြန်မာ မော်တော်ကားပြပွဲ၌ နောက်ဆုံးပေါ်ထုတ်ကုန်များဖြစ်သော BX7, BX7 TS နှင့်BX5 SUVs ကားများကို ပြသသွားမှာဖြစ်ပါတယ်။

BX7 မှာ Red Dot Design သတ်မှတ်ထားပြီး  Plus X Ward ဆုများကို ရရှိထားသည့် ခေတ်မှီပြီး ကိုယ်ထည်ကျယ်ဝန်းသော BX7 ကားများသည် အလျား ၄.၇၁ စင်တီမီတာရှည်ပြီး အမြင့်မားဆုံး သက်တောင့်သက်သာရှိမှု့ကို ခံစားရစေမှာဖြစ်ပါတယ်။ သုံးစွဲသူ၏ နှစ်သက်မှု့အပေါ်မူတည်ပြီး ၅ယောက်စီးနှင့် ၇ ယောက်စီးများကို ကျယ်ဝန်းသော အတွင်းပိုင်းပြင်ဆင်မှုများနှင့်အတူ ဘီးအားလုံးမောင်းနှင်နိုင်သောစံနစ်ဖြင့် မှာယူနိုင်မည်ဖြစ်ပါတယ်။

BORGWARD BX7 BX7 TS သည် ခေတ်မီ နည်းပညာနှင့်အတူ ကုမ္ပဏီအမှတ်တံဆိပ် တန်ဖိုးများထဲမှ အောင်မြင်သောပေါင်းစီးမှု၏ ထင်ဟပ်မှုတစ်ခုဖြစ်ပါတယ်။ကြံ့ခိုင်ပြီး ကျယ်ပြန့်သည့် ဘေးခြမ်းများပါရှိခြင်းသည် BX7 BX7 TS ကားသစ်၏ စွမ်းအင်ကို မြှင့်တင်ပေးပြီး အကန့်အသတ်မရှိ အမြန်မောင်းနှင်နိုင်ခြင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။

BX5 ကို ငယ်ရွယ်တက်ကြွပြီး သပ်ရပ်ကြော့မော့သော(Y.E.S-Young, Energetic and Smart) ယာဉ်မောင်းသူများကို ရည်ရွယ်ထားသည့် BX5 မှာ ထူးခြားသည့် ဂျာမန်နည်းပညာများဖြင့် စွမ်းအင်၊ညီညွတ်မှုနှင့် ပညာသားပါမှုကို ဟန်ချက်ညီရောနှောထားပါတယ်။ ပိုမိုနုပျိုဖျတ်လက်သော သွင်ပြင်နှင့်အတူ ယခုမော်ဒယ်တွင် BORGWARD ၏ wing-line ဒီဇိုင်းကို ထည့်သွင်းထားပါတယ်။ ၁.၄ တိုက်ရိုက်ဆီပန်းစံနစ် တာဘိုအင်ဂျင်နှင့် အံဝင်ခွင်ကျ ထည့်သွင်းထားသောကြောင့် စွမ်းအင်ချွေတာခြင်း၊အသံဆူညံမှု့၊တုန်ခါမှု့နှင့် ကမောက်ကမဖြစ်မှု့များ(NVH)ကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ 

Go Excellent Myanmar Co,Ltd ၏ ဒါရိုက်တာ ဦးအောင်မိုးထွန်းက "မြန်မာနိုင်ငံက သုံးစွဲသူများအနေနဲ့ မော်တော်ယာဉ်အမျိုးအစား အကြောင်းတွေကို သိကြပြီးသားဖြစ်မှာပါ။ခေတ်မှီကျော့ရှင်းတဲ့ SUV model တွေနဲ့အတူ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ သုံးစွဲသူ အခိုင်အမာ ရရှိနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်"ဟုပြောကြားခဲ့ပါတယ်။

မော်တော်ယာဉ်များတွင် BORGWARD ၏ ထူးခြားသော ဒီဇိုင်းဘာသာစကား အသံပါဝင်ထားပြီး စံနမူနာဒီဇိုင်းသည် သပ်ရပ်ကြော့မော့သော wing-line ပုံစံများ၊ထောင့်ရှစ်ခုပါသော ပြတင်းပေါက် သံတိုင်တစ်ခုနှင့် အလယ်ဗဟိုအမှတ်အသားအဖြစ် စိန်ပုံသဏ္ဍာန် ထူးခြားသည့်သွင်ပြင်ပါရှိပါတယ်။


BORGWARD ၏မော်တော်ယာဉ်အားလုံးမှာ ပထမတန်းစားအဖြစ် ကိုယ်စားပြုထားပြီး သုံးစွဲသူများအတွက် ယာဉ်မောင်းနှင်နေစဉ်မှာ အမြင့်ဆုံးတည်ငြိမ်မှု့နှင့် သင့်လျော်မှု့ရှိစေရန် ဒီဇိုင်းရေးဆွဲထားခြင်းလည်းဖြစ်ပါတယ်။

Read 1542 times